ဝတာေၾကာင့္ ျဖစ္တတ္တဲ့ အေၾကာျပတ္ရာကို ေပ်ာက္ကင္းေစမယ့္ နည္းလမ္း (၅) သြယ္
Zawgyiျဖင့္ဖတ္ရန္
အေၾကာျပတ္ရာက ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေတြမွာ အမ်ားဆံုးျဖစ္တတ္ပါတယ္။ ဒါ့အျပင္ ဝိတ္တတ္သြားသူ၊ ဝိတ္က်သြားသူေတြမွာလည္း အေၾကာျပတ္ရာျဖစ္ႏုိ္င္ပါတယ္။ အေၾကာျပတ္ရာကို အထူးသျဖင့္ ဗိုက္သား၊ ေပါင္ေဘးသားနဲ႔ ေျခသလံုးမွာ ေတြ႕ႏိုင္ပါတယ္။ ေျခသလံုးေပၚက အေၾကာျပတ္ရာေတြဆိုရင္ မိန္းကေလးေတြမွာ စကပ္ဝတ္တုိင္း အေႏွာင့္အယွက္ျဖစ္ရပါတယ္။ ဒီေတာ့ ေႏွာင့္ယွက္ေနတဲ့ အေၾကာျပတ္ရာေတြေပ်ာက္သြားဖို႔ သဘာဝနည္းလမ္း (၅) သြယ္ကို ေဝမွ်ေပးလိုပါတယ္။
၁။ ရွားေစာင္းလပ္ပပ္
ရွားေစာင္းလတ္ပတ္က အေရျပားတစ္ရွဴးေတြကို ျပန္လည္အားျဖည့္ေပးပါတယ္။ ရွားေစာင္းလတ္ပတ္ထဲက ဂ်ယ္ကို ထုတ္ယူျပီး အေၾကာျပတ္ရာေပၚလိမ္းေပးပါ။ ျပီးေနာက္ မိနစ္ ၂၀ ကေန ၃၀ အထိထားေပးပါ။ ျပီးေနာက္ ေရေဆးခ်ပါ။ ဒါကိုပံုမွန္လုပ္ေပးပါ။
၂။ သခြားသီးနဲ႔သံပယိုရည္
သံပယိုရည္က အက္ဆစ္ဓာတ္ရွိျပီး အမာရြတ္ေတြကို သက္သာေစပါတယ္။ သခြားသီးက အေရျပားကို အစိုဓာတ္ေပးျပီး ေအးျမေစပါတယ္။ သံပယိုရည္နဲ႔ သခြားသီးေဖ်ာ္ရည္ကို ဆတူေရာျပီး အေၾကာျပတ္ရာေပၚလိမ္းေပးပါ။ အေရျပားထဲ စိမ့္ဝင္သြားပါေစ။ ၁၀ မိနစ္ထားျပီး ေရေဆးခ်လိုက္ပါ။
၃။ ဗာဒံေစ့နဲ႔ အုန္းဆီ
ဗာဒံေစ့အဆီနဲ႔ အုန္းဆီကို ပမာဏ တူတူေရာျပီး အေၾကာျပတ္ရာေပၚလိမ္းေပးပါ။ ဒီနည္းလမ္းက ထိေရာက္ပါတယ္။
၄။ ၾကက္ဆူဆီ
အေၾကာျပတ္ရာေတြက အစိုဓာတ္ကို လိုအပ္ပါတယ္။ ၾကက္ဆူဆီနဲ႔ အေရျပားေပၚ ႏွိပ္နယ္လိုက္တဲ့အခ်ိန္မွာ အသားအေရေခ်ာေမြ႕သြားေစပါတယ္။ ၾကက္ဆူဆီပံုမွန္လိမ္းေပးပါ။
၅။ အာဟာရျဖည့္ Mask
အာဟာရျဖည့္ Mask အတြက္ လိုအပ္တဲ့ပစၥည္းေတြကေတာ့
ၾကက္ဥအႏွစ္ ႏွစ္လံုး
သံပယိုသီးတစ္လုံး
အုတ္ဂ်ံဳ ႏွစ္ဇြန္း
ဗာဒံေစ့အႏွစ္ ၂ ဇြန္း
ပါဝင္ပစၥည္းေတြကို ေမႊလိုက္ပါ။ အႏွစ္ပံုစံရတဲ့အထိ ေမႊပါ။ ျပီးေနာက္ အေၾကာျပတ္ရာေပၚလိမ္းေပးပါ။ ေျခာက္တဲ့အထိထားပါ။ ဒါကို နွစ္ရက္ျခားတစ္ခါ လိမ္းႏိုင္ပါတယ္။
May Thu Soe
Credit:Aunty May
Unicodeဖြင့်ဖတ်ရန်
