ဖြစ်ပုံက ဒီလိုပါလို့ ဆိုပါတယ်၊ သူတို့မှာ မxxxxx လို့ခေါ်တဲ့ (၅)နှစ်အရွယ် သမီးလေးရှိပြီး ဒီနှစ်မှာ ခေါတောအလက မှာ ကျောင်းစထားပါတယ်၊ ၃၁၊၇၊၁၄ရက်နေ့ ညနေ(၄)
နာရီလောက် သမီးလေး ကျောင်းက ပြန်လာပြီးအိမ်ချင်း ကပ်ရက် ဖိုးတုတ်(၂၂)နှစ်တို့အိမ်မှာ သွားကစားပါတယ်၊
ဖိုးတုတ်မှာ (၃)နှစ်အရွယ် သားလေးရှိပြီး အမြဲတမ်း သွား ကစားနေကျဖြစ်လို့ မxxရဲ့ မိဘတွေကလည်း ခါတိုင်းလိုပဲ ဘာမှ မပြောခဲ့ပါဘူး၊အတော်လေးကြာတော့ တစ်ဖက်အိမ် မှာ ကစားနေတဲ့ မxxxxxရဲ့စူးစူးဝါးဝါးအော်သံကြားရလို့ မxxxရဲ့ အမေ ထမင်းချက်နေရာကနေ စိုးရိမ်သွားပြီး သမီးဘာဖြစ်တာလဲ သမီးဘာဖြစ်တာလဲ ဆိုပြီး တစ်ဖက် ခြံထဲကို ၀င်လိုက်သွားပါတယ်၊
အိမ်လှေခါးမှာ ဖိုးပြုတ် နဲ့ တွေ့ပြီး နင့်သမီး ဘာဖြစ်တာလဲ သိချင်ရင် နင်သွားကြည့်ပေါ့ ဆိုပြီး ဖိုးတုတ် ဆိုင် ကယ်နဲ့ ထွက်သွားပါတယ်တဲ့၊ မအေလုပ်သူက ဖိုးပြုတ်အိမ်ပေါ်ကို တက်ကြည့်လိုက်တော့ (၅)နှစ်အရွယ် ရှိသေးတဲ့ မxxx ဟာငိုနေပြီး ကလေးမလေးရဲ့ မိန်းမကိုယ်က ထွက်တဲ့ သွေးတွေဟာ ပေါင်တွေမှာ စီးကျနေတာကို တွေ့ရပါသတဲ့၊
ကလေးမလေးကို မေးကြည့်တော့ ဖိုးပြုတ်က သူ့မိန်းမကိုယ်ထဲကို တံဆာ(ကလေးမလေးကတော့ ရှင်းရှင်း ဘွင်းဘွင်း ပြောတာပါ) ထိုးသွင်းတဲ့အကြောင်းပြောလို့ အုပ်စုဥက္ကဌ( အမှန်ကတော့ အုပ်စု အုပ်ချုပ်ရေးမှူး ကို ပြောတာပါ)ကိုချက်ချင်း သွားတိုင်တော့ အုပ်စုဥက္ကဌကနေ ချောင်းနားရဲကင်းကို သွားတိုင်ခိုင်းပါတယ်၊
ချောင်းနားရဲစခန်းက ဖိုးပြုတ်ကိုဖမ်းပြီး ကျွန်တော်တိုနဲ့အတူ ကောလင်းရဲစခန်းကိုခေါ်သွားပါတယ်၊

ကောလင်း ရဲစခန်းထဲရောက်တော့ ဘာလုပ်ရမှန်း မသိလို့ အတော်ကြာမှ စခန်းထဲ ၀င်တိုင်လိုက်ပါ တယ်၊ စခန်းမှူးကစစ်ဆေးပြီးချိန်မှာ ညဥ့်အတော်နက်နေလို့နောက်နေ့၁၊၈၊၁၄ရက်နေ့မနက်(၁၀) နာရီမှာ ဆေးစာ နဲ့ ကောလင်းဆေးရုံသွားပြီး ဆေးစစ်ခဲ့ပါတယ်၊ဆရာဝန်က စစ်မေးတာတွေကိုလည်း ကလေးမလေး က အကုန်လုံး ဖြေခဲ့ပါသတဲ့၊
အဲဒီကနေ ရဲက သက်သေတွကို စစ်ဆေး အမှုတည်ဆောက်ပြီး ကသာခရိုင်ရုံးကိုရောက်လာတာဖြစ် တဲ့ အကြောင်း နဲ့ အခု တရားရုံးက မxxxကို တရားခွင်မှာ စစ်ဆေးခဲ့ပြီး ပြန်လာတာဖြစ်တဲ့ အကြောင်း ကလေးမလေးရဲ့ဖခင် ဖိုးတုတ်က ပြောပြပါတယ်၊ကျွန်တော်က ရဲစခန်း ပနံပတ်တွေမေးတော့ ဖိုးတုတ်က မသိဘူးလို့ ဖြေပါတယ်၊ ပုဒ်မနံပတ်မေးတော့လည်း ဒါလည်း မသိဘူးလို့ ဖြေပြန်ပါတယ်၊ နောက်ရုံးချိန်း ဘယ်
ရက်လဲလို့ ထပ်မေးတော့ ဒါဘည်း ဘာမှ မသိဘူးပဲဖြေပြန်ပါတယ်၊

