အကတိုက်နေစဉ် နစ်ကီမင်နိုင်း၏ အကသမား ခြောက်ပေခန့်ရှည်သော မြွေကိုက်ခံရ


အဆိုတော် နစ်ကီမင်နိုင်း၏ နောက်ခံအကသမားတစ်ဦးသည် MTVတေးဂီတဗီဒီယိုဆုပေးပွဲ ဖျော်ဖြေတင် ဆက်မှုအတွက် အ ကတိုက်နေစဉ် ခြောက်ပေခန့် ရှည်သော မြွေကြီးတစ်ကောင် ကိုက်ခြင်းကို ခံခဲ့ရသည်။

နစ်ကီမင်နိုင်းသည် သြဂုတ် ၂၄ ရက်ညတွင် ကျင်းပမည့် MTV တေးဂီတဗီဒီယိုဆုပေးပွဲ၌ ၎င်း၏ သီချင်း သစ် Anaconda (အန်နာ ကွန်ဒါမြွေ)ဖြင့် ပါဝင်ဖျော်ဖြေရန် အစီအစဉ်ရှိသည်။

နစ်ကီမင်နိုင်းနှင့် ၎င်း၏ အကသမားများသည် လာမည့် ဖျော် ဖြေပွဲအတွက် စတိတ်စင်ပေါ်၌ ခြောက်ပေခန့် ရှည်သော မြွေကြီး နှင့်အတူ အကတိုက်နေစဉ် အမျိုးသမီးအကသမားတစ်ဦးကို ယင်း မြွေကြီးက ကိုက်ခဲ့
ခြင်းဖြစ်ကြောင်း နှင့် ယင်းအကသမားကို လော့စ် အန်ဂျလိစ်မြို့ ဆေးရုံတစ်ရုံသို့ ပို့ လိုက်ကြောင်း TMZ သတင်းက ဖော်ပြသည်။

MTV တေးဂီတဗီဒီယိုဆုပေးပွဲ ဖျော်ဖြေတင်ဆက်မှုတွင် ယင်း မြွေကြီးကို အသုံးပြုမည်၊ မပြု မည်မှာ မရှင်း လင်းသေးပေ။

7 Day

မှတ်ချက်များ