ဂင်းနစ်စံချိန်တင် ကမ္ဘာ့အကြီးဆုံး သဘာဝရင်သား ပိုင်ရှင်


အမေရိကန် ပြည်ထောင်စု၊ နယူးယော့ခ် မြို့မှာ နေထိုင်တဲ့ အန်နီ ဟော့ကင်းဟာ ကမ္ဘာ အကြီးဆုံး သဘာဝ ရင်သား ပိုင်ရှင်အဖြစ် သတ်မှတ်ခံထား ရပါတယ်။ အန်နီဟော့ကင်းရဲ့ ရင်သားကို အောက်ခြေက စတိုင်း တာမယ် ဆိုရင် (၄၃) လက်မ အထိ ရှိပြီး ၀မ်းဗိုက်ကနေ ရင်သား တစ်ခုလုံးကို လွှမ်းခြုံ တိုင်းတာပါက လက် မ (၇၀) အထိ ရှိတယ်လို့ သိရပါတယ်။

အန်နီဟော့ကင်း ၀တ်ဆင်တဲ့ ဘရာစီယာ ဆိုက်ဒ်က 102 ZZZ အထိ ရှိပါတယ်။ အသက် (၅၅) နှစ် ရှိနေ ပြီ ဖြစ်တဲ့ အန်နီဟော့ကင်းကို ဂင်းနစ် စံချိန် ပြုစုရေး အဖွဲ့က ကမ္ဘာ့အကြီးဆုံး သဘာဝ ရင်သား ပိုင်ရှင်အ
ဖြစ် တရားဝင် တရားဝင် အသိအမှတ် ပြုထားပြီ ဖြစ်ပါတယ်။ အန်နီဟော့ကင်းဟာ မျိုးရိုး ဗီဇကြောင့် အလို အလျောက် ရင်သားတွေ ကြီးထွား လာတာ ဖြစ်ပြီး နေ့စဉ် သွားလာ လှုပ်ရှားနေရတဲ့ လူနေမှုဘ၀ကို အနှေက် အယှက် များစွာ ပေးလေ့ ရှိတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ကားမောင်း ရာမှာလည်း ခါးပတ် ပတ်ထား လို့ မရသလို အနေအထိုင် မှားပါကလည်း အလွန် နာကျင်ကြောင်း အန်နီဟော့ကင်းက ဆိုခဲ့ပါတယ်။

အန်နီဟော့ကင်းဟာ ကြီးမားတဲ့ ရင်သားတွေကြောင့် နေ့စဉ် နောက်ပြောင်ခြင်း ခံနေရပြီး သားဖြစ်သူ အပေါ် များစွာ သက်ရောက်မှု ရှိခဲ့ကြောင်း ဆိုခဲ့ပါတယ်။ အန်နီဟော့ကင်းရဲ့ ခင်ပွန်းဟာ စစ်မှုထမ်း တစ်ဦး ဖြစ်ပြီး ပြီးခဲ့တဲ့ ကိုးနှစ်လောက် ကတည်းက ကွယ်လွန် သွားခဲ့ပါတယ်။ အန်နီဟော့ကင်းဟာ သားဖြစ်သူ မွေးဖွားချိန် မှာ ကြီးမားတဲ့ ရင်သားတွေ ကြောင့် နို့ချို တိုက်ကျွေးခဲ့ရခြင်း မရှိပါဘူး။ အန်နီဟော့ကင်းက အသက် ကိုးနှစ် အရွယ် လောက်မှာ ဘရာစီယာ စတင် ၀တ်ဆင်ခဲ့ကြောင်း၊ ဂင်းနစ် စံချိန် မှတ်တမ်းထဲမှာ ထည့်သွင်း ဖော်ပြ ခံရသဖြင့် ပျော်ရွှင်မိကြောင်း ပြောကြားခဲ့ပါတယ်။

messenger

မှတ်ချက်များ