ဒါဆို ဒီနေ့မင့်သမီးကို ဘာတွေ စစ်မေးလဲဆိုတော့လည်း ဒါလည်း မသိဘူးလို့ ပြောပြန်ပါတယ်၊
ကျွန်တော်လည်း ဒီမိဘတွေနဲ့တော့ မလွယ်လောက်ဘူး ထင်လို့ ရှေ့နေငှားဖို့အကြံပေးတော့“ဆရာရယ် ၊ ရှေ့နေ ငှားနိုင်ဖို့ နေနေသာသာ ရွာကနေ ကသာခရိုင်တရားရုံးကို လာဖို့ စားရိတ်တောင် ဟိုချေး ဒီငှားနဲ့ လာခဲ့ရတာပါ” တဲ့၊ တစ်ဖက်က တရားခံကရော ရှေ့နေငှားလားဆိုတော့ သူတို့ကတော့ ငှားထားပါ တယ်လို့ပြောလာတဲ့အတွက် ကျွန်တော် သူတို့ ကို သဘော ပေါက်အောင် အခုလို ပြောရ
ပါတယ်၊
“တရားရုံးမှာ ထွက်ချက်တွေဟာ သိပ်အရေးကြီးတယ်၊ အပြောအဆို ကျန်သွားတာ
လိုသွားတာ ပိုသွားတာတွေ တစ်ဖက်ရှေ့နေရဲ့ လှည့်ကွက်ထဲ ဖြေမိဖြေရာ ဖြေလိုက်
မိတာတွေကြောင့် အမှုရှုံးသွားတာတွေ အမှန်ကနေ အမှားဖြစ်သွားတာတွေအများကြီး
ပဲ၊ ဒီလိုသာ မင်းတို့ ရှေ့နေလည်း မငှားနိုင် သွားဖို့လာဖို့လည်း မတတ်နိုင်ရင်တော့ မင်းတို့အမှုဟာ ရေစုတ်မျှောတော့မှာပေါ့” လို့ပြောလိုက်တော့ သူတို့တစ်တွေရဲ့
မျက်နှာဟာ ညိုးနွမ်းသွားပါတော့တယ်၊
ကျွန်တော်လည်းကြံရာ မရဖြစ်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးမိုးဇော်ဟိန်း
ကို ဖုန်းဆက်ပြီး တတ်နိုင်သမျှ ကူညီပေးဖို့ မေတ္တာရပ်ခံတော့ ဦးမိုးဇော်ဟိန်း
ကလည်း လိုလိုလားလားပါပဲ၊ ချက်ချင်း သူ့ရဲ့ ကိုယ်စားလှယ်ရုံးခန်းမှာ ခေါ်တွေ
ပါတယ်၊
ကလေးမလေး မိသားစုကို လမ်းစားရိတ်ကို တတ်နိုင်သလောက် ထုတ်ပေးပြီး အမှု
ကို အမှန်အတိုင်းဖြစ်ဖို့ ကူညီမယ့်အကြောင်း နဲ့ ရုံးချိန်းလာမယ်ဆိုတိုင်း ကောလင်း
ရုံးကို ၀င်ဖို့ ပြောပါတယ်၊ ခက်နေတာက သွားစားရိတ် လာစားရိတ်အတွက်တင် မကပါဘူး၊အဓမ္မပြုကျင့်ခံလိုက်ရတဲ့ (၅)နှစ်သမီးဘက်ကနေ မေတ္တာနဲ့ လိုက်ပါ
ဆောင်ရွက်ပေးမယ့် ရှေ့နေလိုအပ်နေတာပါ၊
မေတ္တာနဲ့ လိုက်ပါဆောင်ရွက်ပေးမယ့် ရှေ့နေသာ မရှိခဲ့ဘူးဆိုရင်တော့ အမှုအတွက်
ကအတော်ရင်လေးစရာ ကောင်းလှပါတယ်၊ အခုခေတ် တရားစီရင်ရေးဆိုတာက
လည်း ငွေများ တရားနိုင် မနိုင် မပြောနိုင်ပေမယ့် ငွေမရှိရင် တရားရှုံးမယ်ဆိုတာ
ကတော့ မြေကြီးလက်ခတ်မလွဲ သေချာနေတာမှန်းအးလုံးလည်း သိနေကြတာ မဟုတ်ပါလားခင်ဗျာ။

သတင်းဓါတ်ပုံ- ဟာဂျူလီ(ကသာ)

မှတ်ချက်များ