ရထားပေါ် တစ်ကိုယ်လုံးချွတ်တဲ့ ကြော်ငြာကြောင့် ပင်းမင်းကုမ္ပဏီ ဒဏ်ရိုက်ခံရ


တရုတ်နိုင်ငံက အဝတ်လျှော်ဖွတ်ရေး ပင်းမင်း ကုမ္ပဏီတစ်ခုဟာ သူတို့ရဲ့ တစ်မူထူခြားတဲ့ ကြော်ငြာကြောင့် အာဏာပိုင်တွေရဲ့ အရေးယူမှုကိုခံခဲ့ရပါတယ်။

Sanhaing Daily ရဲ့ဖော်ပြချက်အရ Tidy Laundry ဆိုတဲ့ ပင်းမင်းကုမ္ပဏီတစ်ခုဟာ မြေအောက်ရထားပေါ် မှာ သူတို့ရဲ့ကြော်ငြာကို ရိုက်ခဲ့တာဖြစ်ပါတယ်။

ဒီကြော်ငြာမှာ မိန်းကလေးနှစ်ဦးဟာ လူအများရှိနေတဲ့ မြေအောက်ရထားထဲ အတွင်းခံလေးတွေပဲ ကျန်တဲ့ အထိ သူတို့ရဲ့အဝတ်အစားတွေကို ချွတ်ပစ်လိုက်ပါတယ်။

အနားကို ချက်ချင်းရောက်လာတဲ့ ကုမ္ပဏီယူနီဖောင်းနဲ့ လူတစ်ဦးဟာ အသင့်ယူလာတဲ့ အင်္ကျီသစ်နဲ့ သူတို့ အဝတ်အစားတွေကို လဲယူသွားပါတယ်။

ကုမ္ပဏီရဲ့အဆိုအရ ကြော်ငြာထဲမှာပါတဲ့ ရထားစီးခရီးသည်တွေ အကုန်လုံးဟာ အစစ်တွေမဟုတ်ဘဲ သရုပ်ဆောင်တွေဖြစ်ပါတယ်။

ဒါပေမဲ့ သူတို့ရဲ့ကြော်ငြာဟာ အွန်လိုင်းမှာပွဲဆူသွားခဲ့ပြီး မီးရထားအာဏာပိုင်တွေက ကုမ္ပဏီကို အရေးယူ ဒဏ်ရိုက်ခဲ့ပါတယ်။

ဒဏ်ရိုက်တဲ့ငွေပမာဏကို မဖော်ပြပေမဲ့ ရှန်ဟိုင်းမြေအောက်ရထားကွန်ယက်နဲ့ ပက်သက်ဆက်နွယ်တဲ့
ကြော်ငြာရိုက်ကူးမယ်ဆိုရင် ခွင့်ပြုချက်ယူဖို့ လိုအပ်တယ်လို့ဆိုပါတယ်။

ကုမ္ပဏီကတော့ သူတို့ရဲ့ကြော်ငြာအတွက် အများပြည်သူကို တောင်းပန်ခဲ့ပါတယ်။င်္ကျီသစ်နဲ့ သူတို့အဝတ် အစားတွေကို လဲယူသွားပါတယ်။


news in myanmar and world

မှတ်ချက်များ