တစ္စကၠန႔္အတြင္း ကုေဋတစ္သိန္းေလာက္ႀကီးမားတဲ့ ကုသိုလ္ေတြရရွိသြားႏိုင္မည့္ ေနနည္းမ်ား




Zawgyiျဖင့္ဖတ္ရန္

၁။ ႏိုးႏိုးခ်င္း….ျမတ္စြာဘုရားရွင္ ေဟာၾကားဆုံးမသည့္အတိုင္း ႏိုးႏိုးခ်င္း ထထခ်င္း အေနအထား မေျပာင္းမေ႐ြ႕ပဲ ဝင္ေလ ထြက္ေလေလးကို သတိကပ္မွတ္ ေနလိုက္ပါမယ္။ ဒါဆိုႀကီးမားတဲ့ကုသိုလ္ေတြက တစ္စကၠန႔္မွာ ကုေဋတစ္သိန္းႏႈန္းျဖင့္ ရရွိသြားၿပီးလည္းျဖစ္ပါတယ္။
ခါတိုင္းလို ေသာကျဖင့္ ႏိုးထျခင္း မဟုတ္ေတာ့သည့္အတြက္ မဂၤလာတရားျဖင့္စတင္သည့္ ေန႔ေလးျဖစ္သြားပါတယ္။

၂။ လႈပ္လႈပ္႐ြ႐ြ ဟူသမွ်….အိမ္သာသြားရာ၊ သြားတိုက္ရာ၊ မ်က္ႏွာသစ္ရာ တစ္မိနစ္ပဲျဖစ္ပါရေစ၊ သတိကပ္၍ သိေနရန္ ႀကိဳးစားေနလိုက္ပါ့မယ္။


၃။ သက္ရွိထင္ရွား ျမတ္စြာဘုရားအား….၃.၁. မျပဳမီဝမ္းသာ….ေရတစ္ခြက္ပဲျဖစ္ျဖစ္၊ ျပည့္ျပည့္စုံစုံပဲျဖစ္ျဖစ္ ဘုရားရွင္အားကပ္လွႈရန္ ျပင္ဆင္ရာမွာ ကုသိုလ္ျပဳရေတာ့မယ္ဟု ဝမ္းသာပီတိေတြျဖစ္ေနပါ့မယ္။

၃.၂. ျပဳဆဲဝမ္းသာ….ဘုရားကပ္လွႈရာမွာ သက္ေတာ္ထင္ရွား ရွိသည္ဟု မွန္းဆၿပီး ကုသိုလ္ ျပဳရၿပီဟု ဝမ္းေျမာက္ ဝမ္းသာျဖစ္ေနပါ့မယ္။ ဒါဆိုကုသိုလ္က အမ်ားႀကီး ျဖစ္ေနပါၿပီ။

၃.၃. ျပဳၿပီးဝမ္းသာ….ကုသိုလ္တို႔ကို ျပဳခဲ့ရေလေပၿပီဟု ျပန္လည္ဆင္ျခင္ၿပီး ဝမ္းေျမာက္ဝမ္းသာ ျဖစ္ေနလိုက္ပါ။

၃.၄. ဉာဏ္ထည့္လိုက္ပါ….ကုသိုလ္ျပဳလွ်င္ ကုသိုလ္ရေခ်မည္ဟု ကံ၏အက်ိဳးကို ယုံၾကည္ေသာ ဉာဏ္ေလးထည့္လိုက္ပါ။ အျမတ္ဆုံး တိဟိတ္ကုသိုလ္ ရရွိသြားေပသည္။

