![]() |
| Even the smallest of people can make a huge difference. These words cannot be more true in the case of three year old Jingyao Liu. |
တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းရှီပြည်နယ် ရှိ ပြည်သူ့ ဆေးရုံကြီး၌ ဦးနှောက် အကျိတ် ရောဂါဖြင့် ကွယ်လွန် ခဲ့သည့် သုံးနှစ်အရွယ် မိန်းကလေးငယ် တစ်ဦးက လှူဒါန်း ခဲ့သည့် ကိုယ်တွင်းအင်္ဂါ များဖြင့် လူနာငါးဦးကို အစားထိုး ကုသမှုများ ပြုလုပ်ခဲ့ရာ ယခုအခါ ၄င်းတို့၏ အခြေအနေမှာ စိတ်ချရသော အနေအထားတွင် ရှိကြောင်း ၄င်းဆေးရုံမှ ဆရာဝန်များ က စက်တင်ဘာ ၂၉ ရက်တွင် ထုတ်ဖော် ပြောကြား ခဲ့သည်။
လျူကျင်ယောင် အမည်ရှိ အဆိုပါ မိန်းကလေး၏ ကိုယ်တွင်းအင်္ဂါ လှူဒါန်းမှုဖြင့် လူနာ ငါးဦးသည် နှလုံး၊ အ သည်း၊ ကျောက်ကပ် နှင့် မျက်ကြည်လွှာ အစားထိုး ခွဲစိတ် ကုသမှု ခံယူနိုင်ခဲ့ သည်ဟုသိရသည်။
အလှူရှင် မိန်းကလေးသည် လမ်းလျှောက်သည့် အခါ တုန်တုန်ယင်ယင် ဖြစ်သည့် ဝေဒနာကို ခံစားခဲ့ ရပြီး
နောက် ၄င်း ခံစားနေရသည့် ဝေဒနာမှာ ဦးနှောက် အကျိတ်ရောဂါ ဖြစ်ကြောင်း ဆရာဝန်များက ယခုနှစ် အစောပိုင်းတွင် စစ်ဆေး တွေ့ရှိ ခဲ့သည်။ သူမ၏ မိဘနှစ်ပါးက ၄င်းကို ဆေးရုံများသို့ ပို့ဆောင်၍ ဆေးဝါးကု သမှု ခံယူစေခဲ့ သော်လည်း သူမ ဝေဒနာမှာ ကုသရန် အလွန် နောက်ကျသွားပြီ ဖြစ်ကြောင်း ဆရာဝန်များ က ပြောကြား ခဲ့သည်။
လျူကျင်ယောင် ၏ ရောဂါ အခြေအနေမှာ အလွန်ဆိုးရွား လာခဲ့ပြီး စက်တင်ဘာ ၂၃ ရက်က ကျန်းရှီ ပြည် သူ့ ဆေးရုံကြီး ၌ပင် ကွယ်လွန် သွားခဲ့သည်။ လျူကျင်ယောင် ၏ ကိုယ်အင်္ဂါများ ကို အခြား ဝေဒနာရှင်များ အစားထိုး ကုသရန် အတွက် ဆေးရုံမှ တာဝန်ရှိ သူများက လျူကျင်ယောင် ကွယ်လွန်ပြီး မကြာမီ ထုတ်ယူ ခဲ့ကြောင်း သိရှိရသည်။
PyiChitThar




မှတ်ချက်များ