Zawgyiျဖင့္ဖတ္ရန္
သရုပ္ေဆာင္ဆုပန္ထြာတစ္ေယာက္ကေတာ့ အေမရိကားမွာ အျမဲတမ္းေနထုိင္ခြင့္ Green Card ရရွိသြားျပီပဲ ျဖစ္ပါတယ္။ အခုလိုရရွိခဲ႔တာဟာ သူမအျမဲလုပ္ေလ့ရွိတဲ႔ ေဗာဓိေညာင္ဆယ္ပင္ အဓိဌာန္ဝင္ခဲ႔လို႔ ဆုိျပီး သူမက ဆိုပါတယ္။
သူမက အခုလို Green Card ရရွိဖို႔ အခက္အခဲမ်ားစြာ ၾကံဳခဲ႔ရျပီး မူလက ၅ရက္ပဲ ေနဖို႔ရွိတာကေန ၂လနီးပါးၾကာသြားခဲ႔ရတာလို႔ သိရပါတယ္။ ဒါနဲ႔ပဲ သူမက ဆန္ဖရန္စစၥကိုမွာရွိေနတုန္းအခ်ိန္မွာေတာင္ ေဗာဓိေညာင္ဆယ္ပင္အဓိဌာန္ကို မရရေအာင္ ဝင္ခဲ႔ျပီး အဓိဌာန္ျပဳျပီးမၾကာခင္မွာပဲ Green Card ကို ရရွိလာခဲ႔တယ္လို႔ ဆုပန္ထြာက ဆုိပါတယ္။
အေမရိကားမွာတုန္းက ေဗာဓိေညာင္ဆုိတာ မရွိခဲ႔လို႔ ထင္းရူးပင္ၾကီးေတြမွာပဲ မရရေအာင္လုပ္ခဲ႔တယ္လုိ႔ ဆုပန္ထြာက ရွင္းျပပါတယ္။ဆုပန္ထြာဟာ အေမရိကားမွာ Green Card ေလွ်ာက္ဖို႔ သြားရင္း အခ်က္အလက္ျပည့္ျပည့္စံုစံု မပါရွိသြားတာေၾကာင့္ ရက္ေပါင္းမ်ားစြာၾကာေနခဲ႔ရျပီး သားေလးနဲ႔ခြဲေနရလို႔ အဆင္မေျပျဖစ္ခဲ႔ရတာပါ။
ဆုပန္ထြာအေနနဲ႔ သစ္တံခါးဆရာေတာ္ၾကီး လမ္းညႊန္တဲ႔ ေဗာဓိေညာင္ဆယ္ပင္ အဓိဌာန္ကို ျမန္မာျပည္မွာကတည္းက အျမဲလိုလုပ္ခဲ႔တာျဖစ္ျပီး အေမရိကားမွာ အခုလိုဒုကၡေရာက္ခ်ိန္မွာ အဲဒီ အဓိဌာန္ကို မရရေအာင္ ဝင္ခဲ႔တာ ျဖစ္ပါတယ္။ သူမဟာ အခုဆုိရင္ ေညာင္ပင္ အပင္ ၃၀ နီးပါး အဓိဌာန္ဝင္ျပီးခဲ႔ျပီလို႔လည္း သိရပါတယ္။
အဆိုပါ ေဗာဓိေညာင္ဆယ္ပင္ အဓိဌာန္ကို သရုပ္ေဆာင္ ဆုပန္ထြာအျပင္ ေခ်ာရတနာ ၊ စမိုင္းလ္ ၊ ေမကဗ်ာ၊ အိမ့္ခ်စ္ ၊ သြန္းဆက္ အစရွိတဲ႔ အႏုပညာရွင္ေတာ္ေတာ္မ်ားမ်ားလည္း လုပ္ၾကတာကို ေတြ႔ရပါတယ္။

Unicode ဖြင့်ဖတ်ရန်
သရုပ်ဆောင်ဆုပန်ထွာတစ်ယောက်ကတော့ အမေရိကားမှာ အမြဲတမ်းနေထိုင်ခွင့် Green Card ရရှိသွားပြီပဲ ဖြစ်ပါတယ်။ အခုလိုရရှိခဲ့တာဟာ သူမအမြဲလုပ်လေ့ရှိတဲ့ ဗောဓိညောင်ဆယ်ပင် အဓိဌာန်ဝင်ခဲ့လို့ ဆိုပြီး သူမက ဆိုပါတယ်။
သူမက အခုလို Green Card ရရှိဖို့ အခက်အခဲများစွာ ကြုံခဲ့ရပြီး မူလက ၅ရက်ပဲ နေဖို့ရှိတာကနေ ၂လနီးပါးကြာသွားခဲ့ရတာလို့ သိရပါတယ်။ ဒါနဲ့ပဲ သူမက ဆန်ဖရန်စစ္စကိုမှာရှိနေတုန်းအချိန်မှာတောင် ဗောဓိညောင်ဆယ်ပင်အဓိဌာန်ကို မရရအောင် ဝင်ခဲ့ပြီး အဓိဌာန်ပြုပြီးမကြာခင်မှာပဲ Green Card ကို ရရှိလာခဲ့တယ်လို့ ဆုပန်ထွာက ဆိုပါတယ်။
အမေရိကားမှာတုန်းက ဗောဓိညောင်ဆိုတာ မရှိခဲ့လို့ ထင်းရူးပင်ကြီးတွေမှာပဲ မရရအောင်လုပ်ခဲ့တယ်လို့ ဆုပန်ထွာက ရှင်းပြပါတယ်။ဆုပန်ထွာဟာ အမေရိကားမှာ Green Card လျှောက်ဖို့ သွားရင်း အချက်အလက်ပြည့်ပြည့်စုံစုံ မပါရှိသွားတာကြောင့် ရက်ပေါင်းများစွာကြာနေခဲ့ရပြီး သားလေးနဲ့ခွဲနေရလို့ အဆင်မပြေဖြစ်ခဲ့ရတာပါ။
ဆုပန်ထွာအနေနဲ့ သစ်တံခါးဆရာတော်ကြီး လမ်းညွှန်တဲ့ ဗောဓိညောင်ဆယ်ပင် အဓိဌာန်ကို မြန်မာပြည်မှာကတည်းက အမြဲလိုလုပ်ခဲ့တာဖြစ်ပြီး အမေရိကားမှာ အခုလိုဒုက္ခရောက်ချိန်မှာ အဲဒီ အဓိဌာန်ကို မရရအောင် ဝင်ခဲ့တာ ဖြစ်ပါတယ်။ သူမဟာ အခုဆိုရင် ညောင်ပင် အပင် ၃၀ နီးပါး အဓိဌာန်ဝင်ပြီးခဲ့ပြီလို့လည်း သိရပါတယ်။
အဆိုပါ ဗောဓိညောင်ဆယ်ပင် အဓိဌာန်ကို သရုပ်ဆောင် ဆုပန်ထွာအပြင် ချောရတနာ ၊ စမိုင်းလ် ၊ မေကဗျာ၊ အိမ့်ချစ် ၊ သွန်းဆက် အစရှိတဲ့ အနုပညာရှင်တော်တော်များများလည်း လုပ်ကြတာကို တွေ့ရပါတယ်။
Credit: San Kyi Par

မှတ်ချက်များ