၃.၅. ဝိပႆနာဆင္ျခင္….ဘုရားရွိခိုးခ်င္တဲ့စိတ္ကေလးကို သိေနေအာင္ႀကိဳးစားပါမယ္။ (စိတၱာႏုပႆနာ)….ထိုင္ခ် ရွိခိုးအမူအယာေတြ သိေနေအာင္ႀကိဳးစားေနပါမယ္။ (ကာယာႏုပႆနာ)….ေျခမွာလက္မွာ နာက်င္ေနတာ သိေအာင္ႀကိဳးစားပါမယ္။ (ေဝဒနာႏုပႆနာ)….သည္ျဖစ္စဥ္ေလးေတြကို ျပန္လည္ဆင္ျခင္ေနရင္ (ဓမၼာႏုပႆနာ)….ဒါဆိုအိမ္မွာပဲ၊ သိန္းေထာင္ခ်ီမလႈႏိုင္ေပမဲ့ကုသိုလ္ထူးေတြမ်ားစြာ ရရွိေနၿပီ ျဖစ္ပါတယ္။


၄။ သန႔္ရွင္း ခ်က္ျပဳတ္…,အိမ္သူအိမ္သားမ်ား အစစ အရာရာ အဆင္ေျပပါေစ၊တရားအားထုတ္ႏိုင္ရန္အလို႔ငွာစားသုံးႏိုင္ၾကပါေစ၊နိဗၺာန္၏ အေထာက္အပံ့ ျဖစ္ပါေစလို႔ ေမတၱာ ပြားေနရင္
အလြန္အားႀကီးတဲ့ ကုသိုလ္ ရရွိသြားျပန္ပါၿပီ။

၅။ ေထြေထြစုစု….ထမင္းဆာလာရင္ ခ်က္ခ်င္းမထပဲ ထခ်င္တဲ့စိတ္၊ စားခ်င္တဲ့စိတ္ကို တစ္မိနစ္ခန႔္၊ ေရခ်ိဳးခ်င္လာရင္ ခ်က္ခ်င္းမထပဲ ခ်ိဳးခ်င္စိတ္ကို တစ္မိနစ္ခန႔္ သိေနလိုက္ပါ။ အိပ္ခ်င္လာရင္၊ သြားခ်င္ရာတြင္ နည္းတူျပဳလိုက္ပါ။ ဘာဝနာ ကုသိုလ္မို႔ စြမ္းအားအလြန္ႀကီးမားပါတယ္။ဖိနပ္ကို ညီညီညာညာ သတိနဲ႔ခြၽတ္မယ္၊ ဝတ္ပါမယ္။ စကားကို ေအးေအးေဆးေဆး ႏူးႏူးညံ့ညံ့ ေျပာပါမယ္။ T.V ၾကည့္ျခင္း၊ စကားမ်ားမ်ားေျပာျခင္း၊ သီခ်င္းနားေထာင္ျခင္းေတြက
အကုသိုလ္မ်ားေစတာမို႔ နည္းနည္းခ်င္း တိုး၍ တိုး၍ ေလ်ာ့ပါမယ္။ အတင္းမေျပာျဖစ္ေအာင္ ႀကိဳးစားထူေထာင္ပါ။ မေကာင္းျမင္ဝါဒ၊ မေကာင္းသည့္ဘက္ေတြးျခင္း ေလ်ာ့ပါ။

ဥပမာ– သည္လူ တရားစာေတြသာ ေရးေနတာ တရားအားထုတ္မွာ မဟုတ္ပါဘူးလို႔ မေတြးပဲ၊ ကိုယ္မသိတာျဖစ္လို႔ တရားလည္းအားထုတ္မွာပါဟု ေတြးလိုက္ပါ။


၆။ အိပ္ယာဝင္….၅မိနစ္ခန႔္ ဝင္ေလ ထြက္ေလကိုျဖစ္ေစ၊ ဗိုက္ေပၚလက္တင္ၿပီး ေဖာင္းတယ္ ပိန္တယ္ သတိကပ္၍ မွတ္ေနလိုက္ပါ။ အားႀကီးေသာကုသိုလ္မ်ား ထပ္ဆင့္ ထပ္မံ ရရွိေနၿပီျဖစ္ပါတယ္။

