သူ႔ကို လိုက္ၾကိဳက္ေနတဲ့ေကာင္မေလးကို အကိုျဖစ္သူနဲ႔ခ်ိတ္ေပးလိုက္တဲ့ ေဂးေကာင္ေလး


Zawgyiျဖင့္ဖတ္ရန္

တစ္ဥိီးနဲ႔တစ္ဦးအျပင္မွာ မရင္းႏွီးမသိဘူးေပမယ့္ အြန္လုိင္း dating ေၾကာင့္ ဖူးစာပါသြားၾကသူေတြ ကမာၻမွာ ဒုနဲ႔ေဒးပါပဲ။ တစ္ခ်ိဳ႕ကလည္း ကံေကာင္းျပီး တကယ္အခ်စ္စစ္နဲ႔ေတြ႔ၾကသလို၊ တခ်ိဳ႕ကေတာ့ လူလိမ္လူညာေၾကာင့္  ဒူးနဲ႔မ်က္ရည္သုတ္ခဲ့ရသူေတြလည္း မနဲပါဘူး။

ဒါေပမယ့္ အေမရိကန္ႏိုင္ငံ ၊ အုိင္အိုိ၀ါျပည္နယ္က အသက္(၁၈)ႏွစ္အရြယ္ Jill ဆိုတဲ့ ေက်ာင္းသူေလးတစ္ဦးရဲ႕ အျဖစ္ကေတာ့ ဆန္းက်ယ္တယ္လို႔ ဆိုရမလားပါဘဲ။ ခ်စ္သူရွာဖို႔ အြန္လိုင္း dating လုပ္ရာက Derek ဆိုတဲ့ေကာင္ေလးနဲ႔ေတြ႔ဆံုခဲ့ပါတယ္။

ေက်ာင္းတစ္ေက်ာင္းထဲျဖစ္ေနတာနဲ႔ ေကာင္မေလးက ‌ေကာင္ေလးကို စျပီးဖုန္းနံပါတ္ေပးခ့ဲပါတယ္။ ဒါေပမယ့္ Jill ရဲ႕အစီအစဥ္ေတြ မေအာင္ျမင္ခဲ့ပါဘူး။

ေကာင္ေလးက သူ႔ကိုယ္သူ ေဂး တစ္ေယာက္ပါဆိုျပိီးစာျပန္လာခ့ဲပါတယ္။ တစ္ဆက္တည္းမွာပဲ Derek က သူ႔မွာ သူနဲ႔ခၽြတ္စြပ္တူတဲ့ Scott ဆိုတဲ့အမႊာအကုိတစ္ေယာက္ရွိျပီး ၊ သူကေယာက်ာ္းစစ္စစ္ ျဖစ္တယ္ဆိုကာ မိတ္ဆက္ေပးလိုက္ပါတယ္။ ဒါနဲ႔မျပီးေသးဘဲ Derek က အကိုျဖစ္သူနဲ႔ ေကာင္မေလးကို ဖုန္းနံပါတ္ေပးတာထက္ လူခ်င္းေတြ႔ေပးလိုက္တာက ပိုေကာင္းတယ္ဆိုျပီး သူတို႔ႏွစ္ဦးကို ေတြ႔ဆံုႏိုင္ဖို႔အထိ ကူညီကာ ျမွားနတ္ေမာင္လုပ္ေပးလိုက္တာပါ။

အဲ့ဒီေနာက္ပိုင္းမွာ Scott နဲ႔ Jill တို႔ စံုတြဲေတြအျဖစ္ ဒိတ္လုပ္ျဖစ္သြားၾကပါတယ္။

ေကာင္မေလးက Derekပို႔ထားတ့ဲ မက္ေဆ့ကို ဓာတ္ပံုရုိက္ျပီး တြစ္တာေပၚတင္ကာ အခုလိုေဖာ္ျပခဲ့ပါတယ္။ 

စာထဲမွာ Derekက မင္းက အရမ္းလွတဲ့သူတစ္ေယာက္ပါ။ ဒါေပမယ့္ငါက  ေဂးတစ္ေယာက္ျဖစ္ပါတယ္။ င့ါရဲ႕အမႊာအကိုတစ္ေယာက္ရွိပါတယ္။ သူ႔ဖုန္းနံပါတ္လိုခ်င္ရင္ေပးပါမယ္ဆိုတဲ့ျပန္စာကို တြစ္တာမွာ တင္လုိက္တာပါ။

ေနာက္ထပ္ ပို႔စ္တစ္ခုအျဖစ္ ေကာင္မေလးက ဒီကန္တင္းမွာပဲ ခ်စ္စရာေကာင္ေလးတစ္ေယာက္ကို ငါ့ဖုန္းနံပါတ္ေပးခဲ့ဖူးတယ္။ အခုေတာ့ အဲ့ေကာင္ေလးနဲ႔ခၽြတ္စြပ္တူတဲ့သူ႔အကို Scott နဲ႔ဒိတ္လုပ္ျဖစ္သြားခဲ့တယ္။ နဖူးစာရြာလည္မႈၾကီးက ဘယ္ေလာက္ဆန္းၾကယ္လဲဆိုျပီး သူမရဲ႕အျဖစ္အပ်က္အေၾကာင္းေရးသားခဲ့တာျဖစ္ပါတယ္။

