မ .ထ.သ ယာဉ်လိုင်းသို့ ခရီးသည်များမှ တိုင်ကြားစာပေါင်း ၇၀၀ တိုင်ကြား

ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်လုပ် ငန်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ မ.ထ.သ (ဗဟို)သို့ ခရီးသည်များမှ ယခုနှစ်ဇန်န ၀ါရီမှ သြဂုတ် ၁၉ ရက်အထိ တိုင်ကြားစာပေါင်း ၇၀၀ တိုင်ကြားခဲ့ပြီး ယာဉ်စီးခ ပိုမိုတောင်းခံသည့် တိုင်စာမှာ အများဆုံးဖြစ်ကြောင်း မ.ထ.သ(ဗဟို)မှ စုံစမ်းသိရှိရသည်။

ခရီးသည်တင်ယာဉ်လိုင်းများမှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ၏ စည်းကမ်းမဲ့မောင်းနှင်မှု၊ မချေမငံ ဆက်ဆံမှုများကို လိုင်းကားစီး ခရီးသွားပြည် သူများမှ တိုင်စာအပြင် ဖုန်းဖြင့်လည်း မ.ထ.သ(ဗဟို)သို့ တိုင် ကြားမှုများရှိကြောင်း သိရသည်။

မ.ထ.သသို့ ခရီးသွားများမှ တင်ပြသည့် တိုင်စာ ၇၀၀ တွင် ယာဉ်စီးခပိုမိုတောင်းမှု ၄၁၂ ခု၊ မချေမငံဆက်ဆံ မှု ၁၂၇ ခု၊ သတ်မှတ်လမ်းကြောင်းမမောင်းခြင်း ၂၇ ခုနှင့် သတ်မှတ်မှတ်တိုင်မရပ်ခြင်း ၄၉ ခုရှိကြောင်း သိရ သည်။

“ယာဉ်လုပ်သားတွေ စည်းကမ်းပျက်လို့ အရေးယူတဲ့အခါတိုင်း ဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ထားတဲ့ ၁၃၈ ချက်နဲ့ ကိုက်၊ မကိုက်ကြည့်ပြီး အရေးယူတာရှိတယ်။ ယာဉ်စီးခ ပိုမိုတောင်းခံတာမျိုးဆိုရင် ဒီ ၁၃၈ ချက်ထဲက သတ်မှတ်ထားတဲ့ပြစ်ဒဏ်အတိုင်း အရေးယူပြီး ယာဉ်တိုက်မှုဖြစ်ပွားတာမျိုးဆိုရင် သက်ဆိုင်ရာ ယာဉ်ထိန်းရဲဌာနနဲ့ ပူးပေါင်းပြီး မော်တော်ယာဉ်ဥပဒေအရ အရေးယူတာလည်း ရှိပါတယ်” ဟု မ.ထ.သ (ဗဟို)ဥက္ကဋ္ဌ ဦးလှအောင်က သြဂုတ် ၂၁ တွင် The Daily Eleven သို့ ပြောကြားသည်။

မ.ထ.သ(ဗဟို) လက်အောက်တွင် လက်ရှိစာရင်းအရ ယာဉ်လိုင်း ၃၇၀ ရှိပြီး ယာဉ်အစီးရေ ၆၅၀၀ ကျော်
ပြေး ဆွဲလျက်ရှိကြောင်း သိရသည်။

ရန်မျိုးအောင် | EMG

မှတ်ချက်များ