၇။ အကုသိုလ္မ်ားလွ လူ႔ဘဝ….အဘိဓမၼာအရ သတိမပါပဲ စားတာ၊ ေနတာ၊ ထိုင္တာ အကုသိုလ္တရားေတြမို႔ လူဘဝျပန္ရဖို႔ အလြန္ခဲယဥ္လွပါတယ္တဲ့။ အထက္က အတိုင္းေနမယ္ ဆိုရင္ေတာ့ အကုသိုလ္ပါးလို႔ ကုသိုလ္မ်ားၾကမွာ ျဖစ္ပါတယ္။

ပါခ်ဳပ္ဆရာေတာ္

Unicode ဖြင့်ဖတ်ရန်

၁။ နိုးနိုးချင်း….မြတ်စွာဘုရားရှင် ဟောကြားဆုံးမသည့်အတိုင်း နိုးနိုးချင်း ထထချင်း အနေအထား မပြောင်းမရွေ့ပဲ ဝင်လေ ထွက်လေလေးကို သတိကပ်မှတ် နေလိုက်ပါမယ်။ ဒါဆိုကြီးမားတဲ့ကုသိုလ်တွေက တစ်စက္ကန့်မှာ ကုဋေတစ်သိန်းနှုန်းဖြင့် ရရှိသွားပြီးလည်းဖြစ်ပါတယ်။
ခါတိုင်းလို သောကဖြင့် နိုးထခြင်း မဟုတ်တော့သည့်အတွက် မင်္ဂလာတရားဖြင့်စတင်သည့် နေ့လေးဖြစ်သွားပါတယ်။

၂။ လှုပ်လှုပ်ရွရွ ဟူသမျှ….အိမ်သာသွားရာ၊ သွားတိုက်ရာ၊ မျက်နှာသစ်ရာ တစ်မိနစ်ပဲဖြစ်ပါရစေ၊ သတိကပ်၍ သိနေရန် ကြိုးစားနေလိုက်ပါ့မယ်။


၃။ သက်ရှိထင်ရှား မြတ်စွာဘုရားအား….၃.၁. မပြုမီဝမ်းသာ….ရေတစ်ခွက်ပဲဖြစ်ဖြစ်၊ ပြည့်ပြည့်စုံစုံပဲဖြစ်ဖြစ် ဘုရားရှင်အားကပ်လှှုရန် ပြင်ဆင်ရာမှာ ကုသိုလ်ပြုရတော့မယ်ဟု ဝမ်းသာပီတိတွေဖြစ်နေပါ့မယ်။

၃.၂. ပြုဆဲဝမ်းသာ….ဘုရားကပ်လှှုရာမှာ သက်တော်ထင်ရှား ရှိသည်ဟု မှန်းဆပြီး ကုသိုလ် ပြုရပြီဟု ဝမ်းမြောက် ဝမ်းသာဖြစ်နေပါ့မယ်။ ဒါဆိုကုသိုလ်က အများကြီး ဖြစ်နေပါပြီ။

၃.၃. ပြုပြီးဝမ်းသာ….ကုသိုလ်တို့ကို ပြုခဲ့ရလေပေပြီဟု ပြန်လည်ဆင်ခြင်ပြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်နေလိုက်ပါ။

၃.၄. ဉာဏ်ထည့်လိုက်ပါ….ကုသိုလ်ပြုလျှင် ကုသိုလ်ရချေမည်ဟု ကံ၏အကျိုးကို ယုံကြည်သော ဉာဏ်လေးထည့်လိုက်ပါ။ အမြတ်ဆုံး တိဟိတ်ကုသိုလ် ရရှိသွားပေသည်။

၃.၅. ဝိပဿနာဆင်ခြင်….ဘုရားရှိခိုးချင်တဲ့စိတ်ကလေးကို သိနေအောင်ကြိုးစားပါမယ်။ (စိတ္တာနုပဿနာ)….ထိုင်ချ ရှိခိုးအမူအယာတွေ သိနေအောင်ကြိုးစားနေပါမယ်။ (ကာယာနုပဿနာ)….ခြေမှာလက်မှာ နာကျင်နေတာ သိအောင်ကြိုးစားပါမယ်။ (ဝေဒနာနုပဿနာ)….သည်ဖြစ်စဉ်လေးတွေကို ပြန်လည်ဆင်ခြင်နေရင် (ဓမ္မာနုပဿနာ)….ဒါဆိုအိမ်မှာပဲ၊ သိန်းထောင်ချီမလှုနိုင်ပေမဲ့ကုသိုလ်ထူးတွေများစွာ ရရှိနေပြီ ဖြစ်ပါတယ်။


