ကိုယ္နဲ႔ လက္မထပ္ရေသးပဲ ေဖ့ဘုတ္ေပၚမွာ ကိုယ့္ခ်စ္သူပုံနဲ႔ႏွစ္ေယာက္ တြဲတင္ျခင္းရဲ႕ ေနာက္ဆက္တြဲ အက်ိဳးရလဒ္
Zawgyi ျဖင့္ဖတ္ရန္
အသိ-သတိ ရွိပါ -ညီမငယ္(သို႔) မနမ္းထိုက္တဲ့ ပန္းတစ္ပြင့္
ကိုယ္နဲ႔ လက္မထပ္ရေသးပဲနဲ႔ facebook ေပၚမွာကိုယ့္ခ်စ္သူ ပုံနဲ႔ႏွစ္ေယာက္ တြဲတင္ျခင္းက ဓါးသြားထက္မွာ လမ္းေလွ်ာက္ေနရတာနဲ႔ အတူတူပါပဲ~ညီမငယ္
တစ္ကယ္လို႔သာ ကံၾကမၼာက လွည့္စားသြားခဲ့ရင္ပထမဦးဆုးံ ထိရွခံစားရမွာက ဘယ္သူလို႔ထင္လဲကိုယ့္ႏွလုးံသား မဟုတ္သလို မာနနဲ႔ သိကၡာေတြပါညီမငယ္ ႏွလုးံသားေတြ နာမက်န္းျဖစ္ေစတာက တိတ္တဆိတ္ေလးငိုေႂကြးလို႔ရတယ္ ….ဂုဏ္သိကၡာေတြ နာမက်န္းျဖစ္ရင္ ပတ္ဝန္းက်င္ရဲ႕ တံေတြးခြက္မွာ ပက္လက္ေမ်ာေနရမွာ ညီမငယ္မိသားစုပါ။
ခ်စ္တာကို လက္ခံပါတယ္ ဒါေပမယ့္ နားလည္မူ႔ဆိုတဲ့အလႊာေလးတစ္ခုျခား႐ုံနဲ႔ လမ္းခြဲသြားၾကရသူေတြ ကိုယ့္မ်က္စိေရွ႕မွာတင္ တစ္ပုံႀကီးပါ -ညီမငယ္ အထူးသျဖင့္ ဆယ္ေက်ာ္သက္အ႐ြယ္ ညီမငယ္မ်ားကိုပိုၿပီး သတိေပးခ်င္ပါတယ္ ….ခ်စ္တတ္စမွာ ေရွ႕ေနာက္မျမင္ပဲအေပ်ာ္႐ြင္ၿပီး ႏွစ္ေယာက္တြဲပုံေတြ လက္မထပ္ရေသးခင္တင္ေနေလ့ရွိၾကတယ္။
ခ်စ္သူႏွစ္ေယာက္ (သဟဇာတ)မက်လို႔-အဆင္မေျပတဲ့အခါ မဆုံခဲ့က်ရင္ျဖစ္ေစ ပထမဦးဆုးံနင့္နာရမွာက ညီမငယ္ တို႔ မိန္းကေလးသာ ျဖစ္ၿပီး ေနာက္တစ္ေယာက္နဲ႔ ခ်စ္တဲ့ အခါမိမိရဲ႕အိမ္ေထာင္ဖက္နဲ႔ အခ်စ္စစ္နဲ႔ ေတြ႕ေသာအခါအရိပ္မည္းႀကီးအျဖစ္ ရွိေနေတာ့မွာပါ။
ခ်စ္တာကို လက္ခံလို႔ ရပါတယ္ …..ဒါေပမယ့္ လက္မထပ္ရေသးခင္ အထိ ႏွစ္ေယာက္တြဲပုံကို facebook လိုက်ယ္ျပန႔္လွတဲ့ လူမူ႔ကြန္ယက္မွာ လုးံဝ မတင္ေစလိုပါ … လက္ထပ္ၿပီး သြားတဲ့ခါ တင္ပါ ျပဳးံေပ်ာ္႐ြင္ေနတဲ့ ဘဝေလးကို အားက်အတုယူရင္းLikeေတြ Ment ေတြအားပါးတရ ေရးေပးေနပါ့မယ္။
