ကိုစိုးလြင္လြင္ကေတာင္ ေကာင္းကင္ေပၚက ခ်ီးက်ဴးေနမွာလို႔ဒိုင္ေတြကမွတ္ခ်က္ေပးလိုက္တဲ့ ေအးျမျဖဴရဲ႕ ဗီဒီယိုဖိုင္




Zawgyi ျဖင့္ဖတ္ရန္

ပရိသတ္ေတြစိတ္လႈပ္ရွားစြာ ေစာင့္ေမွ်ာ္ေနတဲ့ Myanmar Idol Season-4 ၿပိဳင္ပြဲႀကီးရဲ႕ ရင္ခုန္စိတ္လႈပ္ရွားစရာ Week ျဖစ္တဲ့ တစ္ခ်ိန္ကနာမည္ေက်ာ္ လူႀကိဳက္မ်ားခဲ့တဲ့ ေတးသံရွင္ စိုးလြင္လြင္ရဲ႕ သီခ်င္းေတြနဲ႔သီဆိုယွဥ္ၿပိဳင္ရမယ့္ အပတ္ကို ေရာက္ရွိလာခဲ့ပါၿပီ ။ ပရိသတ္ခ်စ္တဲ့ေအးျမျဖဴေလးကေတာ့ စိုးလြင္လြင္ရဲ႕ ခ်စ္သူစိတ္ကူး ဆိုတဲ့ေတးသီခ်င္းေလးနဲ႔ အျမဴးႂကြဆုံးပါဝင္ယွဥ္ၿပိဳင္ခဲ့ပါတယ္ ။





အျဖဴေရာင္ဝမ္းဆက္ေလးနဲ႔ အရမ္းကိုလွေနတဲ့ ေအးျမျဖဴေလးကေတာ့ သီဆိုယွဥ္ၿပိဳင္ ၿပီး ၿပိဳင္ပြဲဝင္ေနတယ္လို႔ မထင္ရေလာက္ေအာင္ ေဖ်ာ္ေျဖေရးဆန္ဆန္ သီဆိုသြားခဲ့တဲ့အတြက္ ဒိုင္ေတြအထူးႏွစ္ၿခိဳက္သေဘာက်ခဲ့ၾကသလို ဒိုင္ေတြက ေယာက္်ားေလးသီခ်င္းေတြျဖစ္တဲ့အတြက္ ၿပိဳင္ပြဲဝင္ မိန္းကေလးေတြကို စိုးရိမ္ေနခဲ့ေပမယ့္ ေအးျမျဖဴကေတာ့ ဒိုင္ေတြ စိုးရိမ္ေနသလို ျဖစ္မလာဘဲ ေအာင္ျမင္စြာ သီဆိုယွဥ္ၿပိဳင္ႏိုင္ခဲ့ပါၿပီ ။ ေအးျမျဖဴရဲ႕သီဆိုသြားတာ ေႂကြလြင့္သြားတဲ့ စိုးလြင္လြင္ကေတာင္ ေကာင္းကင္ေပၚက ခ်ီးက်ဴးေနမွာလို႔ ဒိုင္ျဖစ္တဲ့ တင္ဇာေမာ္နဲ႔ ဦးလတ္တို႔က မွတ္ခ်က္ေကာင္းေတြေပးခဲ့ပါတယ္ ။





ေအးျမျဖဴကေတာ့ အၿမဲတမ္းကိုယ္ပိုင္ဟန္ ကိုယ္ပိုင္စတိုင္နဲ႔ သီဆိုတတ္တဲ့ ၿပိဳင္ပြဲဝင္တစ္ေယာက္ျဖစ္တဲ့အတြက္ ပရိသတ္ေတြကို ရသ သစ္တစ္ခုေပးႏိုင္တယ္လို႔ မွတ္ခ်က္ေပးခဲ့ၾကပါတယ္ ။ ျဖဴျဖဴကေတာ့ အဲ့လိုေလးသီဆိုေစခ်င္တာ လို႔ အားရဝမ္းသာ ခ်ီးက်ဴးစကားဆိုခဲ့တာပါ ။ ေအးျမျဖဴရဲ႕ ပရိသတ္ေတြကလည္း စိုးလြင္လြင္ေတးသီခ်င္းေတြကို အေကာင္းဆုံးသီဆိုႏိုင္ခဲ့တဲ့ ေအးျမျဖဴကို Vote ေပးလိုက္ၾကပါဦးေနာ္ ။



