Ice Bucket Challenge ပြီးတော့  သဲတွေ အုတ်ကျိုးတွေ ခေါင်းပေါ်ကို လောင်းချတဲ့ Rubble Bucket Challenge

ကမ္ဘာပေါ်တွင် မကြာသေးမီရက်များအတွင်းက လူသိများလာပြီး ထင်ရှားကျော်ကြားသူများပါဝင်လာ သည့် Ice Bucket Challenge ကို တုပပြီး ဂါဇာဒေသမှ လူသားများက Rubble Bucket Challenge ကို လုပ်ဆောင် ရန် နှိုးဆော် တိုက်တွန်းမှုများ ထွက်ပေါ်လာခဲ့သည်။


ALS အာရုံကြောရောဂါနှင့် ပတ်သက်၍ သတိပေးလှုံ့ဆော်သည့် Ice Bucket Challenge တွင် အားကစား နယ်ပယ်မှ ထင်ရှားသူများဖြစ်သည့် ချယ်လ်ဆီး နည်းပြ မော်ရင်ဟို၊ ဘောလုံးကစားသမား နေမာ၊ မက်ဆီ၊ ဂျွန်တယ်ရီနှင့် ဒေးဗစ်ဘက်ခမ်းတို့ ပါဝင်ခဲ့ကြပြီး နိုင်ငံရေးနယ်ပယ်တွင် အင်္ဂလန်ဝန်ကြီး ချုပ် ဒေးဗစ်ကင်မ ရွန်း၊ ကမ္ဘာ့အချမ်းသားဆုံးသူဌေးများတွင် တစ်ဦးအပါအ၀င်ဖြစ်သည့် ဘီလ်ဂိတ်၊ Facebook တည်ထောင်သူ မာ့ခ်ဇကာဘာ့ဂ်တို့ ပါဝင်ခဲ့ကြသည်။

Ice Bucket Challenge လှုပ်ရှားမှု ဆက်လက်ဖြစ်ပေါ်နေချိန်တွင် ဂါဇာဒေသမှ ပြည်သူများက တိုက်ပွဲ များ
ကြောင့် နေအိမ်များပြိုကျခဲ့ပြီး ဒဏ်ရာ ရ သေဆုံးခဲ့သူများအား မေ့လျော့ခြင်းမရှိစေရန် ပုံးအတွင်း သဲ များ၊ အုတ်ကျိုးများထည့်ကာ ခေါင်းပေါ်မှ လောင်းချသည့် Rubble Bucket Chanllenge တွင် ပါဝင်ရေးအတွက် လှုံ့ဆော်မှုများ လုပ်ဆောင်ခြင်းဖြစ်သည်။


အဆိုပါ လှုံ့ဆော်မှုကို စတင်လုပ်ဆောင်သူများက ၎င်းတို့၏ Facebook စာမျက်နှာတွင် “ဂါဇာဒေသမှာ ဗုံး ကြဲခံရလို့ လူအများအပြား သေဆုံးခဲ့ရတာကို သတိတရရှိစေဖို့ ဒီလှုံ့ဆော်မှုကို လုပ်ဆောင်ခြင်းဖြစ် ပါတယ်။ အားလုံးပါဝင်ကြဖို့ ဖိတ်ခေါ်ပါတယ်” ဟု ရေးသားထားသည်။

ယင်းလှုံ့ဆော်မှုတွင် ပါဝင်လုပ်ဆောင်ခဲ့သူများက ၎င်းတို့ လုပ်ဆောင်မှုများကို ဗီဒီယိုရိုက်ကူးပြီး Youtube တွင် တင်ခဲ့ကြသူများအနက်ူအဘူရာဇန်က “Ice Bucket Challenge ကို ဂါဇာဒေသမှ လှုံ့ဆော်လာ တာ
တွေ့ရတဲ့အခါ ကျွန်တော်တို့လည်း ဒီလိုအလားတူ အစီအစဉ်တစ်ခုလုပ်ဖို့ ကြိုးပမ်းခဲ့ ပါတယ်။ ကျွန်တော် တို့ ရေခဲရှာဖို့ ကြိုးစားခဲ့ပေမယ့် မရခဲ့ပါဘူး။ ကျွန်တော်တို့မှာ ရေမှမရှိတာ။ ရေရှိခဲ့ရင်တောင် လျှပ်စစ်မီးမ ရှိတော့ ရေခဲလုပ်လို့မရတော့ဘူးပေါ့။ ဒါကြောင့် အခြားတစ်နည်းကို ရွေးချယ်ရပါတယ်။ ဒီလိုနဲ့ စဉ်းစား ရှာဖွေကြရင်း သဲတွေနဲ့ အုတ်ကြိုးတွေကို တွေ့ရာကနေ ကျွန်တော် တို့ ကိုယ့်နည်းကိုယ်ဟန်နဲ့ Rubble Bucket Challenge ကို လုပ်ခဲ့ခြင်း ဖြစ်ပါတယ်” ဟု ပြောကြား သည်။

mizzima

မှတ်ချက်များ