တစ္ကယ္ေတာ့ facebook မွာ ႏွစ္ေယာက္တြဲ တင္ရမွအခ်စ္စစ္ ျဖစ္လာမွာ မဟုတ္ပါဘူး ….အဲ့ဒါေတြက အဘိုးအဖြားလက္ထက္မွာ ဘာမွမရွိခဲ့လို႔ ညီမငယ္တို႔ လူျဖစ္လာတာပါ … စဥ္းစားေတြးေခၚတတ္မွ ဘဝကအဓိပၸယ္ရွိသလိုထိန္းသိမ္းသင့္တာကို ထိန္းသိမ္းႏိူင္မွ အဲ့ဒီဘဝက တန္ဖိုးရွိမွာပါ။
ခ်စ္သူက facebook မွာႏွစ္ေယာက္တြဲတင္ရမွ ခ်စ္မယ္ဆိုရင္ ရဲရဲႀကီးသာ လမ္းခြဲလိုက္ပါေတာ့ သူ႔အခ်စ္က တစ္ဖက္သပ္ ႐ူးမိုက္ေနလို႔ပါပဲ … အခ်စ္စစ္က ႏွလုးံသားမွာပဲ ရွိတာပါ သစၥာတရားက အသိညဏ္မွာ ခိုဝင္ေနပါတယ္ facebook ေပၚမွာရွိေနတာမဟုတ္ပါဘူး ညီမငယ္
လူသားတိုင္း လြတ္လပ္စြာ သေဘာထား ကြဲလြဲခြင့္ရွိၾကပါတယ္ ….ဒါေပမယ့္ ကိုယ့္ဘဝအတြက္ ဘယ္ဟာကအဓိက က်သလဲဆိုတာ ဦးေဏွာက္နဲ႔ စဥ္းစားေတြးေခၚတတ္ပါေစ ညီမငယ္
facebook သုးံေနတဲ့ ညီမငယ္မ်ား အမွန္တရားကိုျမတ္ႏိူးတန္ဖိုးထား ၿပီး အနာဂတ္မွာ အျပစ္ကင္းစြာနဲ႔ကမာၻကို ကိုင္လႈပ္မယ့္ ပုခတ္လႊဲေသာ မိခင္ေလာင္းမ်ား ျဖစ္ႏိူင္ၾကပါေစ လို႔ဆုေတာင္းေမတၱာပို႔သလွ်က္…..။
share from: shweman
Unicode ဖြင့်ဖတ်ရန်
ကိုယ်နဲ့ လက်မထပ်ရသေးပဲ ဖေ့ဘုတ်ပေါ်မှာ ကိုယ့်ချစ်သူပုံနဲ့နှစ်ယောက် တွဲတင်ခြင်းရဲ့ နောက်ဆက်တွဲ အကျိုးရလဒ်
အသိ-သတိ ရှိပါ -ညီမငယ်(သို့) မနမ်းထိုက်တဲ့ ပန်းတစ်ပွင့်
ကိုယ်နဲ့ လက်မထပ်ရသေးပဲနဲ့ facebook ပေါ်မှာကိုယ့်ချစ်သူ ပုံနဲ့နှစ်ယောက် တွဲတင်ခြင်းက ဓါးသွားထက်မှာ လမ်းလျှောက်နေရတာနဲ့ အတူတူပါပဲ~ညီမငယ်
တစ်ကယ်လို့သာ ကံကြမ္မာက လှည့်စားသွားခဲ့ရင်ပထမဦးဆုးံ ထိရှခံစားရမှာက ဘယ်သူလို့ထင်လဲကိုယ့်နှလုးံသား မဟုတ်သလို မာနနဲ့ သိက္ခာတွေပါညီမငယ် နှလုးံသားတွေ နာမကျန်းဖြစ်စေတာက တိတ်တဆိတ်လေးငိုကြွေးလို့ရတယ် ….ဂုဏ်သိက္ခာတွေ နာမကျန်းဖြစ်ရင် ပတ်ဝန်းကျင်ရဲ့ တံတွေးခွက်မှာ ပက်လက်မျောနေရမှာ ညီမငယ်မိသားစုပါ။
ချစ်တာကို လက်ခံပါတယ် ဒါပေမယ့် နားလည်မူ့ဆိုတဲ့အလွှာလေးတစ်ခုခြားရုံနဲ့ လမ်းခွဲသွားကြရသူတွေ ကိုယ့်မျက်စိရှေ့မှာတင် တစ်ပုံကြီးပါ -ညီမငယ် အထူးသဖြင့် ဆယ်ကျော်သက်အရွယ် ညီမငယ်များကိုပိုပြီး သတိပေးချင်ပါတယ် ….ချစ်တတ်စမှာ ရှေ့နောက်မမြင်ပဲအပျော်ရွင်ပြီး နှစ်ယောက်တွဲပုံတွေ လက်မထပ်ရသေးခင်တင်နေလေ့ရှိကြတယ်။