Source : Aye Mya Phyu , Crd – Cele Connections


Unicode ဖြင့်ဖတ်ရန်

ကိုစိုးလွင်လွင်ကတောင် ကောင်းကင်ပေါ်က ချီးကျူးနေမှာလို့ဒိုင်တွေကမှတ်ချက်ပေးလိုက်တဲ့ အေးမြဖြူရဲ့ ဗီဒီယိုဖိုင်

ပရိသတ်တွေစိတ်လှုပ်ရှားစွာ စောင့်မျှော်နေတဲ့ Myanmar Idol Season-4 ပြိုင်ပွဲကြီးရဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာ Week ဖြစ်တဲ့ တစ်ချိန်ကနာမည်ကျော် လူကြိုက်များခဲ့တဲ့ တေးသံရှင် စိုးလွင်လွင်ရဲ့ သီချင်းတွေနဲ့သီဆိုယှဉ်ပြိုင်ရမယ့် အပတ်ကို ရောက်ရှိလာခဲ့ပါပြီ ။ ပရိသတ်ချစ်တဲ့အေးမြဖြူလေးကတော့ စိုးလွင်လွင်ရဲ့ ချစ်သူစိတ်ကူး ဆိုတဲ့တေးသီချင်းလေးနဲ့ အမြူးကြွဆုံးပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ် ။



အဖြူရောင်ဝမ်းဆက်လေးနဲ့ အရမ်းကိုလှနေတဲ့ အေးမြဖြူလေးကတော့ သီဆိုယှဉ်ပြိုင် ပြီး ပြိုင်ပွဲဝင်နေတယ်လို့ မထင်ရလောက်အောင် ဖျော်ဖြေရေးဆန်ဆန် သီဆိုသွားခဲ့တဲ့အတွက် ဒိုင်တွေအထူးနှစ်ခြိုက်သဘောကျခဲ့ကြသလို ဒိုင်တွေက ယောက်ျားလေးသီချင်းတွေဖြစ်တဲ့အတွက် ပြိုင်ပွဲဝင် မိန်းကလေးတွေကို စိုးရိမ်နေခဲ့ပေမယ့် အေးမြဖြူကတော့ ဒိုင်တွေ စိုးရိမ်နေသလို ဖြစ်မလာဘဲ အောင်မြင်စွာ သီဆိုယှဉ်ပြိုင်နိုင်ခဲ့ပါပြီ ။ အေးမြဖြူရဲ့သီဆိုသွားတာ ကြွေလွင့်သွားတဲ့ စိုးလွင်လွင်ကတောင် ကောင်းကင်ပေါ်က ချီးကျူးနေမှာလို့ ဒိုင်ဖြစ်တဲ့ တင်ဇာမော်နဲ့ ဦးလတ်တို့က မှတ်ချက်ကောင်းတွေပေးခဲ့ပါတယ် ။



အေးမြဖြူကတော့ အမြဲတမ်းကိုယ်ပိုင်ဟန် ကိုယ်ပိုင်စတိုင်နဲ့ သီဆိုတတ်တဲ့ ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့အတွက် ပရိသတ်တွေကို ရသ သစ်တစ်ခုပေးနိုင်တယ်လို့ မှတ်ချက်ပေးခဲ့ကြပါတယ် ။ ဖြူဖြူကတော့ အဲ့လိုလေးသီဆိုစေချင်တာ လို့ အားရဝမ်းသာ ချီးကျူးစကားဆိုခဲ့တာပါ ။ အေးမြဖြူရဲ့ ပရိသတ်တွေကလည်း စိုးလွင်လွင်တေးသီချင်းတွေကို အကောင်းဆုံးသီဆိုနိုင်ခဲ့တဲ့ အေးမြဖြူကို Vote ပေးလိုက်ကြပါဦးနော် ။

Source : Aye Mya Phyu , Crd – Cele Connections



မှတ်ချက်များ