Zawgyiဖြင့်ဖတ်ရန်
May Thu Soe
Credit:Aunty May
Unicodeဖြင့်ဖတ်ရန်
ဝိတ်ကျဖို့အတွက် တစ်နေ့ကို ရေဘယ်နှခွက် သောက်ရမလဲ?
ရေက ဝိတ်ကျဖြစ်စဉ်မှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတော်တော်များများကို ရေက နေရာယူထားတာပါ။ သင် Diet လုပ်နေတဲ့အချိန်မှာလည်း ရေသောက်ခြင်းက အစာစားချင်စိတ်ကို လျှော့ချပေးပါတယ်။ ဒီတော့ ဝိတ်ကျဖို့အတွက် ရေဘယ်လောက်သောက်ရမလဲ သိထားတာက သင့်အတွက် ပိုကောင်းပါတယ်။
တစ်နေ့ကို ရေဘယ်နှစ်ခွက်သောက်သင့်လဲ??
အားလုံးသိထားတာက တစ်နေ့ကို ရေ ၈ ခွက်သောက်ရမယ်လို့ သိထားကြပါတယ်။ ဒါပေမယ့် ဒါက အတိအကျမဟုတ်သေးပါဘူး။ ရေသောက်တဲ့နေရာမှာ ကိုယ့်ရဲ့ ခန္ဓာကိုယ်အလေးချိန်နဲ့ အချိုးအစားပေါ်မူတည်ပြီး ကွဲပြားသွားပါတယ်။
ပေါင်တစ်ပေါင်ကို ရေခွက်ဝက်သောက်ပေးရပါတယ်။ သင်က ပေါင်ချိန် ၁၅၀ ရှိမယ်ဆိုရင် ရေ ၁၅ ခွက်ကနေ ခွက် ၃၀ အထိသောက်နိုင်ပါတယ်။ သင်က ရာသီဥတုပူတဲ့နေရာမှာ နေထိုင်ပြီး လေ့ကျင့်ခန်းအလုပ်များသူဆိုရင် ရေပိုသောက်ရပါမယ်။ ရာသီဥတုအေးတဲ့နေရာမှာဆိုရင် သောက်ရမယ့်ရေပိုနည်းသွားပါမယ်။
ပေါင်ချိန်ပိုများရင်များသလို ချွေးထွက်များရင်များသလို သောက်ရမယ့် ရေပမာဏကလည်း ပိုများသွားပါတယ်။
May Thu Soe
Credit:Aunty May


မှတ်ချက်များ