သီတဂူဆရာေတာ္ျကီးေျပာ တဲ႔ ေမတၱာ။ က႐ုဏာ ဥေပကၡာ မဇၩတၱ ဆိုတာ..




Zawgyi ျဖင့္ဖတ္ရန္

ေမတၱာဆိုတာ …

ခ်စ္တာ မဟုတ္ဘူး။ သူတစ္ပါးတို႔အား ဒုကၡ မေပးဘူးဆိုတဲ့ စိတ္ထား။သူတစ္ပါးတို႔အတြက္ ေကာင္းက်ိဳး ေဆာင္႐ြက္မယ ္ဆိုတဲ့စိတ္ထား။

က႐ုဏာဆိုတာ…

ဘယ္သူကိုမွ် မညႇင္းဆဲဘူး။ ဘယ္သူ ဒုကၡ ေရာက္ေရာက္ ငါကူညီေစာင့္ေရွာက္မယ္ ဆိုတဲ့စိတ္ထား။

ဥေပကၡာဆိုတာ…

မ်က္ႏွာလႊဲ ခဲပစ္လုပ္တာမဟုတ္ဘူး။ ဟန္ခ်က္ညီေအာင္ေနတာ။ေၾကာက္တဲ့ ဘက္လည္း ေရာက္ၿပီးေတာ့ မတုန္လႈပ္နဲ႔။ႀကိဳက္တဲ့ ဘက္လည္း ေရာက္ၿပီးေတာ့ မတုန္လႈပ္နဲ႔။အဲဒီအစြန္းႏွစ္ခု လြတ္ေအာင္ေရွာင္ၿပီး အလယ္ကေနသြားတာ။ဥေပကၡာ ဆိုတဲ့ပုဒ္ကို အဘိဓမၼာမွာ “မဇၩတၱာကာရ လကၡဏာ” လို႔ ဖြင့္တယ္။

“မဇၩတၱ” ဆိုတာ Middle Wayပဲ။

အေတြးမွန္ဖို႔ရန္ …စြန္႔လႊတ္ဖို႔ ေတြးပါ။ သူတစ္ပါး အက်ိဳးစီးပြား ေဆာင္႐ြက္ဖို႔ ေတြးပါ။
သူတစ္ပါးရဲ႕ ဒုကၡကို ပယ္ေဖ်ာက္ဖို႔ ေစာင့္ေရွာက္ဖို႔ ေတြးပါ။အေတြးသုံးပါး အဲဒါကို “သမၼာသကၤပ” လို႔ ေခၚတယ္။ေကာင္းတယ္ အက်ိဳးရွိတယ္ဆိုတဲ့ အလုပ္သည္ စိတ္ေကာင္းရွိတဲ့အခါမွ လုပ္ျဖစ္တာ။မေကာင္းဘူး အက်ိဳးမရွိဘူး ဆိုတဲ့ အလုပ္သည္ စိတ္ေကာင္းမရွိတဲ့အခါတိုင္း လုပ္ျဖစ္တယ္။ဒါေၾကာင့္ စိတ္ေကာင္း ထားတယ္ဆိုတာ အဓိပၸါယ္ သိပ္ရွိပါတယ္။လူ႔ဘဝ ဆိုတဲ့ ဘဝေကာင္း တစ္ခုကို ရရွိေနခ်ိန္ မွာ အက်င့္ေကာင္း ေတြနဲ႔ တိုးတက္ေအာင္ လုပ္ၾက။

ဘဝေကာင္းကို မသိရင္ အက်င့္ေကာင္း ကိုလည္း မက်င့္မိတတ္ဘူး။လူသားအားလုံးရဲ႕ ပန္းတိုင္ဟာ ဝိသုဒၶိနဲ႔ ဝိမုတၱိပါပဲ။

Purification – သန္႔ရွင္းစင္ၾကယ္ျခင္းကို “ဝိသုဒၶိ” လို႔ ေခၚတယ္။
Liberation – လြတ္ေျမာက္ျခင္းကို “ဝိမုတၱိ” လို႔ ေခၚတယ္။
သန္႔ရွင္းစင္ၾကယ္ျခင္း – Purification လြတ္ေျမာက္ျခင္း – Liberation ရဖို႔အတြက္ ဘာလုပ္ရမလဲဆိုရင္

We must follow the Dhamma. ဓမၼကို လိုက္နာက်င့္သုံးရမယ္။

ဓမၼကို လိုက္နာ က်င့္သုံးတဲ့ပုဂၢိဳလ္ဟာ သန္႔ရွင္းသြားတယ္။ သန္႔ရွင္းလို႔ရွိရင္ လြတ္ေျမာက္သြားတယ္။မိမိကိုယ္တိုင္ နိဗၺာန္ေရာက္ဖို႔ထက္ မိမိေၾကာင့္ သူတစ္ပါး စိတ္ေသာက မျဖစ္ေအာင္ ေနတတ္ဖို႔ ပိုအေရးႀကီးတယ္။အဲဒါ ျမင့္ျမတ္ေသာ လူစြမ္းေကာင္းတို႔ရဲ႕ စိတ္ထားပဲ။

