ပြင်ဦးလွင်မြို့ ကျေးလက် တည်ဆောက်ရေး လုပ်ငန်းခွင်မှ အလေးချိန် ၁၈ ကျပ်သားကျော် ရှိ ရွှေတုံးတစ်တုံး တွေ့ရှိ


မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင် မြို့နယ် ရပ်ကွက်ကြီး (၁ဝ) ရတနာလမ်း၊ ကားကြီးဝင်း မြောက်ဘက် (ယခင် သင်္ချိုင်းဟောင်း) မြေနေရာတွင် သီရိရတနာ ဈေးသစ် တည်ဆောက်ရေး လုပ်ငန်းတွင် မြေထိုး ၊ မြေညှိ၊ မြေဖို့ခြင်း ကို ၄င်းဈေး မြေနေရာ၏ အရှေ့ မြောက်ထောင့် မှ စက်ယန္တရားဖြင့် သယ်ယူပြီး အလုပ် သမား သုံးဦးက မြေဖြန့် ဆောင်ရွက်ရာ အလျား ၃ လက်မ၊ အနံ ၁ လက်မ၊ ထု သုည ဒသမ ၅ စင်တီမီတာ ခန့်ရှိ ရွှေဟုယူဆ ရသော အလေးချိန် ၁၈ ကျပ်သား ၁၂ ပဲ ခန့်ရှိ ရွှေတုံး တစ်တုံးကို စက်တင်ဘာ ၂၇ ရက် ညနေ ၃ နာရီခန့်က တွေ့ရှိ ခဲ့ကြောင်း သိရသည်။

ရွှေတုံး တွေ့ရှိသူ များမှာ ဦးသန်းဦး (ဘ) ဦးတင်အောင်၊ လက်သမား ဦးကျော် (ခ) ဦးအုတ်ကျော် (ဘ) ဦးသောင်းရွှေ၊ သံချီသံကွေး နှင့် ဦးဇော်မျိုးထွန်း (ဘ) ဦးသောင်းရွှေ သံချဉ်သံကွေး တို့ဖြစ်ပြီး အဆိုပါ ရွှေ ဟုယူဆရသော ရွှေတုံးကို ဦးဇော်မျိုးထွန်း က စတင် တွေ့ရှိပြီး ၄င်းတို့ သုံးဦးသည် ဈေး တည်ဆောက်ရေး ဝင်းအတွင်း ၌ အုတ်ရေကန် တွင် ရေဆေးပြီး ကြည့်ရာ ရွှေဖြစ်ကြောင်း သေချာစွာ မသိသဖြင့် ဈေးတည်
ဆောက်ရေး လုပ်ငန်းမှ ကန်ထရိုက် ဦးသန်းနိုင် ထံ သွားရောက် ပြသရာ ၄င်းမှ တစ်ဆင့် ဈေး တည်
ဆောက်ရေး အင်ဂျင်နီယာ ဦးဇော်ဇော် ထံ ဆက်လက် အပ်နှံ ခဲ့ကြောင်း သိရသည်။

ရွှေတုံး တွေ့ရှိမှုနှင့် ပတ်သက်ပြီး ရပ်ကွက်ကြီး (၁ဝ) အုပ်ချုပ်ရေးမှူး ဦးအောင်သက်ဆွေ မှ တစ်ဆင့်စကား အရ စုံစမ်းရာ ဈေး တည်ဆောက်ရေး အင်ဂျင်နီယာ ဦးဇော်ဇော် ထံတွင် အဆိုပါ ရွှေဟု ယူဆရသော အတုံး တစ်တုံး လက်ခံ သိမ်းဆည်း ထားကြောင်း သိရသဖြင့် စက်တင်ဘာ ၂၉ ရက် နံနက် ၁ဝ နာရီခွဲကပြင်ဦးလွင်
မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်နိုင်စိုး ထံ သတင်းပို့ ခဲ့ရာ မြို့နယ် အုပ်ချုပ်ရေးမှူး နှင့် အဖွဲ့ ရောက်ရှိလာပြီး
ဈေး တည်ဆောက် ရေး မြေနေရာ ရှင်းလင်းဆောင် တွင် ရွှေတုံးအား လက်ခံ သိမ်းဆည်း ထားသူ ဦးဇော်ဇော် က မြို့နယ်အဖွဲ့ ရှေ့တွင် ပြသပြီး မြို့နယ်အဖွဲ့ မှ မြို့မဈေးကြီး အတွင်းရှိ ဦးဇော်မင်းဦး ရွှေဆို င်တွင် ရွှေဟုတ်၊ မဟုတ် စိစစ် ခြင်း၊ အလေးချိန် ချိန်တွယ်ခြင်း၊ တိုင်းတာခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ တွေ့ရှိသော ရွှေတုံးသည် အလေးချိန် ၁၈ ကျပ်သား ၁၂ ပဲ၊ ရွှေ အရည်အသွေး ၂၄ ဒသမ ၉ဝဝ ကာရက်၊ ကာလတန်ဖိုး ငွေကျပ် ၁၁၇၅၄ဝဝဝ ဖြစ်ပြီး ၄င်းရွှေတုံး ပေါ်တွင် NATIONAL BANK OF INDIA : 24.900: MOCATTA & GOLDSMID BULLION BROKERS. LONDON ဟု စာတန်း ပါရှိကြောင်း သိရ သည်။

နတ်ဒေါင်း (ပြင်ဦးလွင်) | Yadanarpondaily

မှတ်ချက်များ