ခ်စ္တဲ႔သူကို လက္ထပ္မလား လက္ထပ္တဲ့သူကုိ ခ်စ္မလား ?





Zawgyiျဖင့္ဖတ္ရန္

“ဘာျဖစ္လို႔ လူေတြက လက္ထပ္တဲ့ သူနဲ႔ ခ်စ္တဲ့သူ မတူၾကတာလဲ?” တပည့္က ဆရာ့ကို ေမးခြန္း တစ္ခု ထုတ္လိုက္တယ္။ ဆရာက “မင္းေမးခြန္းကို ေျဖရမယ္ဆိုရင္ ဂ်ဳံခင္းကိုသြား၊ အေကာင္းဆုံး ဂ်ဳံကို ေ႐ြး ယူခဲ့၊ ၿပီရင္ ျပန္လာ၊ စည္းမ်ဥ္း တစ္ခု ရွိတယ္။ မင္း စိတ္ႀကိဳက္ လိုက္ရွာလို႔ရတယ္ ၊ ဒါေပမယ့္ မင္း ျဖတ္သြားတဲ့ ဂ်ဳံေတြကို ေနာက္မွ ျပန္လွည့္ပီး ယူခြင့္မရွိဘူး”

တပည့္ျဖစ္သူလည္း ဂ်ဳံခင္းထဲကို ထြက္သြားခဲ့တယ္။ စိုက္ခင္းလည္း ေရာက္ေကာ ၊ ပထမဆုံး အတန္းမွာတင္ အႀကီးဆုံး ဂ်ဳံကို ေတြ႕လိုက္ရတယ္။ ေတြ႕ေတြ႕ခ်င္းလည္း ႀကိဳက္သြားတယ္။ ဒါေပမယ့္ ေရွ႕မွာ အဲ့ထက္ ပို ေကာင္းတဲ့ ဂ်ဳံေတြ ရွိဦးမယ္လို႔ ေမွ်ာ္လင့္ထားတယ္။ ဒီလိုနဲ႔ ဆက္ေလွ်ာက္သြားခဲ့တယ္။ အဲ့ဒီေနာက္ ပထမ သူေတြ႕ခဲ့တဲ့ အေကာင္းဆုံးဆိုတဲ့ ဂ်ဳံထက္ ပိုေကာင္းတဲ့ ဂ်ဳံကို ထပ္ေတြ႕ခဲ့တယ္။ ဒါေပမယ့္ သူထပ္ေတြးခဲ့တယ္။ ဒီထက္ ပိုေကာင္းတဲ့ အရာက သူ႔ကို ေစာင့္ေနဦးမယ္ေပါ့။

အခ်ိန္တစ္ခုၾကာေတာ့ သူေလွ်ာက္လာခဲ့တာ ဂ်ဳံခင္း တစ္ဝက္ေတာင္ ေက်ာ္လာခဲ့ၿပီ။ သူ သတိထားမိလာတယ္။ သူထပ္ေတြ႕ေနရတဲ့ ဂ်ဳံေတြဟာ ေရွ႕မွာ သူ႔လက္လႊတ္ခဲ့တဲ့ ဂ်ဳံေလာက္ မေကာင္းေတာ့ဘူး ဆိုတာကိုေပါ့။ ေနာက္ဆုံး သူသိသြားတယ္။ သူ အေကာင္းဆုံးတစ္ခုကို ေက်ာခိုင္းခဲ့မိၿပီ။

ဒါေၾကာင့္ သူလည္း ေရွ႕ဆက္မသြားေတာ့ဘဲ လက္ဗလာနဲ႔ ဆရာ့ဆီ ျပန္လာခဲ့တယ္။ အေကာင္းဆုံး တစ္ခုကို ေက်ာခိုင္းခဲ့မိတဲ့ အတြက္ သူ႔ကိုယ္သူ ခြင့္မလႊတ္ႏိုင္ျဖစ္ေနတယ္။ ဆရာ့ကိုလည္း အေၾကာင္းစုံ ေျပာျပခဲ့တယ္။

ဆရာက “မင္းက ပိုေကာင္းတဲ့ တစ္ခုကို ရွာေနတဲ့အခ်ိန္မွာ အေကာင္းဆုံး တစ္ခုကို ဆုံးရႈံးလိုက္ရတယ္၊ ေနာက္ေတာ့ မင္နားလည္သြားတယ္။ ဒါေပမယ့္ မင္းျပန္သြားလို႔ မရေတာ့ဘူး … ဒါဟာ အခ်စ္နဲ႔ဆုံဖူးတဲ့ လူတိုင္းလိုလို ႀကဳံဖူးတယ္၊ ဘဝမွာ ရႏိုင္တဲ့ အေကာင္းဆုံး လူကို ဆုံးရႈံးဖူးတယ္။” တပည့္က ေမးခြန္းတစ္ခု ေမးလိုက္တယ္။ “ဘယ္သူ႔ကိုမွ မခ်စ္သင့္ဘူးလို႔ ဆိုလိုတာလား?”