သီတဂူဆရာေတာ္ဘုရားႀကီး


Unicode ဖြင့်ဖတ်ရန်

မေတ္တာဆိုတာ … ချစ်တာ မဟုတ်ဘူး။ သူတစ်ပါးတို့အား ဒုက္ခ မပေးဘူးဆိုတဲ့ စိတ်ထား။ သူတစ်ပါးတို့အတွက် ကောင်းကျိုး ဆောင်ရွက်မယ ်ဆိုတဲ့စိတ်ထား




မေတ္တာဆိုတာ …

ချစ်တာ မဟုတ်ဘူး။ သူတစ်ပါးတို့အား ဒုက္ခ မပေးဘူးဆိုတဲ့ စိတ်ထား။သူတစ်ပါးတို့အတွက် ကောင်းကျိုး ဆောင်ရွက်မယ ်ဆိုတဲ့စိတ်ထား။

ကရုဏာဆိုတာ…

ဘယ်သူကိုမျှ မညှင်းဆဲဘူး။ ဘယ်သူ ဒုက္ခ ရောက်ရောက် ငါကူညီစောင့်ရှောက်မယ် ဆိုတဲ့စိတ်ထား။

ဥပေက္ခာဆိုတာ…

မျက်နှာလွှဲ ခဲပစ်လုပ်တာမဟုတ်ဘူး။ ဟန်ချက်ညီအောင်နေတာ။ကြောက်တဲ့ ဘက်လည်း ရောက်ပြီးတော့ မတုန်လှုပ်နဲ့။ကြိုက်တဲ့ ဘက်လည်း ရောက်ပြီးတော့ မတုန်လှုပ်နဲ့။အဲဒီအစွန်းနှစ်ခု လွတ်အောင်ရှောင်ပြီး အလယ်ကနေသွားတာ။ဥပေက္ခာ ဆိုတဲ့ပုဒ်ကို အဘိဓမ္မာမှာ “မဇ္ဈတ္တာကာရ လက္ခဏာ” လို့ ဖွင့်တယ်။

“မဇ္ဈတ္တ” ဆိုတာ Middle Wayပဲ။

အတွေးမှန်ဖို့ရန် …စွန့်လွှတ်ဖို့ တွေးပါ။ သူတစ်ပါး အကျိုးစီးပွား ဆောင်ရွက်ဖို့ တွေးပါ။
သူတစ်ပါးရဲ့ ဒုက္ခကို ပယ်ဖျောက်ဖို့ စောင့်ရှောက်ဖို့ တွေးပါ။အတွေးသုံးပါး အဲဒါကို “သမ္မာသင်္ကပ” လို့ ခေါ်တယ်။ကောင်းတယ် အကျိုးရှိတယ်ဆိုတဲ့ အလုပ်သည် စိတ်ကောင်းရှိတဲ့အခါမှ လုပ်ဖြစ်တာ။မကောင်းဘူး အကျိုးမရှိဘူး ဆိုတဲ့ အလုပ်သည် စိတ်ကောင်းမရှိတဲ့အခါတိုင်း လုပ်ဖြစ်တယ်။ဒါကြောင့် စိတ်ကောင်း ထားတယ်ဆိုတာ အဓိပ္ပါယ် သိပ်ရှိပါတယ်။လူ့ဘဝ ဆိုတဲ့ ဘဝကောင်း တစ်ခုကို ရရှိနေချိန် မှာ အကျင့်ကောင်း တွေနဲ့ တိုးတက်အောင် လုပ်ကြ။

ဘဝကောင်းကို မသိရင် အကျင့်ကောင်း ကိုလည်း မကျင့်မိတတ်ဘူး။လူသားအားလုံးရဲ့ ပန်းတိုင်ဟာ ဝိသုဒ္ဓိနဲ့ ဝိမုတ္တိပါပဲ။

Purification – သန့်ရှင်းစင်ကြယ်ခြင်းကို “ဝိသုဒ္ဓိ” လို့ ခေါ်တယ်။
Liberation – လွတ်မြောက်ခြင်းကို “ဝိမုတ္တိ” လို့ ခေါ်တယ်။
သန့်ရှင်းစင်ကြယ်ခြင်း – Purification လွတ်မြောက်ခြင်း – Liberation ရဖို့အတွက် ဘာလုပ်ရမလဲဆိုရင်

We must follow the Dhamma. ဓမ္မကို လိုက်နာကျင့်သုံးရမယ်။

ဓမ္မကို လိုက်နာ ကျင့်သုံးတဲ့ပုဂ္ဂိုလ်ဟာ သန့်ရှင်းသွားတယ်။ သန့်ရှင်းလို့ရှိရင် လွတ်မြောက်သွားတယ်။မိမိကိုယ်တိုင် နိဗ္ဗာန်ရောက်ဖို့ထက် မိမိကြောင့် သူတစ်ပါး စိတ်သောက မဖြစ်အောင် နေတတ်ဖို့ ပိုအရေးကြီးတယ်။အဲဒါ မြင့်မြတ်သော လူစွမ်းကောင်းတို့ရဲ့ စိတ်ထားပဲ။

သီတဂူဆရာတော်ဘုရားကြီး


မှတ်ချက်များ