ရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ရွှေပြည်သာ မြို့နယ်နေ လျှပ်စစ်နေ့စား ၀န်ထမ်း ကိုကျော်သူရအောင်၊ (၂၇)နှစ်ဖြစ် ပြီး ယာတံတောင်နှင့် လက်မောင်း ပေါက်ပြဲ၊ ၀ဲဘက်ရင်အုံ ပွန်းပဲ့ဒဏ်ရာများရရှိထားသည်ကိုတွေ့ရှိရပါသည်။
ဖြစ်စဉ်အားစုံစမ်းရာ သေဆုံးသူသည် ၁၂၃၀ အချိန်ခန့်က ရွှေပြည်သာမြို့နယ်၊ (ဏ/၁၄)ရပ်ကွက်၊ ဗန္ဓုလ လမ်းနှင့် အောင်သုခလမ်းထောင့်ရှိ ထရန်စဖော်မာ ပုံးအား ဆီရှိ/မရှိဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် ထရန် စဖော်မာပုံးတွင် တပ်ဆင်ထားသော လျှပ်စစ်ကြေးနန်းကြိုးနှင့်ထိမိရာမှ ဓါတ်လိုက်ခံရပြီး ဒဏ်ရာများရရှိခဲ့ သဖြင့် သေဆုံးခြင်းဖြစ်ကြောင်းသိရှိရပါသည်။
၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ရွှေပြည်သာမြို့နယ်၊ လှော်ကားနယ်မြေရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၂၀/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

မှတ်ချက်များ