အာဖရိကအနောက်ပိုင်းက ဂီနီနဲ့ လိုင်ဘေးရီးယားမှာ တစ်နှစ်ကျော် အလုပ်လုပ်ခဲ့ပြီး မြန်မာပြည်ပြန်ရောက် လာတဲ့ အသက် ၂၂နှစ်အရွယ် လူငယ်တစ်ယောက်ကို Ebolaရောဂါပိုး ကူးစက်ခံရတယ်ဆိုတဲ့ သံသယနဲ့ သြဂုတ် ၁၉ရက်နေ့ညမှာ မြောက်ဥက္ကလာ ဝေဘာဂီဆေးရုံမှာ စမ်းသပ်စစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။
အထူးကြပ်မတ်ကုသမှုဆောင်မှာ ရှိနေတဲ့ ကိုဇင်မင်းဦးရဲ့ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန် လာနေပြီး ငှက်ဖျားရောဂါပိုး ၂မျိုးကို ခံစားနေရတာဖြစ်တဲ့အကြောင်း သတင်းတွေထွက်လာခဲ့ပါတယ်။ လူသေစေတဲ့ Ebolaရောဂါပိုး ကူးစက်ခံရတာ ဟုတ်မဟုတ် အတည်မပြုနိုင်ခင်မှာ မြောက်ဥက္ကလာ ဝေ ဘာဂီဆေးရုံအုပ်ကြီး ဒေါက်တာသန်းသန်းဌေးက လူနာရဲ့နောက်ဆုံးအခြေအနေကို ဖြေကြားဖို့ အထက် အာဏာပိုင်တွေ တားမြစ်ထားတာကြောင့် ခါးခါးသီးသီးပဲ တုံ့ပြန်ငြင်းဆိုခဲ့ပါတယ်။
ကမာရွတ်မီဒီယာရဲ့ မေးမြန်းချက်အပေါ် ဖြေဆိုဖို့ငြင်းဆန်သလို အများပြည်သူသတင်းသိရှိခွင့်အတွက် လုပ်ဆောင်နေတဲ့ သတင်းမီဒီယာတွေကိုလည်း တာဝန်ဝတ္တရားနှောင့်ယှက်တယ်လို့ စွပ်စွဲပြောဆိုခဲ့ပါ တယ်။ မြန်မာအစိုးရ ပြန်ကြားရေးဌာနက အစိုးရဌာနဆိုင်ရာတွေ အများပြည်သူတွေ သိရှိသင့်တဲ့သ တင်းတွေကို ပွင့်လင်းမြင်သာရှိရှိ ဖြေဆိုဖို့ တိုက်တွန်းထားတယ်ဆိုပေမယ့် လူနာရဲ့ရောဂါအခြေအနေ နဲ့ပတ်သက်ပြီး အနီးကပ်ကိုင်တွယ်နေတဲ့ တာဝန်ရှိသူတွေက ခါးခါးသီးသီး တုံ့ပြန်ခဲ့ပါတယ်။
ကျန်းမာရေးဌာနရဲ့ ရောဂါထိန်းချုပ်ရေးက တာဝန်ရှိသူ ဆရာဝန်တွေကလည်း ကမာရွတ်မီဒီယာရဲ့ ဆက် သွယ်မေးမြန်းချက်တွေကို ဖြေဆိုဖို့အကြိမ်ကြိမ်ငြင်းဆန်ခဲ့ကြသလို တရားဝင် သတင်းထုတ်ပြန်မှု ကလည်း ပွင့်လင်းမြင်သာမှုမရှိဖြစ်နေဆဲဖြစ်ပါတယ်။
kamayutmedia

မှတ်ချက်များ