ငါးမန်းကြောင့်လည်း အင်တာနက်လိုင်း ကျတတ်သည်

ဗြိတိန်နိုင်ငံရဲ့ ပင်လယ်ရေပိုင်နက်မှာ တွေ့ရှိခဲ့တဲ့ မှတ်တမ်းတစ်ခု ဖြစ်ပါတယ်။ ငါးမန်းဖြူမျိုး မှ တစ်ကောင်ဟာ ပင်လယ်ရေအောက် အင်တာနက် ဖိုက်ဘာ ကေဘယ်ကို ကိုက်ဖြတ်နေခြင်း ဖြစ်ပြီး ငါးမန်းဟာလည်း အင်တာနက် လိုင်း ပျက်ရတဲ့ တ ရားခံ များထဲမှာ တစ်မျိုး အဖြစ် ပါဝင်လာခြင်း ဖြစ်ပါ တယ်။

Google ရဲ့ ရေအောက် အင်တာနက် ဆက်သွယ်ေ ရး ကြိုးကို ကိုက်ဖြတ်ခြင်း ဖြစ်ပါတယ်။ ၁၉၈၅ ခုနှစ် တုန်းကလည်း ယင်းကဲ့သို့ အလားတူ ဖြစ်ရပ်ကြုံေ တွ့ခဲ့ဖူးပြီး အင်တာနက်လိုင်း ပြတ်ခဲ့ကြ ပါတယ်။ အဲ့တုန်းက ငါးမန်းကို ကိုက်ဖြတ်ခြင်း ဖြစ်ကြောင်း ပြောဆိုေ ပမယ့် ဒါကို လက်မခံတဲ့ သူများလည်း ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ယခုတော့ ရေအောက် ကင်မရာများ ထား ရှိပြီ ဖြစ်တာကြောင့် ငါးမန်းက ကိုက်ဖြတ်တယ် ဆိုတာကို ဗီဒီယို မှတ်တမ်းနဲ့ လွယ်တကူ သိရှိနိုင် ခဲ့ခြင်း ဖြစ်ပါတယ်။

ရေအောက် ဖိုက်ဘာ အင်တာနက် ဆက်ကြောင်းများနဲ့ ကမ္ဘာတစ်ဝန်း အင်တာနက် ရရှိဖို့ ပြုလုပ် ကြခြင်း ဖြစ်ပြီး ဒီအတွက် ကုန်ကျစရိတ်လည်း မနည်း ပါဘူး။ အသားလို အနံ့လည်းမရတဲ့ ကြိုးကို ကိုက်ဖြတ်ပြီး လူတွကို ဒုက္ခပေးရလောက်အောင် ငါးမန်းတို့ ဥာဏ်ပြေးနေပြီလားဆိုတာ မေးခွန်းထုတ် စရာ ဖြစ်ခဲ့ ပါတယ်။

အောင်ခမ်း (ရိုးရာလေး)

မှတ်ချက်များ