အိမ်အကူ တင်ပို့မှု အစိုးရ တားမြစ်သော်လည်း မအောင်မြင်


စင်ကာပူနိုင်ငံသို့ သွား ရောက်လုပ်ကိုင်မည့်အိမ်အကူ လုပ်သားများကို မြန်မာအစိုးရက တားမြစ်ပိတ်ပင် ထားသော်လည်း ၀င်ရောက်မှု လျော့ကျသွားခြင်း မ ရှိကြောင်းသတင်းရရှိသည်။

စင်ကာပူအေဂျင်စီများက နှစ်နိုင်ငံအကြားနားလည်မှုစာ ချွန်လွှာလက်မှတ်မထိုးမချင်းမြန် မာအိမ်အကူများ စင်ကာပူတွင် ငါးလတာ အလုပ်လုပ်ခွင့်ကို မြန်မာ အာဏာပိုင်များက ပိတ်ပင်ထားသည်။ စင်ကာပူတွင်
မြန်မာအိမ်အကူများကို နှိပ်စက်သည်ဆိုသည့် သတင်းများထွက်ပေါ်လာပြီးနောက်ပိုင်း ပြီးခဲ့သည့် စက်တင် ဘာ ၂၉ ရက်က ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

မြန်မာ အိမ်အကူများလာ ရောက်မှုနည်းပါးသွားမည်ကိုစင် ကာပူ အေဂျင်စီများက စိုးရိမ်နေ သော်လည်း မြန်မာ အာဏာပိုင် များ၏ ပိတ်ပင်မှုကို တင်းကျပ်စွာ ဆောင်ရွက်ပုံမရကြောင်း သိရ သည်။ ပြီးခဲ့သည့် သီတင်းပတ်အ တွင်း မြန်မာအိမ်အကူများတစ်နေ့ လျှင်၅၀ဦးနှုန်းခန့်စင်ကာပူသို့လာ ရောက်နေပြီး အဆိုပါအရေအ တွက်သည် အစိုးရတားမြစ်မှုမရှိ မီက အရေအတွက်နှင့် အတူတူပင်ဖြစ်သည်။

‘‘ကျွန်မတို့ အတွက်ကတော့ ဘာမှမထူးပါဘူး။ အလုပ်ဖြစ်နေ ပါတယ်’’ဟု စင်ကာပူ၏ အကြီး ဆုံးမြန်မာ အိမ်အကူတင်သွင်းနေ သည့် United Channelမှ ဒါရိုက် တာမစ္စကယ်ရီတန်ကပြောသည်။

စင်ကာပူအလုပ်ရှာဖွေရေး အေဂျင်စီများ အဖွဲ့ဥက္ကဋ္ဌဂျာယာပရီမာက နှစ်နိုင်ငံအကြားသဘောတူညီချက်ကို လက်မှတ်ရေးထိုးရေးအတွက် လေ့လာနေဆဲဖြစ် ကြောင်းပြောဆိုသည်။ ‘‘စင်ကာ ပူကုမ္ပဏီတွေရဲ့ အကျိုး စီးပွားကို အကာအကွယ်ပေးဖို့လည်းကြည့် ရသေးတယ်လေ’’ဟု ဆိုသည်။

မြန်မာနိုင်ငံမှ အိမ်အကူများ ကိုတစ်လလျှင် ဒေါ်လာ ၄၀၀ မှ ၄၅၀ ပေးလေ့ရှိသည်။ ၎င်းတို့ထံမှ အလုပ် ရှာဖွေခအဖြစ် ရှစ်လအတွက် လစာကို ရရှိသည်။ စင်ကာပူ၏ အိမ်အကူ ဈေးကွက်သို့မြန်မာအိမ်အကူများ ၀င်ရောက်မှုက အတော်ပင်မြန်ဆန်တိုးများလာနေရာပြီးခဲ့သည့် ၂နှစ်အတွင်း ၅၀ ရာခိုင်နှုန်း တိုးလာသည် ဟုဆိုသည်။ ယခင်က နှစ်သောင်းခန့်ရှိခဲ့ရာက ၂ နှစ်အတွင်း သုံးသောင်းသို့တိုးလာသည်။

အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင် အိမ်အကူများကို တစ်လလျှင် ဒေါ်လာ ၄၅၀နှင့် ၅၀၀အသီးသီးပေးရ သည့်အ တွက်၎င်းတို့နှင့်စာလျင် ဈေးပေါသည့် မြန်မာအိမ်အကူများ ကို ပိုလိုလားကြသည်။

