ဓမ္မစေတီ ခေါင်းလောင်းနဲ့ သတင်းအစအနများ

ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရေး လုပ်နေတဲ့ ကိစ္စမှာ သတင်းတွေ ကလည်း အမျိုးမျိုး အဖုံဖုံ။ အခုနောက်ဆုံး အွန် လိုင်းမှာ လူပြော များနေတဲ့ကိစ္စကတော့ တူမောရိုးဂျာနယ်က ရေးထားတဲ့ ကျပ်သိန်း ၅ဝဝ အလှူရှင် အမျိုးသမီးကို နဂါး ဝင်ပူးပြီး သတင်းမထုတ်ပြန်ဖို့
ပြောတဲ့ကိစ္စပါဘဲ။နဂါးက တလောက ဝင်ပူးတုန်းက အမြီးကို သောင် တူးစက်ဖိမိထားလို့ ဆိုတယ်။ အခုတခါ နဂါး ဝင်ပူးပြီး ပြောတာက သ တင်း မထုတ်ပြန်ဖို့တဲ့။

ဒီတော့ နဂါးကလည်း ဆင်ဆာအဖွဲ့ဝင်တဦး ဝင်စားတာလား လို့ ဝေ ဖန်တဲ့သူလည်း တွေ့ရတယ်။ မလုပ်ပါနဲ့ ပြောရင် လူတွေက လုပ်ချင် ကြတာ ဓမ္မတာဘဲ။ ဒါဟာ ပိုပြီးစိတ်ဝင်စားစေဖို့ ဖမ်းစားလိုက်တဲ့ စ ကားစုလည်း ဟုတ်မယ်။

တဆက်တည်း ခေါင်းလောင်းကို တွေ့ပြီဖြစ်ပြီး ကြိုးတွေနဲ့ ဆိုင်းထားကာ သြဂုတ်လ ၂၅ ရက်နေ့ည ၁၂ နာရီ အခါရောက် မှ ခေါင်းလောင်း ဆယ်ယူမှု လုပ်ငန်းစမှာတဲ့။

ဒီကိစ္စတွေက အွန်လိုင်းလောကသားတွေအတွက် နေ့စဉ်နဲ့အမျှ ယုံတမ်းစကားလိုလို၊ ပြောဆိုဝေဖန်မှုတွေ ကို ဖြစ်စေ တဲ့ သတင်းတွေပါဘဲ။

ဓမ္မစေတီခေါင်းလောင်းကြီး ဆယ်ယူရေးလုပ်ကာမှ အွန်လိုင်းပေါ်လည်း ဓမ္မစေတီ၊ လူတွေပါးစပ်ဖျားမှာ လည်း ဓမ္မစေတီ ဖြစ်နေကြတယ်။ ထောက်ခံသူက ထောက်ခံ၊ ကန့်ကွက်သူက ကန့်ကွက် လောကဓမ္မ ပီသပါပေတယ်။

ခေါင်းလောင်းဆယ်ယူရေး အလှူငွေတွေလည်း လက်မနှေးသူတွေရှိ၊ ကမ်းနားတလျှောက် ဈေးသည်တွေ လည်း အလုပ် ဖြစ်၊ သမ္ဗာန်သမားတွေလည်း နေ့တွက်ကိုက်ရုံသာမက ဝမ်းဝ ခါးလှ ရှိကြတယ်။ ဝမ်းသာစရာပါဘဲ။

အသိတယောက်နဲ့ ဒီအကြောင်း စကားစမြည်ပြောတော့ ဓမ္မစေတီဆိုတာကို သူက အဓိပ္ပာယ်ဖွင့်ပြတယ်။ စိတ်ဝင်စားစရာပါ။

ဓမ္မ ဆိုတာ စစ်မှန်ခြင်းတရားလို့ အဓိပ္ပာယ်ရပြီး စေတီ ဆိုတာ တည်ထားခြင်း၊ တည်ဆောက်ခြင်းလို့ အဓိ ပ္ပာယ်ရတယ်တဲ့။ ဒီတော့ ဓမ္မစေတီဆိုတဲ့ အစစ်အမှန်တရား တည်ဆောက်မှုကို ဆယ်ယူကြမှသာ လုပ်ရပ် အမှန်ဖြစ်ပါသတဲ့။

အိမ့်သံစဉ်

မှတ်ချက်များ