ဗီယမ်နာမ်ခွေးမှောင်ခိုဈေးကွက်


ခွေးပေါင်းများစွာကို အခန်းတစ်ခန်းထဲမှာ လှောင်အိမ်တွေနဲ့ ပြွတ်သိပ်ပြီး ထည့်ထားပါတယ်။ လူလေး
ယောက်ဟာ ခွေးတစ်ကောင်ကို လည်မြိုကကိုင်ပြီး လှောင်အိမ်ထဲက ထုတ်လိုက်ပါ တယ်။ နောက်အခန်း တစ်ခန်းထဲက စက်တစ်ခုဆီ ဆွဲခေါ်သွားခဲ့ပါတယ်။ပိုက်တစ်ခုကို ဆန်ပုံး သေးသေးလေးတစ်ခုထဲ စိုက် လိုက်ပါတယ်။

ပိုက်ရဲ့အခြားတစ်ဖက်ကိုတော့ ခွေးရဲ့လည်မျိုထဲ ထိုးထည့် လိုက်ပါတယ်။ပန့်တစ်ခုလို အသုံးပြုတဲ့ စက်ကို အခြားလူသုံးယောက်က ဖိချတဲ့အခါ ဆန်တွေဟာ ခွေးရဲ့လည်မျိုထဲကို ထိုးဝင်သွားကြပါတယ်။နာကျင်
ကြောက်လန့်တာကြောင့် အော်လိုက်တဲ့ ခွေးဆီကနေ မစင်နဲ့ ကျင်ငယ်ရည်တွေပါ ထွက်ကျလာပါတယ်။

ဒါဟာ ဗီယမ်နာမ်ခွေးဈေးကွက်မှာ မရောင်းခင် အလေးချိန်တက်အောင် လုပ်တဲ့နည်းဖြစ်ပါတယ်။
ဗီယမ်နမ်နိုင်ငံတွင်းမှာ ခွေးစားသုံးမှုများပြားတာကြောင့်ကြီးမားတဲ့ မှောင်ခိုဈေးကွက်ကြီး ဖြစ်ပေါ်နေပါတယ်။

ဈေးကွက်လိုအပ်ချက်ကြောင့် လူပေါင်းများစွာဟာ ခွေးပေါင်းများစွာကို ခိုးယူရောင်းချနေကြပါတယ်။
ခွေးအများစုဟာ ထိုင်းနိုင်ငံကနေ ထရပ်ကားတွေနဲ့ တင်သွားလာတာဖြစ်ပါတယ်။ခွေးဂိုဏ်းတွေကို နှိမ်နင်းပြီး ခွေးမှောင်ခို လမ်းကြောင်းကို ပိတ်ဖို့အတွက် Soi Dog ဖောင်ဒေးရှင်းဟာ ထိုင်းနိုင်ငံနဲ့ လွန်ခဲ့တဲ့
ခြောက်လအတွင်း ပူးပေါင်းလုပ်ဆောင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ဒါပေမဲ့ ဈေးကွက်လိုအပ်ချက်က ကြီးမား
နေတာကြောင့် ဗီယမ်နာမ်ခွေးဂိုဏ်းတွေဟာ နိုင်ငံတွင်းမှာ ပိုမိုအားစိုက် လှုပ်ရှားလာပါတယ်။


“ကျွန်တော်လုပ်လာတာ ၇ နှစ်လောက်ရှိပါပြီ။ အကြီးအသေး ကောင်ရေ ၃၀၀၀ လောက် ခိုးခဲ့ပြီးပါပြီ” လို့ ဗီယမ်နမ်ခွေးခိုးသူ တစ်ဦးက ပြောကြားခဲ့ပါတယ်။လမ်းပျောက်နေတဲ့ခွေး၊ အိမ်မွေးခွေး၊ ခြံစောင့်ခွေး ဘာခွေး
မှ မချန်ဘူးလို့ ဆိုပါတယ်။တစ်ချို့ကလည်း စားသောက်ဆိုင်တွေ၊ လမ်းဘေး ခွေးသားဆိုင်တွေအတွက်
ခွေးတွေကို စီးပွားဖြစ် မွေးမြူကြပါတယ်။

အလုပ်ဖြစ်တဲ့ ရက်တစ်ရက်မှာဆိုရင် လမ်းဘေး ခွေးသားဆိုင်တွေဟာ ဖြုန်းအား ကောင်ရေ ၂၀၀၀ လောက် ရှိတယ်လို့ ဆိုပါတယ်။

ဗီယမ်နာမ်မှာ ခွေးခိုးတာဟာ ပြစ်မှုမဟုတ်ဘဲ မိသွားရင် ဒေါ်လာ ၁၀၀ လောက်သာ ဒဏ်ငွေဆောင်ရပါ တယ်။

ဒါပေမဲ့ ဒေါ်လာ ၁၀၀ဆိုတဲ့ ငွေပမာဏဟာ ခွေးခိုးသူတစ်ဦးအတွက်တော့ တစ်ညရှာခပဲရှိပါတယ်။

phothutaw

မှတ်ချက်များ