James Foley ကိုသတ်တဲ့ အသံပိုင်ရှင်ကို ဖော်ထုတ်ကြဖို့ မွတ်စလင် ခေါင်းဆောင်တွေ ပန်ကြား
အမေရိကန်နိုင်ငံသား စာနယ်ဇင်းသမားဖြစ်သူ James Foley ကို လည်လှီးသတ်ဖြတ်ခဲ့တဲ့ အကြမ်းဖက်သ မားဟာ လန်ဒန်လေယူလေသိမ်းနဲ့ ပြောသွားတဲ့အတွက် အဲဒီလူ ဘယ်သူဖြစ်သလဲဆိုတာကို ဝိုင်းဝန်းဖော် ထုတ်ပေးကြဖို့ ဗြိတိန်နိုင်ငံမှာ နေထိုင်တဲ့ မွတ်စလင်ခေါင်းဆောင်တွေက ပြည်သူတွေကို ပန်ကြားလိုက်ပါ တယ်။
ဗီဒီယိုထဲမှာ စာနယ်ဇင်း သမားကို လည်လှီး သတ်ဖြတ် ခဲ့တဲ့လူဟာ ISIS အဖွဲ့က ဖမ်းဆီး ထားတဲ့ နိုင်ငံခြား သားတွေကို စောင့်ကြပ်ရသူ ဗြိတိန်နိုင်ငံသား သုံးဦးထဲက တစ်ဦး ဖြစ်တယ်လို့ ယူဆနေကြပါတယ်။
အဲဒီလူရဲ့ အသံနဲ့ အမူအယာကို မှတ်မိတဲ့သူ အနေနဲ့ အာဏာပိုင်ကို အကြောင်းကြားဖို့ တာဝန်ရှိ တယ်လို့ ဗြိတိန်နိုင်ငံက မွတ် စ လင် ခေါင်း ဆောင် တွေက ပြောပါတယ်။ အဲဒီလူရဲ့ လေယူလေသိမ်းကို အသံထွက် ပညာရှင်တွေရဲ့ လေ့လာ ချက်အရ လန်ဒန်မြို့ကလူမျိုး ပေါင်းစုံပြော ဆိုတဲ့ လန်ဒန် လေယူ လေသိမ်းဖြစ် တယ်ဆို တာကို တွေ့ခဲ့ရပြီး အဲဒီစကားသံကို လန်ဒန် အရှေ့ပိုင်းက လူတွေ အပြောများတာ ဖြစ်ပါတယ်။
တဆက်တည်းမှာပဲ လန်ဒန်မြို့က လူပေါင်း ၄ ယောက် ကနေ အယောက် ၅၀၀ ဟာ အီရတ်နဲ့ ဆီးရီးယား နိုင်ငံက အကြမ်းဖက် အဖွဲ့အစည်း တွေနဲ့ ပူးပေါင်းမှု လုပ်နေတယ်လို့ လန်ဒန်ရဲတွေက ခန့်မှန်းထားပါတယ်။
အကြမ်းဖက် သမားတွေ ဟာ စာနယ်ဇင်းသမား James Foley ကို ယူရို သန်း ၁၀၀ ဒေါ်လာ သန်း ၁၅၀ နီးပါး နဲ့ညီမျှတဲ့ငွေတွေပေးရင် လွတ်ပေးမယ်လို့ ပြောဆိုခဲ့တယ်လို့ James Foley ရဲ့ အလုပ်ရှင် Global Post သ တင်းဌာနက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အကြမ်းဖက်သမားတွေဟာ သူတို့ဖမ်းဆီးထားသူ အမေရိကန် သ တင်းသမားတစ်ဦးကို ထပ်မံ သတ်ပစ်မယ်လို့လည်း ခြိမ်းခြောက်ထားပါတယ်။
By Europe correspondent Mary Gearin, wires
ABC Radio Australia

မှတ်ချက်များ