ရေးအဖွဲ့ဝင်ဦးကြည်ဝင်းက စံတော်ချိန်သို့ စက်တင်ဘာ ၁ ရက်၌ ပြောဆိုခဲ့သည်။
ဓမ္မစေတီခေါင်းလောင်းကြီးကို ဆယ်ယူရာတွင် ခေါင်း

လောင်းမဟုတ်ဘဲ ဂါလံ ၃၀၀ ဆံ့သံစည်ပိုင်းကြီး ဖြစ်
နေကြောင်း လူမှုကွန်ရက်စာမျက်နှာ၌ ဖော်ပြထား မှုနှင့်ပတ်သက်၍ ယခုကဲ့သို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
‘ဒီလိုတွေ့တယ်လို့လည်း ဦးစံလင်းက ကျွန်တော်တို့ကို မပြောထားဘူး။ အခုအချိန်မှာခေါင်းလောင်းလို့ ယူ ဆ တဲ့အရာကို ဆယ်နိုင်ရေး ကြိုးချည်ဖို့လုပ်နေတာ။

ကောလာဟလတွေကို မဖြေချင်ဘူး’ဟု ဦးကြည်ဝင်းက ပြောဆိုသည်။ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရေး အဖွဲ့ခေါင်းဆောင်ဦးစံလင်းက ထူးခြားသည့်ဖြစ်စဉ်များရှိလျှင် သတင်းထုတ်ပြန်ပေး မည်ဖြစ်ကြောင်း ပြည် သူများအနေဖြင့် စိတ်ရှည်သည်းခံပြီး စောင့်ကြည့်ပေးရန် ကြေညာထားသည်။
‘ခေါင်းလောင်းလို့ ယူဆရတဲ့အရာကိုတွေ့တော့တွေ့ထားတယ်။ ခေါင်းလောင်းဖြစ်ချင်လည်းဖြစ်မယ်။ ရေအောက်ရောက်နေတော့ ဘာလဲသေချာမသိသေးပေမယ့်အရာဝတ္ထုကြီးကြီးဆိုတာတော့ သိတယ်’ဟု ခေါင်းလောင်းဆယ်ယူရေး အထောက်အကူပြုအဖွဲ့ ဘဏ္ဍာရေးမှူး ဦးသန်းစိန်က ပြောဆိုခဲ့သည်။
ဓမ္မစေတီခေါင်းလောင်းဟု ယူဆရသည့် ခေါင်းလောင်းကြီးကို သြဂုတ် ၁၅ ရက်တွင် ရေငုပ်သမားများက ရှာတွေ့ခဲ့ကြောင်း သြဂုတ် ၂၆ ရက်၌ တရားဝင်သတင်းထုတ်ပြန်ပြီးနောက် ခေါင်းလောင်းကြီး ကုန်းပေါ်သို့ သယ်ဆောင်နိုင်ပြီးမှသာ သတင်းထုတ်ပြန်မည်ဟု ဦးစံလင်းက ပြောဆိုသည်။
ဓမ္မစေတီခေါင်းလောင်းကြီး ရှာဖွေဆယ်ယူမှုကို သြဂုတ် ၈ ရက်မှစ၍ ဦးစံလင်းခေါင်းဆောင်သောအဖွဲ့က လုပ်ဆောင်ခဲ့ပြီး သြဂုတ် ၂၆ ရက်အပြီး ဆယ်နိုင်မည်ဟုကြေညာထားသော်လည်း ခေါင်းလောင်းဆယ်ယူ ရာတွင် အခက်အခဲများနှင့် ကြုံတွေ့နေရ၍ ခေါင်းလောင်းဆယ်ယူရေးလုပ်ငန်းလုပ်ဆောင်ရန် နောက်ထပ် ၁၇ ရက် ထပ်တိုးလုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

စံတော်ချိန်

မှတ်ချက်များ