ဆရာက “မဟုတ္ဘူး လူတိုင္းလိုလို သင့္ေတာ္တဲ့သူနဲ႔ေတြ႕ရင္ ခ်စ္ႏိုင္တာပဲ၊ ဒါေပမယ့္ မင္းသာ တကယ္ခ်စ္ရင္ သူ႔ကို လက္လႊတ္မွာ မဟုတ္ဘူး၊ အထူးသျဖင့္ မင္းရဲ႕ ေဒါသ၊ အတၱ၊ တျခား တစ္ခုနဲ႔ ႏႈိင္းယွဥ္တဲ့ အေၾကာင္း တရားေတြ အတြက္နဲ႔ေပါ့” တပည့္က ထပ္ေမးပါတယ္။ “ဒါဆို ကိုယ္ခ်စ္တဲ့သူနဲ႔ပဲ ဘယ္လို လက္ထပ္ႏိုင္မလဲ” ဆရာက “မင္းေမးခြန္းကို ေျဖရမယ္ဆိုရင္ အခု .. ေျပာင္းခင္းကိုသြား၊ အေကာင္းဆုံး ေျပာင္းဖူး တစ္ဖူးကို ရွာခဲ့၊ ၿပီးရင္ ျပန္လာ? ခုနက စည္းမ်ဥ္းအတိုင္းပဲေနာ္”

“ဒီတစ္ခါေတာ့ လက္ဗလာ မဟုတ္ေတာ့ပါလား?” ဆရာက ေျပာတယ္။ တစ္ဆက္တည္း ထပ္ေျပာတယ္။ “မင္း … အရင္လို ေလာဘ မႀကီးေတာ့ဘဲ အဆင္ေျပတာကိုပဲ ေတြးပီး မင္း ရွာခဲ့တယ္ ၿပီးေတာ့ အဲ့တာကိုလည္း မင္းရႏိုင္တဲ့ အေကာင္းဆုံး တစ္ခုလို႔ ယုံၾကည္တယ္။ ဒါဟာ လက္ထပ္ဖို႔အတြက္ ေ႐ြးခ်ယ္မႈကို ဘယ္လိုလုပ္ၾကလဲ ဆိုတာပဲ”

တပည့္က နည္းနည္း ရႈပ္သလိုလို ျဖစ္သြားတယ္။ ၿပီးေတာ့ ..”ခ်စ္တဲ့သူကို လက္ထပ္တာနဲ႔ လက္ထပ္တဲ့သူကို ခ်စ္တာ ဘယ္ဟာက ပိုေကာင္းလဲ ကြၽန္ေတာ္ ေတြးမိေနတယ္” “မင္းသာ ၀န္ခံခ်င္ရင္ .. အဲ့အေျဖကို မင္း ေျဖဖို႔ လြယ္ပါတယ္ “


ခ်စ္ျခင္းမ်ားစြာျဖင့္ တိုးတက္ေအာင္(ပဲခူး)

Unicode ဖြင့်ဖတ်ရန်

“ဘာဖြစ်လို့ လူတွေက လက်ထပ်တဲ့ သူနဲ့ ချစ်တဲ့သူ မတူကြတာလဲ?” တပည့်က ဆရာ့ကို မေးခွန်း တစ်ခု ထုတ်လိုက်တယ်။ ဆရာက “မင်းမေးခွန်းကို ဖြေရမယ်ဆိုရင် ဂျုံခင်းကိုသွား၊ အကောင်းဆုံး ဂျုံကို ရွေး ယူခဲ့၊ ပြီရင် ပြန်လာ၊ စည်းမျဉ်း တစ်ခု ရှိတယ်။ မင်း စိတ်ကြိုက် လိုက်ရှာလို့ရတယ် ၊ ဒါပေမယ့် မင်း ဖြတ်သွားတဲ့ ဂျုံတွေကို နောက်မှ ပြန်လှည့်ပီး ယူခွင့်မရှိဘူး”

တပည့်ဖြစ်သူလည်း ဂျုံခင်းထဲကို ထွက်သွားခဲ့တယ်။ စိုက်ခင်းလည်း ရောက်ကော ၊ ပထမဆုံး အတန်းမှာတင် အကြီးဆုံး ဂျုံကို တွေ့လိုက်ရတယ်။ တွေ့တွေ့ချင်းလည်း ကြိုက်သွားတယ်။ ဒါပေမယ့် ရှေ့မှာ အဲ့ထက် ပို ကောင်းတဲ့ ဂျုံတွေ ရှိဦးမယ်လို့ မျှော်လင့်ထားတယ်။ ဒီလိုနဲ့ ဆက်လျှောက်သွားခဲ့တယ်။ အဲ့ဒီနောက် ပထမ သူတွေ့ခဲ့တဲ့ အကောင်းဆုံးဆိုတဲ့ ဂျုံထက် ပိုကောင်းတဲ့ ဂျုံကို ထပ်တွေ့ခဲ့တယ်။ ဒါပေမယ့် သူထပ်တွေးခဲ့တယ်။ ဒီထက် ပိုကောင်းတဲ့ အရာက သူ့ကို စောင့်နေဦးမယ်ပေါ့။

