စိတ်မကောင်း ဖြစ်နေရတဲ့ ပက်ထရစ်ရှာ

Photo မော်ဒယ်တစ်ဦး ဖြစ်သည့် ပက်ထရစ်ရှာက Miss Myanmar World ပြိုင်ပွဲသို့ ၀င်ရောက် ယှဉ်ပြိုင် ခြင်းကြောင့် ပြိုင်ပွဲဝင်အချို့ နုတ်ထွက်သွားခြင်းကို စိတ်မကောင်းဖြစ် ရကြောင်း ပြောသည်။

ညီမက ဒီပြိုင်ပွဲကို ပြိုင်ပြီ ဆိုကတည်း က ညီအစ်မတွေလိုပဲ သဘောထားပါတယ်။ အပြိုင်အဆိုင်လည်း မထားဘူး။ ကိုယ် ကြိုးစားရင် ကိုယ် ရမယ်။ ကိုယ်အရည်အချင်းရှိရင် ကိုယ်ရ မယ်။ ဒီလိုပဲ သဘောထားတယ်။ ဟို လူပါလို့ ဒီလူပါလို့ ထွက် သွားကြတယ်လို့ ကြားတော့ စိတ်မကောင်းဘူး။ ညီမကြောင့် ဒီလိုဖြစ်တယ် ဆိုတော့ စိတ်မကောင်းပါဘူး။ နာမည်ကြီး တစ်ယောက် ၀င်ပြိုင်တယ် ဆိုပြီးတော့၊ ကိုယ့်ကြောင့်နဲ့တော့ အဲလိုမျိုးကြီး မဖြစ် စေချင်ပါဘူး။ 

ဒီပွဲကို ၀င်ပြိုင်တာ ကောင်းကျိုးကတော့ ညီမအတွက် အတွေ့အကြုံ တွေရမယ်။ ပရိသတ်တွေ ကလည်း ၀င်ပြိုင်စေ ချင်တယ်။ ဆိုကျိုးက တော့ နာမည်ကြီးပြီး ဘာလို့ဝင်ပြိုင်တာ လဲ ဆိုပြီးတော့ အပြောခံရတယ်။ ဒါက နာမည်ကြီးတယ် ဆို တာနဲ့လည်း မဆိုင်ပါဘူး။ နာမည်ကြီးလို့ ၀င်ပြိုင် တာလည်း မဟုတ်ပါဘူး။ ကိုယ့်အရည်အချင်းနဲ့ ကိုယ်လုပ် နိုင်တဲ့ ကြိုးစားမှုနဲ့ အများကြီးဆိုင်ပါတယ်။ 

ညီမရဲ့ လက်ရှိ အနေအထားကလည်း နာမည်ကြီး နေတာလည်း မဟုတ်ပါ ဘူး။ ညီမ လိုချင်တဲ့ ပန်းတိုင်ကို လုံးဝ မရောက်သေးဘူး။ ညီမက ပြိုင်ပွဲ မပြောနဲ့ ရှိုးပွဲတောင်မှ တော်တော်ရှောင်တယ်။ ညီမ လျှောက်တဲ့ ရှိုးပွဲဆို လက်ချိုးရေတွက် လို့ရတယ်။ ညီမက စတိတ်ကြောက်တယ်။ စတိတ်ပေါ်မှာ လမ်းလျှောက်ရင် စိတ် လှုပ်ရှားတယ်။ 

အခုလိုပြိုင်ပွဲဆို တော့ အဲဒါတွေထက်အဆ ပေါင်းများစွာ ပိုရင်ခုန်တယ် ဟု ပက်ထရစ်ရှာက ပြောသည်။ ပက်ထရစ်ရှာက Miss Myanmar World ပြိုင်ပွဲကို ပရိသတ် များ၏ အားပေးမှုကြောင့်သာ အရဲစွန့်ပြီး ပြိုင်ရမည် ဖြစ်ကြောင်း ပြောသည်။

Messenger

မှတ်ချက်များ