YBS 76ေပၚမွာ တို႔ေဆးမိၿပီး ပစ္မွတ္ထားခံရတဲ့ သမီးေလး သတိကပ္ၿပီး ဉာဏ္ ေကာင္းခဲ့လို႔ လြတ္ေျမာက္ခဲ့ရ….
Zawgyi ျဖင့္ဖတ္ရန္
ခုတေလာ လူေပ်ာက္မႈ ျဖစ္စဥ္ေတြဟာ ေၾကာက္မက္ဖြယ္ေကာင္းေလာက္ေအာင္ တိုးပြားလာခဲ့ေပမယ့္ တရားခံ တဦးတေယာက္မွ် ဖမ္းမမိေသးတာကေတာ့ စိုးရိမ္ရမယ့္ အေနအထားပါပဲ။ မေန႔ကလဲ ybs 76 ေပၚမွာ တိုးေဆးမိခဲ့တဲ့ ညီမေလး တေယာက္ ညာဏ္ေကာင္းတာရယ္ ေဆးပမာဏ နည္းသြားတာရယ္ေၾကာင့္ လြတ္ေျမာက္ခြင့္ ရခဲ့ေပမယ့္ သားေကာင္ရွာတဲ့ မုဆိုးေတြဟာ ေနာက္တႀကိမ္း ေဆးပမာဏ မ်ားမ်ား သုံးခဲ့မယ္ဆိုရင္ ေသခ်ာေပါက္ ပါသြားမယ့္ အေနအထား ရွိႏိုင္ပါတယ္။
မေန႔က အျဖစ္အပ်က္ေလးကို မူရင္းတင္သူ may thet khine က အခုလိုပဲ “ဒီေန႔ ႐ုံးကအျပန္ ၇၆ စီးရင္း ေနရာမရလို႔ မတ္တပ္ရပ္ေနခဲ့တာ ကိုယ္ကေတာ့ နားၾကပ္ေလးတပ္ပီး သီခ်င္းေလးနားေထာင္ေနတာေပါ့ ။ ေနာက္ေတာ့ ကားက အရမ္းၾကပ္လာေတာ့ အက်ီအနီဝတ္ထားတဲ့မိန္းမတေယာက္က ကိုယ့္အေနာက္မွာ အရမ္းကပ္ပီးလာရပ္ေနတယ္ ကိုယ္ကလဲ ေအာ္ မိန္းမပဲ့ဆိုပီးဘာမွမေျပာဘဲ ဒီတိုင္းေနေနလိုက္တယ္ ခဏၾကာေတာ့ (ဒူးအေကြး)နားကေန ဆက္ကနဲဆူးသလိုျဖစ္သြားတယ္ အဲ့အထိ ကိုယ္က ဒီတိုင္း ဘာမွမျဖစ္ပါဖူးလို႔ထင္ခဲ့ဝာာ
သိပ္မၾကာဖူး ေခါင္းနည္းနည္းမူးလာပီး ရိပ္ကနဲျဖစ္သြားတယ္။ အဲ့ခ်ိန္မာ ကိုယ္က ငါဆင္းမွရမယ္ဆိုပီး ဆင္းမဲ့ေနရာနားသြားတဲ့အခ်ိန္မွာ အဲ့အနီေရာင္ဝတ္ထားတဲ့မိန္းမနဲ႔ ေဘးနားက ေယာက္်ားတေယာက္က အေရွ႕မာရပ္ေနရင္းကေန ကိုယ္လဲ သြားေရာ ေဘးကေနလိုက္ကပ္လာတယ္ ကိုယ္ကလဲ ကားေပါဲက အျမန္ဆင္းေတာ့ သူတို႔ကေနာက္ကလိုက္လာၾကတယ္ အဲ့တာနဲ႔ အေရွ႕မွာေတြ႕တဲ့ ABC store ထဲဝင္ပီး အိမ္ကလူေတြကိုဖုန္းဆက္ပီး လာေခါဲခိုင္းရတယ္ အဲ့ခ်ိန္ထိ ဆိုင္ေရွ႕မွာ ရစ္သီရစ္သီလုပ္ေနတုန္းပါ ကိုယ္က ဆိုင္ကအမကိုအကူအညီေတာင္းပီး ဆိုင္ထဲမွာပဲ့ေနေနလိုက္တယ္။
ဆိုင္ထဲေရာက္ေတာ့ ဒူးအေကြးနားမာ စူးသလိုျဖစ္ေနေတာ့ၾကည့္လိုက္ေတာ့ အပ္နဲ႔ထိုးထားသလို အစက္ေလးျဖစ္ေနတယ္။ အဲ့ခ်ိန္ထိ ကိုယ့္မာ ဖုန္းတကြမ္ကြမ္နဲ႔ သတိမလြတ္သြားေအာင္လိုက္ဆက္ရတယ္ ။ေနာက္ဆူံး အိမ္ကလူေတြေရာက္လာမွပဲ့မ်က္လုံးမွိတ္ႏိုင္ေတ့ာတယ္ ။
ေျပာခ်င္တာက Bus စီးရင္ ဂ႐ုစိုက္စီးၾကပါ ။”ဆိုၿပီး သူမရဲ႕ အျဖစ္အပ်က္ေလးကို မွ်ေဂထားပါတယ္။ ပရိတ္သတ္ႀကီးလဲ တေယာက္ထဲ မသြားၾကဖို႔ လူရႈပ္တဲ့ေနရာေတြ ေရွာင္ရွားၾကဖို႔နဲ႔ အကယ္၍ မျဖစ္မေန သြားရမယ္ဆိုရင္လဲ ကိုယ္နဲ႔ မသိတဲ့ သူ ေယာက်ာ္း မိန္းမ မေ႐ြး အနားလာမကပ္ဖို႔ သတိထားၾကပါလို႔ အႀကံျပဳေပးလိုက္ပါတယ္ေနာ္။
Source:May Thet Khine
Unicode ဖြင့်ဖတ်ရန်
YBS 76ပေါ်မှာ တို့ဆေးမိပြီး ပစ်မှတ်ထားခံရတဲ့ သမီးလေး သတိကပ်ပြီး ဉာဏ် ကောင်းခဲ့လို့ လွတ်မြောက်ခဲ့ရ….