ချစ်သူနှစ်ယောက် (သဟဇာတ)မကျလို့-အဆင်မပြေတဲ့အခါ မဆုံခဲ့ကျရင်ဖြစ်စေ ပထမဦးဆုးံနင့်နာရမှာက ညီမငယ် တို့ မိန်းကလေးသာ ဖြစ်ပြီး နောက်တစ်ယောက်နဲ့ ချစ်တဲ့ အခါမိမိရဲ့အိမ်ထောင်ဖက်နဲ့ အချစ်စစ်နဲ့ တွေ့သောအခါအရိပ်မည်းကြီးအဖြစ် ရှိနေတော့မှာပါ။
ချစ်တာကို လက်ခံလို့ ရပါတယ် …..ဒါပေမယ့် လက်မထပ်ရသေးခင် အထိ နှစ်ယောက်တွဲပုံကို facebook လိုကျယ်ပြန့်လှတဲ့ လူမူ့ကွန်ယက်မှာ လုးံဝ မတင်စေလိုပါ … လက်ထပ်ပြီး သွားတဲ့ခါ တင်ပါ ပြုးံပျော်ရွင်နေတဲ့ ဘဝလေးကို အားကျအတုယူရင်းLikeတွေ Ment တွေအားပါးတရ ရေးပေးနေပါ့မယ်။
တစ်ကယ်တော့ facebook မှာ နှစ်ယောက်တွဲ တင်ရမှအချစ်စစ် ဖြစ်လာမှာ မဟုတ်ပါဘူး ….အဲ့ဒါတွေက အဘိုးအဖွားလက်ထက်မှာ ဘာမှမရှိခဲ့လို့ ညီမငယ်တို့ လူဖြစ်လာတာပါ … စဉ်းစားတွေးခေါ်တတ်မှ ဘဝကအဓိပ္ပယ်ရှိသလိုထိန်းသိမ်းသင့်တာကို ထိန်းသိမ်းနိူင်မှ အဲ့ဒီဘဝက တန်ဖိုးရှိမှာပါ။
ချစ်သူက facebook မှာနှစ်ယောက်တွဲတင်ရမှ ချစ်မယ်ဆိုရင် ရဲရဲကြီးသာ လမ်းခွဲလိုက်ပါတော့ သူ့အချစ်က တစ်ဖက်သပ် ရူးမိုက်နေလို့ပါပဲ … အချစ်စစ်က နှလုးံသားမှာပဲ ရှိတာပါ သစ္စာတရားက အသိညဏ်မှာ ခိုဝင်နေပါတယ် facebook ပေါ်မှာရှိနေတာမဟုတ်ပါဘူး ညီမငယ်
လူသားတိုင်း လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့်ရှိကြပါတယ် ….ဒါပေမယ့် ကိုယ့်ဘဝအတွက် ဘယ်ဟာကအဓိက ကျသလဲဆိုတာ ဦးဏှောက်နဲ့ စဉ်းစားတွေးခေါ်တတ်ပါစေ ညီမငယ်
facebook သုးံနေတဲ့ ညီမငယ်များ အမှန်တရားကိုမြတ်နိူးတန်ဖိုးထား ပြီး အနာဂတ်မှာ အပြစ်ကင်းစွာနဲ့ကမ္ဘာကို ကိုင်လှုပ်မယ့် ပုခတ်လွှဲသော မိခင်လောင်းများ ဖြစ်နိူင်ကြပါစေ လို့ဆုတောင်းမေတ္တာပို့သလျှက်…..။
share from: shweman


မှတ်ချက်များ