တောင်အာဖရိကတွင် အမျိုးသားတစ်ဦး လိမ္မော်သီးဖြင့် ပစ်သတ်ခံရ


လိမ္မော်သီးသည် မည်သို့ပင် နူးညံ့ချိုမြိန် ကျန်းမာရေးအတွက် ကောင်းသည် ဆိုသော်လည်း တောင်အာဖရိ ကနိုင်ငံမှ အမျိုးသားတစ်ဦး အတွက်တော့ သေစေနိုင်သည့် လက်နက် ဖြစ်သွားခဲ့ကြောင်း metro အင်တာ နက် သတင်းစာမျက်နှာတွင် ဖော်ပြထားသည်။

တောင်အာဖရိကနိုင်ငံ မြောက်ပိုင်းတွင် ယင်းမတော်တဆမှု ဖြစ်ခဲ့ခြင်း ဖြစ်ကာ လိမ္မော်ခြံ အလုပ်သမားများ စကားများ ရန်ဖြစ်ရာမှ လိမ္မော်သီးဖြင့် မသေမချင်း ပစ်ပေါက်သတ်ခဲ့မှု ဖြစ်ခဲ့ခြင်း ဖြစ်သည်။

ယင်းအမှုနှင့် စပ်လျဉ်းပြီး ခြံလုပ်သား နှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး စစ်ဆေးမှုများ ပြုလုပ်လျက် ရှိသည်ဟု သတင်းများက ဖော်ပြထားသည်။

ပြီးခဲ့သည့် အင်္ဂါနေ့ကတည်းက ယင်းအမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး လူတစ်ဦး အသက်ဆုံးရှုံးသည် အထိ သစ်သီးများဖြင့် မရပ်မနား ပစ်ပေါက်နေခဲ့သည့်အတွက် ဖမ်းဆီးရခြင်း ဖြစ်သည်ဟု ရဲက သတင်း ထုတ်ပြန်ထားသည်။

အခင်းဖြစ်ပွားသည့် မြောက်ပိုင်း ပြည်နယ် လင်ပိုပိုသည် တောင်ပေါ်ဒေသ ဖြစ်ပြီး လိမ္မော်သီးနှင့် အခြား သီးနှံများ စိုက်ပျိုးလေ့ ရှိသည့် ဒေသဖြစ်သည်။

“ကွယ်လွန်သွားတဲ့သူကို သူတို့နှစ်ယောက်က လိမ္မော်သီးတွေနဲ့ စပြီး ပစ်ပေါက်ခဲ့ပြီးတော့ နောက်ဆုံး အသက်ဆုံးရှုံး သွားခဲ့ပါတယ်” ဟု ရဲမှူးကြီး မုတ်ရှီအန်ဂိုပီက ပြောကြားခဲ့သည်။

သေဆုံးသူတွင် မြင်သာသော ဒဏ်ရာဒဏ်ချက်များ မတွေ့ရဘဲ တုံးသော အရာဝတ္ထုများနှင့် ပြင်းထန်စွာ ထိ မိသောကြောင့် သေဆုံးရသည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။

သို့သော် ယင်းသို့ ထင်မြင်ချက်သည် နောက်ဆုံးအဆင့် မှုခင်းဆရာဝန်က ခွဲစိတ်စစ်ဆေးထားသည့် ရလဒ်မ ဟုတ်ဘဲ ယင်းရလဒ်ကို စောင့်ဆိုင်းနေရဆဲ ဖြစ်သည်။

ယင်းအမှုကို ကျူးလွန်သူဟု ယူဆပြီး ဖမ်းဆီးခံထားရသူ နှစ်ဦးမှာ အသက် ၂၇ နှစ်နှင့် ၃၀ အရွယ် နှစ်ဦး ဖြစ် ကြပြီး တီဇန်နီးမြို့အနီးရှိ လိမ္မော်ခြံတွင် အလုပ်လုပ်ကိုင်ကြသည်။

သေဆုံးသူမှာလည်း ၎င်းတို့နှင့်အတူ အလုပ်လုပ်ကိုင်သူ ဖြစ်ကာ မည်သည့် အကြောင်းကြောင့် စကားများ ကြသည်ကိုမူ သေချာစွာ မသိရသေးပေ။

The Voice

မှတ်ချက်များ