ခုတလော လူပျောက်မှု ဖြစ်စဉ်တွေဟာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိုးပွားလာခဲ့ပေမယ့် တရားခံ တဦးတယောက်မျှ ဖမ်းမမိသေးတာကတော့ စိုးရိမ်ရမယ့် အနေအထားပါပဲ။ မနေ့ကလဲ ybs 76 ပေါ်မှာ တိုးဆေးမိခဲ့တဲ့ ညီမလေး တယောက် ညာဏ်ကောင်းတာရယ် ဆေးပမာဏ နည်းသွားတာရယ်ကြောင့် လွတ်မြောက်ခွင့် ရခဲ့ပေမယ့် သားကောင်ရှာတဲ့ မုဆိုးတွေဟာ နောက်တကြိမ်း ဆေးပမာဏ များများ သုံးခဲ့မယ်ဆိုရင် သေချာပေါက် ပါသွားမယ့် အနေအထား ရှိနိုင်ပါတယ်။
မနေ့က အဖြစ်အပျက်လေးကို မူရင်းတင်သူ may thet khine က အခုလိုပဲ “ဒီနေ့ ရုံးကအပြန် ၇၆ စီးရင်း နေရာမရလို့ မတ်တပ်ရပ်နေခဲ့တာ ကိုယ်ကတော့ နားကြပ်လေးတပ်ပီး သီချင်းလေးနားထောင်နေတာပေါ့ ။ နောက်တော့ ကားက အရမ်းကြပ်လာတော့ အကျီအနီဝတ်ထားတဲ့မိန်းမတယောက်က ကိုယ့်အနောက်မှာ အရမ်းကပ်ပီးလာရပ်နေတယ် ကိုယ်ကလဲ အော် မိန်းမပဲ့ဆိုပီးဘာမှမပြောဘဲ ဒီတိုင်းနေနေလိုက်တယ် ခဏကြာတော့ (ဒူးအကွေး)နားကနေ ဆက်ကနဲဆူးသလိုဖြစ်သွားတယ် အဲ့အထိ ကိုယ်က ဒီတိုင်း ဘာမှမဖြစ်ပါဖူးလို့ထင်ခဲ့ဝာာ
သိပ်မကြာဖူး ခေါင်းနည်းနည်းမူးလာပီး ရိပ်ကနဲဖြစ်သွားတယ်။ အဲ့ချိန်မာ ကိုယ်က ငါဆင်းမှရမယ်ဆိုပီး ဆင်းမဲ့နေရာနားသွားတဲ့အချိန်မှာ အဲ့အနီရောင်ဝတ်ထားတဲ့မိန်းမနဲ့ ဘေးနားက ယောက်ျားတယောက်က အရှေ့မာရပ်နေရင်းကနေ ကိုယ်လဲ သွားရော ဘေးကနေလိုက်ကပ်လာတယ် ကိုယ်ကလဲ ကားပေါဲက အမြန်ဆင်းတော့ သူတို့ကနောက်ကလိုက်လာကြတယ် အဲ့တာနဲ့ အရှေ့မှာတွေ့တဲ့ ABC store ထဲဝင်ပီး အိမ်ကလူတွေကိုဖုန်းဆက်ပီး လာခေါဲခိုင်းရတယ် အဲ့ချိန်ထိ ဆိုင်ရှေ့မှာ ရစ်သီရစ်သီလုပ်နေတုန်းပါ ကိုယ်က ဆိုင်ကအမကိုအကူအညီတောင်းပီး ဆိုင်ထဲမှာပဲ့နေနေလိုက်တယ်။
ဆိုင်ထဲရောက်တော့ ဒူးအကွေးနားမာ စူးသလိုဖြစ်နေတော့ကြည့်လိုက်တော့ အပ်နဲ့ထိုးထားသလို အစက်လေးဖြစ်နေတယ်။ အဲ့ချိန်ထိ ကိုယ့်မာ ဖုန်းတကွမ်ကွမ်နဲ့ သတိမလွတ်သွားအောင်လိုက်ဆက်ရတယ် ။နောက်ဆူံး အိမ်ကလူတွေရောက်လာမှပဲ့မျက်လုံးမှိတ်နိုင်တေ့ာတယ် ။
ပြောချင်တာက Bus စီးရင် ဂရုစိုက်စီးကြပါ ။”ဆိုပြီး သူမရဲ့ အဖြစ်အပျက်လေးကို မျှဂေထားပါတယ်။ ပရိတ်သတ်ကြီးလဲ တယောက်ထဲ မသွားကြဖို့ လူရှုပ်တဲ့နေရာတွေ ရှောင်ရှားကြဖို့နဲ့ အကယ်၍ မဖြစ်မနေ သွားရမယ်ဆိုရင်လဲ ကိုယ်နဲ့ မသိတဲ့ သူ ယောကျာ်း မိန်းမ မရွေး အနားလာမကပ်ဖို့ သတိထားကြပါလို့ အကြံပြုပေးလိုက်ပါတယ်နော်။
Source:May Thet Khine



မှတ်ချက်များ