အမြန်လမ်း မတော်တဆမှု ဧပြီတွင် အများဆုံးဖြစ်

မေလ ၁၆ ရက်က နေပြည်တော်-ရန်ကုန်သို့ ပြေးဆွဲနေသည့် ရာဇာမင်း အဆင့်မြင့်ခရီးသည်ယာဉ် တိမ်းမှောက်အပြီး တွေ့ရစဉ်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် တောင်ပြာတန်း ခရီးသည်တင်ယာဉ်နှင့် ကိုယ်ပိုင်ယာဉ်တို့ ယာဉ် မတော်တမှုဖြစ်ပွားခဲ့သည့် ဧပြီလသည် ၂၀၁၄ ခုနှစ်အတွင်း ယာဉ်မတော်တဆမှုများတွင် သေဆုံးမှု အများ ဆုံးဖြစ်ပေါ်ခဲ့သည့် လဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံး၏ စာရင်းဇယားများက ဆိုသည်။

အမြန်လမ်းတွင် ၂၀၁၄ ခုနှစ် ဇန်န၀ါရီ လမှ ဇူလိုင်လအထိ ဖြစ်ပွားခဲ့သော ယာဉ်မတော်ဆမှုများအနက် ဧပြီလအတွင်း ယာဉ်တိုက်မှုအကြိမ် ၆၀ ဖြစ်ပေါ်ခဲ့ပြီး လူသေဆုံးမှု ၃၃ ဦးနှင့် ဒဏ်ရာရရှိသူ ၁၃၉ ဦး ရှိခဲ့ သည်။

အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ ဒု-ရဲအုပ် ဦးစိုးဝင်းက “ယာဉ်မောင်းပေါ့လျော့မှုကြောင့် ဖြစ်တာ များပါတယ်။ အများအားဖြင့်ကတော့ သတ်မှတ်အရှိန်ထက် ပိုမောင်းတာပေါ့။ သတ်မှတ်ကီလိုက ၁၀၀ အထိ ပဲ မောင်းခွင့် ပေးထားတာပါ။ နေ့နဲ့ ညက ယာဉ်မတော်တဆ ဖြစ်ပွားမှုနှုန်းက အတူတူလောက်ပါပဲ” ဟု ပြောသည်။

ယာဉ်အရှိန်ကျော်လွန် မောင်းမှု၊ ယာဉ်စည်းကမ်းဖောက်ဖျက်မှုများအတွက် ရွေ့လျား ကင်မရာနှစ်ခုဖြင့် ဖမ်းဆီးလျက်ရှိပြီး ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီမှ သြဂုတ် ၂၆ ရက်အထိ ယာဉ် ၅၀၀ ကျော်ရှိသည်ဟု မှတ်တမ်း များကို ကိုးကား၍ ၎င်းက ပြောသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် အလုပ်ကိစ္စဖြင့် ခရီးသွားလေ့ရှိသူ ကိုမင်းသန့်မောင်က “ကားသ မားတွေက အရမ်းမောင်းကြတာ များပါတယ်။ လမ်းကလည်း ဖြူးနေတော့။ အဲ့တာကြောင့် ကားတိုက် မှုတွေဖြစ်တာလည်း ဖြစ်နိုင်ပါတယ်”ဟု ပြောသည်။

၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလမှ ဇူလိုင်လ အထိ ယာဉ်တိုက်မှုစုစုပေါင်း ၂၆၃ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၉၈ ဦး နှင့် ဒဏ်ရာ ရရှိသူ ၄၇၉ ဦး ရှိခဲ့သည်။

ရန်ကုန်-မန္တလေး ခရီးသည်တင်ယာဉ်၏ ယာဉ်မောင်းတစ်ဦးဖြစ်သူ ဦးကိုကိုလေးက “ကားအက်ဆီး ဒန့် ဖြစ်တာတွေက အိမ်မောင်းကားတွေ ဖြစ်တာ များပါတယ်။ သတ်မှတ်ပေးထားတာက ကီလို ၁၀၀ ကို အဲ့တာထက် ကျော်မောင်းကြတာကြောင့် ဖြစ်တာများပါတယ်”ဟု ပြောသည်။

ယာဉ်စည်းကမ်းဖောက်ဖျက်သည့် ကီလို ၁၀၀ အထက် ကျော်လွန်မောင်းနှင်သည့် ယာဉ်များကို ရန်ကုန် ၊နေပြည်တော်၊ မန္တလေးမြို့များရှိ တရားရုံးများတွင် တရားစွဲဆိုကာ ငွေဒဏ်များချမှတ်ခဲ့ပြီး သတ်မှတ် ကီ လိုထက် ပိုမိုမောင်းနှင်သဖြင့် ဒဏ်ငွေ ကျပ် ၁,၅၀၀ ပေးဆောင်ရန်ချမှတ်ခဲ့သည်ဟု ရဲတပ်ဖွဲ့မှူးရုံးမှ သိရ သည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအား ၂၀၀၉ ခုနှစ်၊ မတ်လ ၂၅ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

အမြန်လမ်းမကြီးပေါ်တွင် ရွေ့လျား ကင်မရာ နှစ်လုံးကို ၂၀၁၃ ခုနှစ်၊ ဧပြီလ ၁ ရက်တွင် သုံးလ စမ်းသပ် အသုံးပြုခဲ့ပြီးနောက် အဆိုပါရွေ့လျားကင်မရာဖြင့် စည်းကမ်းဖောက်ဖျက်သည့် ယာဉ်များကို အရေးယူခဲ့ သည်။

mizzima

မှတ်ချက်များ