မြန်မာအိမ်အကူများစင်ကာ ပူသို့ ၀င်ရောက်မှုတိုးလာနေချိန် တွင် အိမ်ရှင်များလက်မှထွက်ပြေး ကြသည့် အိမ်အကူအရေအတွက် ကလည်းတိုးလာနေကြောင်းသိရ သည်။ အကြွေးများကို ပေးဆပ်ရသဖြင့် ယခုလို ထွက်ပြေးကြ ကြောင်းရွှေ့ပြောင်းအလုပ်သမား အရေးဆောင်ရွက်နေသူများက The Straits Times ကို ပြောသည်။

မြန်မာအိမ်အကူများ၏လစာ မြင့်တက်လာနိုင်ကြောင်းလက်ရှိ တွင် အချို့ကဒေါ်လာ ၃၀၀နှင့်အထက်
တောင်းဆိုနေကြောင်း စင်ကာပူ အေဂျင်စီများကဆို သည်။ အလုပ်အကိုင်ရှာဖွေခကိုမြန်မာအိမ်အကူ များ ပြန်လည်ပေးဆပ်ရာတွင် ဒေါ်လာ သုံးထောင်အထိရှိနေ၍ယင်းမှာ မြန်မာနိုင် ငံတွင် သတ်မှတ် ထားသောဥပဒေကိုလိုက်နာရန် တွန်းအားပေးမှုများ မရှိသည့်အတွက်ဖြစ်သည်။

အလုပ်ရှာဖွေရေးစရိတ်စက ကိုလျှော့ချသင့်ကြောင်း မစ္စဂျာ ယာပရီမာက ဆိုသည်။ ‘‘မြန်မာအေဂျင်စီတွေ ယူနေတဲ့ ကြေးတွေကိုလျှော့ချဖို့ မြန်မာ အစိုးရက ကန့်သတ်သင့်တယ်။ စည်းမျဉ်းစည်းကမ်းချပြီး ဒါကို လိုက်နာ အောင် တွန်းအားပေးရမယ်။ဒီလို မှ မဟုတ်ရင်တော့ ပြဿနာတွေ ဆက်ဖြစ်နေဦးမှာပဲ’’

ထိုအချိန်မှာပင်စင်ကာပူနိုင်ငံသို့ အိမ်အကူလုပ်သား စေလွှတ်မှု ရပ်ဆိုင်းထားသော်လည်း ခွင့်ဖြင့် အိမ်ပြန် သည့် လုပ်သားများမှာမူ ပြန်လည်လာရောက်နိုင်ကြောင်း စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးကအောက်တို ဘာ ၁ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

စင်ကာပူနိုင်ငံသို့ အိမ်အကူ လာရောက်လုပ်ကိုင်၍ ခွင့်ဖြင့် ပြန်လာသည့် မြန်မာအိမ်အကူ လုပ်သားများ သည် စင်ကာပူနိုင်ငံ သို့ ပြန်လည်လာရောက်နိုင်ပြီးအိမ်အကူလုပ်သားအသစ်များကို စေလွှတ်ရန် ခေတ္တ ဆိုင်းငံ့ထား ကြောင်း စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အောက်တိုဘာ ၁ ရက်တွင် ကြေညာချက် ထုတ် ပြန်လိုက်ခြင်းဖြစ်သည်။

‘‘စင်ကာပူ မြန်မာသံရုံးက အိမ်အကူ လုပ်သားတွေ ပြန် လာနိုင်တယ်လို့ ကြေညာချက် ထုတ်တာကို မသိသေးဘူး။ အိမ် အကူလုပ်သားအသစ်တွေ လွှတ် တာကိုတော့ ရပ်နားထားတယ်’’ ဟု အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးအောင်က ပြောသည်။

စင်ကာပူနိုင်ငံ အေးဂျင့်များ သည် အိမ်အကူလုပ်သားများကို ဈေးဝယ်စင်တာများတွင် ရောင်း ကုန်သ ဖွယ် ရောင်းချမှုတို့အပါအ ၀င် စင်ကာပူနိုင်ငံရောက် မြန်မာ အိမ်အကူ အမျိုးသမီးတစ်ဦးကို အိမ်ရှင်လင် မယားက မတရား နှိပ်စက်ခဲ့ပြီး ခိုင်းစေခဲ့၍ စင်ကာပူ နိုင်ငံ တရားရုံးတွင် တရားစွဲဆိုမှု များ ဖြစ်ပွားခဲ့ရာ မှစတင်ပြီး စင် ကာပူနိုင်ငံသို့ အိမ်အကူလုပ်သား စေလွှတ်ခြင်းကို ယခုနှစ် မေလပိုင်းမှစ၍ ရပ်ဆိုင်းခဲ့ခြင်း
ဖြစ်သည်။


7day

မှတ်ချက်များ