အချိန်တစ်ခုကြာတော့ သူလျှောက်လာခဲ့တာ ဂျုံခင်း တစ်ဝက်တောင် ကျော်လာခဲ့ပြီ။ သူ သတိထားမိလာတယ်။ သူထပ်တွေ့နေရတဲ့ ဂျုံတွေဟာ ရှေ့မှာ သူ့လက်လွှတ်ခဲ့တဲ့ ဂျုံလောက် မကောင်းတော့ဘူး ဆိုတာကိုပေါ့။ နောက်ဆုံး သူသိသွားတယ်။ သူ အကောင်းဆုံးတစ်ခုကို ကျောခိုင်းခဲ့မိပြီ။

ဒါကြောင့် သူလည်း ရှေ့ဆက်မသွားတော့ဘဲ လက်ဗလာနဲ့ ဆရာ့ဆီ ပြန်လာခဲ့တယ်။ အကောင်းဆုံး တစ်ခုကို ကျောခိုင်းခဲ့မိတဲ့ အတွက် သူ့ကိုယ်သူ ခွင့်မလွှတ်နိုင်ဖြစ်နေတယ်။ ဆရာ့ကိုလည်း အကြောင်းစုံ ပြောပြခဲ့တယ်။

ဆရာက “မင်းက ပိုကောင်းတဲ့ တစ်ခုကို ရှာနေတဲ့အချိန်မှာ အကောင်းဆုံး တစ်ခုကို ဆုံးရှုံးလိုက်ရတယ်၊ နောက်တော့ မင်နားလည်သွားတယ်။ ဒါပေမယ့် မင်းပြန်သွားလို့ မရတော့ဘူး … ဒါဟာ အချစ်နဲ့ဆုံဖူးတဲ့ လူတိုင်းလိုလို ကြုံဖူးတယ်၊ ဘဝမှာ ရနိုင်တဲ့ အကောင်းဆုံး လူကို ဆုံးရှုံးဖူးတယ်။” တပည့်က မေးခွန်းတစ်ခု မေးလိုက်တယ်။ “ဘယ်သူ့ကိုမှ မချစ်သင့်ဘူးလို့ ဆိုလိုတာလား?”

ဆရာက “မဟုတ်ဘူး လူတိုင်းလိုလို သင့်တော်တဲ့သူနဲ့တွေ့ရင် ချစ်နိုင်တာပဲ၊ ဒါပေမယ့် မင်းသာ တကယ်ချစ်ရင် သူ့ကို လက်လွှတ်မှာ မဟုတ်ဘူး၊ အထူးသဖြင့် မင်းရဲ့ ဒေါသ၊ အတ္တ၊ တခြား တစ်ခုနဲ့ နှိုင်းယှဉ်တဲ့ အကြောင်း တရားတွေ အတွက်နဲ့ပေါ့” တပည့်က ထပ်မေးပါတယ်။ “ဒါဆို ကိုယ်ချစ်တဲ့သူနဲ့ပဲ ဘယ်လို လက်ထပ်နိုင်မလဲ” ဆရာက “မင်းမေးခွန်းကို ဖြေရမယ်ဆိုရင် အခု .. ပြောင်းခင်းကိုသွား၊ အကောင်းဆုံး ပြောင်းဖူး တစ်ဖူးကို ရှာခဲ့၊ ပြီးရင် ပြန်လာ? ခုနက စည်းမျဉ်းအတိုင်းပဲနော်”

“ဒီတစ်ခါတော့ လက်ဗလာ မဟုတ်တော့ပါလား?” ဆရာက ပြောတယ်။ တစ်ဆက်တည်း ထပ်ပြောတယ်။ “မင်း … အရင်လို လောဘ မကြီးတော့ဘဲ အဆင်ပြေတာကိုပဲ တွေးပီး မင်း ရှာခဲ့တယ် ပြီးတော့ အဲ့တာကိုလည်း မင်းရနိုင်တဲ့ အကောင်းဆုံး တစ်ခုလို့ ယုံကြည်တယ်။ ဒါဟာ လက်ထပ်ဖို့အတွက် ရွေးချယ်မှုကို ဘယ်လိုလုပ်ကြလဲ ဆိုတာပဲ”

တပည့်က နည်းနည်း ရှုပ်သလိုလို ဖြစ်သွားတယ်။ ပြီးတော့ ..”ချစ်တဲ့သူကို လက်ထပ်တာနဲ့ လက်ထပ်တဲ့သူကို ချစ်တာ ဘယ်ဟာက ပိုကောင်းလဲ ကျွန်တော် တွေးမိနေတယ်” “မင်းသာ ဝန်ခံချင်ရင် .. အဲ့အဖြေကို မင်း ဖြေဖို့ လွယ်ပါတယ် “


ချစ်ခြင်းများစွာဖြင့် တိုးတက်အောင်(ပဲခူး)

မှတ်ချက်များ