မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ယခုလ ၂၅ ရက် ည ၆ နာရီ ၅မိနစ်က သံသုမာလမ်းအတိုင်း ကြက်ဘဲဈေး ဘက်မှ သုဝဏ္ဏလမ်းဆုံ ဘက်သို့ ယာဉ်မောင်း (စုံစမ်း ဆဲ) မောင်းနှင်လာသော ၅---- ကင်တာအ ငှားယာဉ်၏ အမိုးပေါ်တွင် စီးနင်းလိုက်ပါလာသူ ဒဂုံ မြို့သစ် (ဆိပ် ကမ်း) မြို့နယ်နေ ကိုနေလင်းအောင်သည် ကြက်ဘဲ
ဈေး ဝင်ထွက်ပေါက်ရှေ့အရောက် သံသုမာလမ်းပေါ် မှ ဖြတ်၍ သွယ်တန်း ထားသော ဆက်သွယ်ရေးကြိုး
ဖြင့် ချိတ်မိကာ ယာဉ်ပေါ်မှ ပြုတ်ကျ သွားခဲ့ပြီး ယာဉ်မောင်းမှာ ယာဉ်ကိုမောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ်ပေါ်မှပြုတ်ကျခဲ့သော ကိုနေလင်းအောင်တွင် လည်ပင်း၊ ယာနားထင်၊ ယာလက်ကောက်ဝတ် တို့တွင် ဖူးရောင် ညိုမည်းဒဏ်ရာများ၊ ယာနံဘေးပွန်းပဲ့ဒဏ်ရာတို့ရရှိခဲ့ပြီး ရန်ကုန် ဆေးရုံကြီးတွင် အတွင်း လူနာ(မစိုးရိမ်ရ) အဖြစ် တင်ပို့ကုသခဲ့ရသဖြင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်းကို မင်္ဂလာတောင် ညွန့် မြို့မရဲစခန်းက ယာဉ်(ပ)၂၈/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၃၃၈/၂ဝ၂ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
မောင်စိန်ဝင်း | The Union Daily

မှတ်ချက်များ