Khaing Sandar

Credit:Shwemom

Unicodeဖြင့်ဖတ်ရန်

သူ့ကို လိုက်ကြိုက်နေတဲ့ကောင်မလေးကို အကိုဖြစ်သူနဲ့ချိတ်ပေးလိုက်တဲ့ ဂေးကောင်လေး

တစ်ဦးနဲ့တစ်ဦးအပြင်မှာ မရင်းနှီးမသိဘူးပေမယ့် အွန်လိုင်း dating ကြောင့် ဖူးစာပါသွားကြသူတွေ ကမ္ဘာမှာ ဒုနဲ့ဒေးပါပဲ။ တစ်ချို့ကလည်း ကံကောင်းပြီး တကယ်အချစ်စစ်နဲ့တွေ့ကြသလို၊ တချို့ကတော့ လူလိမ်လူညာကြောင့်  ဒူးနဲ့မျက်ရည်သုတ်ခဲ့ရသူတွေလည်း မနဲပါဘူး။

ဒါပေမယ့် အမေရိကန်နိုင်ငံ ၊ အိုင်အိုဝါပြည်နယ်က အသက်(၁၈)နှစ်အရွယ် Jill ဆိုတဲ့ ကျောင်းသူလေးတစ်ဦးရဲ့ အဖြစ်ကတော့ ဆန်းကျယ်တယ်လို့ ဆိုရမလားပါဘဲ။ ချစ်သူရှာဖို့ အွန်လိုင်း dating လုပ်ရာက Derek ဆိုတဲ့ကောင်လေးနဲ့တွေ့ဆုံခဲ့ပါတယ်။

ကျောင်းတစ်ကျောင်းထဲဖြစ်နေတာနဲ့ ကောင်မလေးက ‌ကောင်လေးကို စပြီးဖုန်းနံပါတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် Jill ရဲ့အစီအစဉ်တွေ မအောင်မြင်ခဲ့ပါဘူး။

ကောင်လေးက သူ့ကိုယ်သူ ဂေး တစ်ယောက်ပါဆိုပြီးစာပြန်လာခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ Derek က သူ့မှာ သူနဲ့ချွတ်စွပ်တူတဲ့ Scott ဆိုတဲ့အမွှာအကိုတစ်ယောက်ရှိပြီး ၊ သူကယောကျာ်းစစ်စစ် ဖြစ်တယ်ဆိုကာ မိတ်ဆက်ပေးလိုက်ပါတယ်။ ဒါနဲ့မပြီးသေးဘဲ Derek က အကိုဖြစ်သူနဲ့ ကောင်မလေးကို ဖုန်းနံပါတ်ပေးတာထက် လူချင်းတွေ့ပေးလိုက်တာက ပိုကောင်းတယ်ဆိုပြီး သူတို့နှစ်ဦးကို တွေ့ဆုံနိုင်ဖို့အထိ ကူညီကာ မြှားနတ်မောင်လုပ်ပေးလိုက်တာပါ။

အဲ့ဒီနောက်ပိုင်းမှာ Scott နဲ့ Jill တို့ စုံတွဲတွေအဖြစ် ဒိတ်လုပ်ဖြစ်သွားကြပါတယ်။

ကောင်မလေးက Derekပို့ထားတဲ့ မက်ဆေ့ကို ဓာတ်ပုံရိုက်ပြီး တွစ်တာပေါ်တင်ကာ အခုလိုဖော်ပြခဲ့ပါတယ်။ 

စာထဲမှာ Derekက မင်းက အရမ်းလှတဲ့သူတစ်ယောက်ပါ။ ဒါပေမယ့်ငါက  ဂေးတစ်ယောက်ဖြစ်ပါတယ်။ င့ါရဲ့အမွှာအကိုတစ်ယောက်ရှိပါတယ်။ သူ့ဖုန်းနံပါတ်လိုချင်ရင်ပေးပါမယ်ဆိုတဲ့ပြန်စာကို တွစ်တာမှာ တင်လိုက်တာပါ။

နောက်ထပ် ပို့စ်တစ်ခုအဖြစ် ကောင်မလေးက ဒီကန်တင်းမှာပဲ ချစ်စရာကောင်လေးတစ်ယောက်ကို ငါ့ဖုန်းနံပါတ်ပေးခဲ့ဖူးတယ်။ အခုတော့ အဲ့ကောင်လေးနဲ့ချွတ်စွပ်တူတဲ့သူ့အကို Scott နဲ့ဒိတ်လုပ်ဖြစ်သွားခဲ့တယ်။ နဖူးစာရွာလည်မှုကြီးက ဘယ်လောက်ဆန်းကြယ်လဲဆိုပြီး သူမရဲ့အဖြစ်အပျက်အကြောင်းရေးသားခဲ့တာဖြစ်ပါတယ်။

Khaing Sandar

Credit:Shwemom

မှတ်ချက်များ