လက်ထပ် မင်္ဂလာပွဲတွင် ချစ်သူကို ပေးမယ့် ရွှေလက်စွပ် အတွက် ရွှေတွေကို တောင်တန်းပေါ်မှာ ကိုယ်တိုင် ရှာဖွေမှုပြုလုပ်ခဲ့


စကော့တလန် နိုင်ငံသား ဂျွန်ဂရင်းဝုဒ်ဟာ လက်ထပ် မင်္ဂလာပွဲမှာ ချစ်သူကို ပေးမယ့် ရွှေလက်စွပ် အတွက်
ရွှေတွေကို တောင်တန်းပေါ် သွားရောက်ကာ ကိုယ်တိုင် ရှာဖွေမှု ပြုလုပ်ခဲ့ တယ်လို့ သိရပါတယ်။

ချစ်သူကို ပေးမယ့် ရွှေလက်စွပ်ကို ဆိုင်မှာ ၀ယ်ယူလို့ ရပေမယ့် ပိုမိုတန်ဖိုး ရှိအောင်၊ အမြတ်တနိုးသိမ်း ထားနိုင်အောင် ရည်ရွယ်ပြီး ဂရင်းဝုဒ်ဟာ စကော့တလန်နိုင်ငံက တောင်တန်းတွေက ရွှေထွက်တဲ့ နေရာကို သွားရောက်ကာ အပင်ပန်း ခံပြီး ရှာဖွေမှု ပြုလုပ်ခဲ့ ပါတယ်။

လပေါင်း များစွာ အပင်ပန်းခံပြီး ရှာဖွေခဲ့တဲ့ ရွှေ အပိုင်းအစ တွေကို ပန်းထိမ် ဆရာဆီအပ်နှံကာ လက်ထပ် လက်စွပ် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ လက်ထပ် လက်စွပ် ပြုလုပ်ဖို့ လိုအပ်တဲ့ ရွှေပမာဏ ရဖို့ ရက် (၂၀) နီးပါး အချိန်ယူခဲ့ရ ပါတယ်။ ဂရင်ဝုဒ်ဟာ ရွှေတွေ ရှာဖွေရာမှာ ကျွမ်းကျင်သူ တစ်ဦး ဖြစ်တာမို့ ရွှေတွေ ဘယ်နေရာမှာ ရှိသလဲ ဆိုတာ ခန့်မှန်းသိရှိထား ပါတယ်။ စကော့တလန်မှာ ရှိတဲ့ ရွှေ အရည်အသွေးဟာ အလွန် ကောင်းမွန်ပြီး တန်ဖိုးအား ဖြင့်လည်း ကြီးမားပါတယ်။

ဂရင်ဝုဒ်ဟာ ချစ်သူဖြစ်သူ မိုရက်နဲ့ လက်ထပ်တဲ့ အခါ ထူးခြားတဲ့ လက်စွပ်ကိုပေးဖို့ ကြိုတင် စီစဉ်ခဲ့တာ ဖြစ် ပါတယ်။ ဂရင်ဝုဒ်ဟာ လက်ထက် မင်္ဂလာပွဲကို စက်တင်ဘာ (၂၅) မှာ ပြုလုပ်ခဲ့ပြီး သူကိုယ်တိုင် ရှာဖွေထား တဲ့ ရွှေတွေနဲ့ ပြုလုပ်ထားတဲ့ လက်ထပ် လက်စွပ်ကို ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

ဂရင်ဝုဒ်ဟာ ၂၀၁၁ စက်တင်ဘာ ကတည်းက ရွှေရှာဖွေမှုကို စတင်ခဲ့တာ ဖြစ်ပြီး ရွှေ (၃၄) ဂရမ် အထိ စုဆောင်းရရှိခဲ့ ပါတယ်။ လက်ထပ် လက်စွပ်နှစ်ကွင်း ပြုလုပ်ရာမှာ ရွှေခြောက် ဂရမ်နီးပါးသာ ကုန်ခဲ့ပါတယ်။ မိုရက်က စိတ်ကူးဆန်းနဲ့ပေးတဲ့ ရွှေလက်စွပ် အတွက် ၀မ်းသာ ဂုဏ်ယူမိကြောင်း ပြောကြားသွားခဲ့ ပါတယ်။

messenger

မှတ်ချက်များ