တရုတ်နိုင်ငံတွင် ကိုယ့်ချစ်သူအား အိတ်အတု လက်ဆောင်မပေးပါနှင့်


တရုတ်နိုင်ငံမှာ အတုတွေက အလွန်ပေါပါတယ်။ သူတို့နိုင်ငံသားတွေတောင် ဘယ်ဟာအတု ဘယ်ဟာအ စစ်မှန်း မသိကြပါဘူး။ဒီလိုအခက်အခဲတွေအတွက် ဘေဂျင်းမြို့မျာluxury good appraiser ( ဇိမ်ခံပစ္စည်းအ ကဲဖြတ်သမား) ဆိုတဲ့ လူတွေရှိပါတယ်။

သူတို့တွေက ကျောက်ကြည့်သလို ဒီပစ္စည်းဟာ အတုလား အစစ်လား ဆိုတာကို အကဲဖြတ်ပေးတာဖြစ်ပါ တယ်။လက်ရှိ ဘေဂျင်းမြို့မှာ ဇိမ်ခံပစ္စည်း အကဲဖြတ်ပွဲတစ်ခုကို ကျင်းပနေပြီး ပုံပါ အဖြစ်အပျက်ကတော့ People’s Daily က ဖော်ပြခဲ့တာဖြစ်ပါတယ်။


တရုတ်ဆိုရှယ်ဝက်ဘ်ဆိုက် Weiboမှာ ပျံ့နှံ့နေတဲ့ အကြောင်းတစ်ခုလည်းဖြစ်ပါတယ်။ရည်းစားဖြစ်သူဟာ နိုင်ငံခြားက ဝယ်လာတာလို့ ပြောထားတာကြောင့် ဒီအိတ်က အတုဖြစ်မယ်လို့ မိန်းကလေးဖြစ်သူက မမျှော် လင့်ထားဘူးလို့ဆိုပါတယ်။

ဒါပေမဲ့ ဘေဂျင်းက အကဲဖြတ်သမားတွေဆီမှာ ဝင်ပြတဲ့အခါ အတုမှန်းသိခဲ့ရပါတယ်။ဒါကြောင့် ဒေါသတွေ ထွက်လာတဲ့ သူမဟာ စိတ်မထိန်းနိုင်ဘဲ အိတ်အတုနဲ့ အကဲဖြတ်သမားတွေရှေ့မှာပဲ ကောက်ထု ပါတော့ တယ်။

တရုတ်နိုင်ငံရဲ့ဈေးကွက်အတွင်းမှာ ပစ္စည်းတွေဟာ အတုအစစ်ခွဲခြားဖို့ ပိုပိုပြီးခက်ခဲလာတာကြောင့် အကဲဖြတ်လုပ်ငန်းဟာ လူတွေသဘောကျတဲ့ အမျိုးစားဖြစ်လာ နေပါတယ်။

Phothutaw

မှတ်ချက်များ