ဝတာကြောင့် ဖြစ်တတ်တဲ့ အကြောပြတ်ရာကို ပျောက်ကင်းစေမယ့် နည်းလမ်း (၅) သွယ်
အကြောပြတ်ရာက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ အများဆုံးဖြစ်တတ်ပါတယ်။ ဒါ့အပြင် ဝိတ်တတ်သွားသူ၊ ဝိတ်ကျသွားသူတွေမှာလည်း အကြောပြတ်ရာဖြစ်နိုင်ပါတယ်။ အကြောပြတ်ရာကို အထူးသဖြင့် ဗိုက်သား၊ ပေါင်ဘေးသားနဲ့ ခြေသလုံးမှာ တွေ့နိုင်ပါတယ်။ ခြေသလုံးပေါ်က အကြောပြတ်ရာတွေဆိုရင် မိန်းကလေးတွေမှာ စကပ်ဝတ်တိုင်း အနှောင့်အယှက်ဖြစ်ရပါတယ်။ ဒီတော့ နှောင့်ယှက်နေတဲ့ အကြောပြတ်ရာတွေပျောက်သွားဖို့ သဘာဝနည်းလမ်း (၅) သွယ်ကို ဝေမျှပေးလိုပါတယ်။
၁။ ရှားစောင်းလပ်ပပ်
ရှားစောင်းလတ်ပတ်က အရေပြားတစ်ရှူးတွေကို ပြန်လည်အားဖြည့်ပေးပါတယ်။ ရှားစောင်းလတ်ပတ်ထဲက ဂျယ်ကို ထုတ်ယူပြီး အကြောပြတ်ရာပေါ်လိမ်းပေးပါ။ ပြီးနောက် မိနစ် ၂၀ ကနေ ၃၀ အထိထားပေးပါ။ ပြီးနောက် ရေဆေးချပါ။ ဒါကိုပုံမှန်လုပ်ပေးပါ။
၂။ သခွားသီးနဲ့သံပယိုရည်
သံပယိုရည်က အက်ဆစ်ဓာတ်ရှိပြီး အမာရွတ်တွေကို သက်သာစေပါတယ်။ သခွားသီးက အရေပြားကို အစိုဓာတ်ပေးပြီး အေးမြစေပါတယ်။ သံပယိုရည်နဲ့ သခွားသီးဖျော်ရည်ကို ဆတူရောပြီး အကြောပြတ်ရာပေါ်လိမ်းပေးပါ။ အရေပြားထဲ စိမ့်ဝင်သွားပါစေ။ ၁၀ မိနစ်ထားပြီး ရေဆေးချလိုက်ပါ။
၃။ ဗာဒံစေ့နဲ့ အုန်းဆီ
ဗာဒံစေ့အဆီနဲ့ အုန်းဆီကို ပမာဏ တူတူရောပြီး အကြောပြတ်ရာပေါ်လိမ်းပေးပါ။ ဒီနည်းလမ်းက ထိရောက်ပါတယ်။
၄။ ကြက်ဆူဆီ
အကြောပြတ်ရာတွေက အစိုဓာတ်ကို လိုအပ်ပါတယ်။ ကြက်ဆူဆီနဲ့ အရေပြားပေါ် နှိပ်နယ်လိုက်တဲ့အချိန်မှာ အသားအရေချောမွေ့သွားစေပါတယ်။ ကြက်ဆူဆီပုံမှန်လိမ်းပေးပါ။
၅။ အာဟာရဖြည့် Mask
အာဟာရဖြည့် Mask အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့
ကြက်ဥအနှစ် နှစ်လုံး
သံပယိုသီးတစ်လုံး
အုတ်ဂျုံ နှစ်ဇွန်း
ဗာဒံစေ့အနှစ် ၂ ဇွန်း
ပါဝင်ပစ္စည်းတွေကို မွှေလိုက်ပါ။ အနှစ်ပုံစံရတဲ့အထိ မွှေပါ။ ပြီးနောက် အကြောပြတ်ရာပေါ်လိမ်းပေးပါ။ ခြောက်တဲ့အထိထားပါ။ ဒါကို နှစ်ရက်ခြားတစ်ခါ လိမ်းနိုင်ပါတယ်။
May Thu Soe
Credit:Aunty May


မှတ်ချက်များ