မွန်ပြည်နယ် ရေးမြို့နယ် ဇီးဖြူသောင်ကျေးရွာရဲကင်းမှ ကိုယ် ပိုင်အမှတ် လ/၂၂၆၉၄၅ ရဲတပ်သား အောင်ကိုမြင့် အသက် (၂၆)နှစ်(ဘ)ဦးသန်းမြင့်သည် ယခု လ၂၁ရက် ည ၆နာရီခွဲက ရဲကင်း စခန်းရှိ နေအိမ် လိုင်းခန်း အိပ်ရာ တွင် လည်မျို သေ နတ်ထိမှန် ဒဏ်ရာဖြင့် သေနတ်ပိုက်၍ သေဆုံး နေသည်ကို ရဲကင်းမှူး ဒုရဲအုပ် ဇော်မျိုးဦးက တွေ့ရှိခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ် သက်၍ ဒုရဲအုပ်ဇော်မျိုးဦးက ရေး မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်သော် ထံ သတင်းပေးပို့ခဲ့ရာ ရဲမှူး မြင့်
သော်နှင့်အဖွဲ့က သွားရောက် စစ်ဆေးစဉ် ရဲတပ်သား အောင်ကို မြင့်သည် လည်မျို ကျည်ဝင်၊ ဦးခေါင်း
နောက်စေ့ ကျည်ထွက် ဒဏ်ရာဖြင့် သေနတ်ပိုက်လျက် သေဆုံးနေပြီး အနီး၌ အမ်-၂၂ ကျည်ခွံတစ်ခု၊ လီယိုဘီယာ ဘူးခွံ သုံးဘူး၊ သောက်လက်စ လီယို ဘီယာဘူးတစ်ဘူး၊ ဝဋ်ကြွေးရှိရင် ဒီဘဝဒီမျှနှင့် သာ ကျေပါစေ ဘုရားဟု ရေးသားထားသည့် စာ တစ်စောင်တို့ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
ရဲတပ်သား အောင်ကို မြင့်သည် ဘီးလင်းမြို့နယ် ဇုတ် သုတ်ကျေးရွာ ဇာတိဖြစ်ပြီး အဝေး သင် တက္ကသိုလ် ဒုတိယနှစ် (သမိုင်း) တက်ရောက်နေသူ ဖြစ် ကြောင်းနှင့် ဖြစ်စဉ်အပေါ် ရေး မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက စုံခုံဖွဲ့ စစ်ဆေးရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
ကိုကိုဇော် | The Union Daily

မှတ်ချက်များ