တောင် ပေါ်မှာ ချစ်သူကို ရိုမက်တစ်ဆန်ဆန် ပရိုပို့စ်ရင်းက တောင်အောက်သို့ပြုတ်ကျသေဆုံး
စေ့စပ်ပြီးသား စုံတွဲတစ်တွဲရဲ့ ရိုမန်းတစ်ဆန်တဲ့ အချစ်တစ်ခန်းရပ် ဇာတ်လမ်းလေးက ဇာတ်သိမ်းလေး မလှ ခဲ့ရှာပါဘူး။ စေ့စပ်ထားတဲ့ ချစ်သူကို ရိုမန်းတစ်ဆန်ဆန် ပရိုဖို့စ် ပျော်ရွှင်စရာ ဖန်တီးပေးရင်းနဲ့ ချစ်သူအမျိုး သားတောင်အောက်ထဲကို ပြုတ်ကျသေဆုံး သွားခဲ့တာပဲဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုက လူလည်ပတ်မှုအများဆုံး အပန်းဖြေဥယျာဉ်တစ်ခုဖြစ်တဲ့ ရော့စမိုက် အမျိုးသား အပန်းဖြေဥယျာဉ်ထဲက တူလူမီနင်း မြက်ခင်းစိမ်းဧရိယာရဲ့ အပျော်တမ်းတက် တောင်စောင်းတစ်ခုပေါ်ကို အသက် ၃၆ နှစ်အရွယ် ၀ါရင့်တောင်တက် သမား ဘရက်ပတ်ကာက ချစ်သူကောင်လေး ဂျန်နီးဒီရယ်နဲ့အ တူတက်ခဲ့ကြပါတယ်။
တောင်တက်သမားဘ၀တစ်လျှောက်လုံးမှာ တောင်တွေကို ကျွမ်းကျွမ်းကျင်ကျင် တက် နိုင်ဖို့ကိုပဲ အာရုံ ထားနေခဲ့ ရာ အခုလိုတောင်ပေါ်မှာ အခြားစိတ်ချမ်းမြေ့ဖွယ်ရာတွေကို ပြုလုပ်ဖို့ စိတ်ကူးရသွားနေရာကနေ ဘ၀တစ်သက်တာအတွက်မေ့မရနိုင်တဲ့ အမှတ် တရပျော်စရာတွေကို နှစ်ယောက်သားလုပ်ရင်းနဲ့ တစ်ေ တာင်ချင်းစီတစ်ဦးတည်း တက် သွားခဲ့ရာမှ မတော်တဆ ပေငါးရာ အမြင့်ရှိတဲ့ တောင်ပေါ်ကနေပြုတ်ကျ သွားခဲ့ခြင်း ပဲဖြစ်ပါတယ်။
ထိုသို့ ပြုတ်ကျသွားတာကို မြင်လိုက်တဲ့ အခြားတောင်တက်သမားတွေ မြင်ခဲ့ကြပြီး ပြုတ်ကျသွားတဲ့ နေရာ ကို ကယ်ဆယ်ရေးအဖွဲ့ သွားရောက်ကယ်ဆယ်ခဲ့ချိန်မှာတော့ ဘရက်ပတ်ကာမှာ ဒဏ်ရာပြင်းထန်စွာနဲ့ သေဆုံးသွားခဲ့တာပဲဖြစ်ပါတယ်။
phothutaw

မှတ်ချက်များ