ပနားမားႏုိင္ငံတြင္းက ဆန္မီဂြယ္လီႏုိေဒသမွာ ေနထုိင္တဲ့ အသက္ (၃၅)ႏွစ္အရြယ္ အမ်ိဳးသားရဲ႕ ေခြးကုိ အသက္စြန္႔ၿပီး ခ်စ္ပုံက တကယ့္ကုိ ေျပာစမွတ္ျဖစ္ခဲ့ရတာပါ။
ကယ္လ္ဒါရြန္ ဆုိတဲ့ အမ်ိဳးသားဟာ ေရစီးထဲမွာ ေမ်ာသြားခဲ့တဲ့ သူ႕ရဲ႕ ေခြးကုိ ကယ္တင္ဖုိ႔အတြက္ သူ႕ရဲ႕ အႏၱရာယ္ကုိ အမႈမထားခဲ့တာကုိ ေတြ႕ခဲ့ရပါတယ္။
ကယ္လ္ဒါရြန္ တုိ႔ ေနထုိင္တဲ့ ေနရာနားမွာ မုိးသည္းထန္စြာရြာခဲ့ၿပီး ေရကာတာ ကေန ေရေတြေဖာက္ထုတ္လုိက္တာေၾကာင့္ ေရေတြလွ်ံကုန္ခဲ့တာပါ။
ေရကာတာကေန စီးလာတဲ့ေရေတြဟာ အရွိန္ျပင္းတာေၾကာင့္ လူတစ္ေယာက္ အခ်ိန္မေရြး ေမ်ာပါသြားႏုိင္တဲ့ အေနအထားပါ။ အဲဒီအခ်ိန္မွာ ကယ္လ္ဒါရြန္နဲ႔ သူ႕ရဲ႕ေခြးေလးဟာ ေရစီးေနတဲ့ ေနရာရဲ႕ တစ္ဖက္ တစ္ခ်က္စီမွာ ရွိေနၾကၿပီး အဲဒီေခြးေလးက သူ႕ရဲ႕သခင္ဆီကုိ ကူးလာဖုိ႔ ႀကိဳးစားခဲ့တာပါ။
ဒါေပမယ့္ ေရစီးသန္လြန္းလွတာေၾကာင့္ ေခြးေလးဟာ ေျခေခ်ာ္က်သြားခဲ့ၿပီး ေရစီးအတုိင္းေမ်ာပါသြားပါေတာ့တယ္။ ကယ္လ္ဒါရြန္လည္း သူ႕ေခြးေလး ေမ်ာသြားတာကုိ ျမင္လုိက္ရတာနဲ႔ ခ်က္ခ်င္းပဲ ေရထဲကုိ ခုန္ဆင္းခဲ့ၿပီးေရစီးအတုိင္းလုိက္ကာ သူ႕ရဲ႕ေခြးေလးကုိ ကယ္တင္ခဲ့ပါတယ္။
တကယ္ေတာ့ ကယ္လ္ဒါရြန္ရဲ႕ လုပ္ပုံက အႏၱရာယ္မ်ားလြန္းလွၿပီး ေရစီးသန္လြန္းတဲ့အေနအထားမွာ သူ႕ရဲ႕ အသက္ေတာင္ဆုံးရႈံးသြားႏုိင္တယ္လုိ႔ ေ၀ဖန္သူေတြ ရွိေနခဲ့တာပါ။
ေနာက္ဆုံးမွာေတာ့ ကယ္လ္ဒါရြန္က သူ႕ရဲ႕ေခြးေလး ဖူလုိ ကုိ ကယ္တင္လုိက္ႏုိင္ခဲ့ၿပီး အဲဒီ ဗီဒီယုိဖုိင္ေလးက ဆုိရွယ္မီဒီယာေတြေပၚကုိ ပ်ံ႕ႏွံ႔သြားခဲ့တာပါ။
တခ်ိဳ႕က ကယ္လ္ဒါရြန္ရဲ႕ တိရစာၦန္ခ်စ္တတ္ပုံကုိ ခ်ီးက်ဴးခဲ့ၾကေပမယ့္ တခ်ိဳ႕ကေတာ့ ကုိယ့္အသက္ထက္ ဘယ္အရာမွ အေရးမႀကီးဘူးလုိ႔ မွတ္ခ်က္ေပးခဲ့ၾကပါတယ္။
Credit:Shwemom
ရေထဲမှာ မျောသွားတဲ့ခွေးလေးကို အသက်စွန့်ပြီး ကယ်ခဲ့တဲ့သခင်