၄။ သန့်ရှင်း ချက်ပြုတ်…,အိမ်သူအိမ်သားများ အစစ အရာရာ အဆင်ပြေပါစေ၊တရားအားထုတ်နိုင်ရန်အလို့ငှာစားသုံးနိုင်ကြပါစေ၊နိဗ္ဗာန်၏ အထောက်အပံ့ ဖြစ်ပါစေလို့ မေတ္တာ ပွားနေရင်
အလွန်အားကြီးတဲ့ ကုသိုလ် ရရှိသွားပြန်ပါပြီ။

၅။ ထွေထွေစုစု….ထမင်းဆာလာရင် ချက်ချင်းမထပဲ ထချင်တဲ့စိတ်၊ စားချင်တဲ့စိတ်ကို တစ်မိနစ်ခန့်၊ ရေချိုးချင်လာရင် ချက်ချင်းမထပဲ ချိုးချင်စိတ်ကို တစ်မိနစ်ခန့် သိနေလိုက်ပါ။ အိပ်ချင်လာရင်၊ သွားချင်ရာတွင် နည်းတူပြုလိုက်ပါ။ ဘာဝနာ ကုသိုလ်မို့ စွမ်းအားအလွန်ကြီးမားပါတယ်။ဖိနပ်ကို ညီညီညာညာ သတိနဲ့ချွတ်မယ်၊ ဝတ်ပါမယ်။ စကားကို အေးအေးဆေးဆေး နူးနူးညံ့ညံ့ ပြောပါမယ်။ T.V ကြည့်ခြင်း၊ စကားများများပြောခြင်း၊ သီချင်းနားထောင်ခြင်းတွေက
အကုသိုလ်များစေတာမို့ နည်းနည်းချင်း တိုး၍ တိုး၍ လျော့ပါမယ်။ အတင်းမပြောဖြစ်အောင် ကြိုးစားထူထောင်ပါ။ မကောင်းမြင်ဝါဒ၊ မကောင်းသည့်ဘက်တွေးခြင်း လျော့ပါ။

ဥပမာ– သည်လူ တရားစာတွေသာ ရေးနေတာ တရားအားထုတ်မှာ မဟုတ်ပါဘူးလို့ မတွေးပဲ၊ ကိုယ်မသိတာဖြစ်လို့ တရားလည်းအားထုတ်မှာပါဟု တွေးလိုက်ပါ။


၆။ အိပ်ယာဝင်….၅မိနစ်ခန့် ဝင်လေ ထွက်လေကိုဖြစ်စေ၊ ဗိုက်ပေါ်လက်တင်ပြီး ဖောင်းတယ် ပိန်တယ် သတိကပ်၍ မှတ်နေလိုက်ပါ။ အားကြီးသောကုသိုလ်များ ထပ်ဆင့် ထပ်မံ ရရှိနေပြီဖြစ်ပါတယ်။

၇။ အကုသိုလ်များလှ လူ့ဘဝ….အဘိဓမ္မာအရ သတိမပါပဲ စားတာ၊ နေတာ၊ ထိုင်တာ အကုသိုလ်တရားတွေမို့ လူဘဝပြန်ရဖို့ အလွန်ခဲယဉ်လှပါတယ်တဲ့။ အထက်က အတိုင်းနေမယ် ဆိုရင်တော့ အကုသိုလ်ပါးလို့ ကုသိုလ်များကြမှာ ဖြစ်ပါတယ်။


ပါချုပ်ဆရာတော်

မှတ်ချက်များ