ပနားမားနိုင်ငံတွင်းက ဆန်မီဂွယ်လီနိုဒေသမှာ နေထိုင်တဲ့ အသက် (၃၅)နှစ်အရွယ် အမျိုးသားရဲ့ ခွေးကို အသက်စွန့်ပြီး ချစ်ပုံက တကယ့်ကို ပြောစမှတ်ဖြစ်ခဲ့ရတာပါ။
ကယ်လ်ဒါရွန် ဆိုတဲ့ အမျိုးသားဟာ ရေစီးထဲမှာ မျောသွားခဲ့တဲ့ သူ့ရဲ့ ခွေးကို ကယ်တင်ဖို့အတွက် သူ့ရဲ့ အန္တရာယ်ကို အမှုမထားခဲ့တာကို တွေ့ခဲ့ရပါတယ်။
ကယ်လ်ဒါရွန် တို့ နေထိုင်တဲ့ နေရာနားမှာ မိုးသည်းထန်စွာရွာခဲ့ပြီး ရေကာတာ ကနေ ရေတွေဖောက်ထုတ်လိုက်တာကြောင့် ရေတွေလျှံကုန်ခဲ့တာပါ။
ရေကာတာကနေ စီးလာတဲ့ရေတွေဟာ အရှိန်ပြင်းတာကြောင့် လူတစ်ယောက် အချိန်မရွေး မျောပါသွားနိုင်တဲ့ အနေအထားပါ။ အဲဒီအချိန်မှာ ကယ်လ်ဒါရွန်နဲ့ သူ့ရဲ့ခွေးလေးဟာ ရေစီးနေတဲ့ နေရာရဲ့ တစ်ဖက် တစ်ချက်စီမှာ ရှိနေကြပြီး အဲဒီခွေးလေးက သူ့ရဲ့သခင်ဆီကို ကူးလာဖို့ ကြိုးစားခဲ့တာပါ။
ဒါပေမယ့် ရေစီးသန်လွန်းလှတာကြောင့် ခွေးလေးဟာ ခြေချော်ကျသွားခဲ့ပြီး ရေစီးအတိုင်းမျောပါသွားပါတော့တယ်။ ကယ်လ်ဒါရွန်လည်း သူ့ခွေးလေး မျောသွားတာကို မြင်လိုက်ရတာနဲ့ ချက်ချင်းပဲ ရေထဲကို ခုန်ဆင်းခဲ့ပြီးရေစီးအတိုင်းလိုက်ကာ သူ့ရဲ့ခွေးလေးကို ကယ်တင်ခဲ့ပါတယ်။
တကယ်တော့ ကယ်လ်ဒါရွန်ရဲ့ လုပ်ပုံက အန္တရာယ်များလွန်းလှပြီး ရေစီးသန်လွန်းတဲ့အနေအထားမှာ သူ့ရဲ့ အသက်တောင်ဆုံးရှုံးသွားနိုင်တယ်လို့ ဝေဖန်သူတွေ ရှိနေခဲ့တာပါ။
နောက်ဆုံးမှာတော့ ကယ်လ်ဒါရွန်က သူ့ရဲ့ခွေးလေး ဖူလို ကို ကယ်တင်လိုက်နိုင်ခဲ့ပြီး အဲဒီ ဗီဒီယိုဖိုင်လေးက ဆိုရှယ်မီဒီယာတွေပေါ်ကို ပျံ့နှံ့သွားခဲ့တာပါ။
တချို့က ကယ်လ်ဒါရွန်ရဲ့ တိရစ္ဆာန်ချစ်တတ်ပုံကို ချီးကျူးခဲ့ကြပေမယ့် တချို့ကတော့ ကိုယ့်အသက်ထက် ဘယ်အရာမှ အရေးမကြီးဘူးလို့ မှတ်ချက်ပေးခဲ့ကြပါတယ်။
Credit:Shwemom


မှတ်ချက်များ