ဦးနှောက်နဲ့ရော နှလုံးသားနဲ့ပါ ချစ်သူကို ရွေးချယ်ထားတဲ့ နန်းဆုရတီစိုး


အနုပညာနဲ့ပတ်သတ်ရင် ကားရိုက်ထက် ဂီတဖက်ကို ပိုမိုဦးစားပေးကာ နယ် ရှိုးတွေကို အဆက်မပြတ် ထွက်နေရတဲ့ နန်းဆုရတီစိုးက မန္တလေးနဲ့ကသာဖက်မှာ ရှိုးလက်ခံထားတယ်လို့ ဖွင့်ဟတဲ့အပြင် ရှေ့ဆက် သွားမှာပဲ အမ်တီဗီကတော့ ခုလောလောဆယ် ၄ပုဒ်၅ပုဒ်လောက်သာ ရိုက်ကူးပြီးစီးထားကြောင်း ဆိုပါ တယ်။ အမ်တီဗီနဲ့ ပတ်သက်ပြီးသူမက “လောလောဆယ်တော့ ရန်ကုန်မှာပဲ ရိုက်ထားတာပါ။

သရုပ်ဆောင်တွေကတော့ နန်းဆုသီချင်းနဲ့လိုက်ဖက်တာတွေကို ရွေးထားတယ်ပေါ့။ လောလောဆယ်
အောင်ရဲလင်း၊ အောင်လေး၊ ဥက္ကာမင်းမောင် ပေါ့။ နန်းဆု သေချာပြင်ဆင်ပြီး ကြိုးစားနေတယ်။ အမ်တီဗီက ရိုက်ရတာမကြာဘူး။ ပြင်ဆင်ရတာ ကြာတယ်။ ရိုက်ဖို့စာတင်ရတာ ဘာညာနဲ့ စာပြန်ကျချိန် စောင့်ရတာ နဲ့ဆိုတော့ နန်းဆုမှန်းလို့မရဘူး ဖြစ်နေတယ်။ အကောင်းဆုံးနဲ့ ပရိသတ်အတွက် စေတနာအပါဆုံး လုပ် မယ်။ ပြီးသွားတဲ့ချိန်မှာပဲ ထွက်မယ်။”လို့ ဆိုပါတယ်။


နယ်ရှိုးတွေဆက်တိုက်ဆိုနေရတာကြောင့် ကားရိုက်နဲ့ပတ်သတ်ပြီး လောလောဆယ် အချိန်မပေးနိုင်သေး ဘူးလို့ ဆိုလိုက်တဲ့ သူမက “ပွင့်လင်းရာသီ ရောက်လာပြီဆိုတော့ နယ်ရှိုးတွေ ဆက်တိုက်ဆိုနေရတယ်။ ကားရိုက်ကျတော့ နန်းဆုကို အချိန်ညှိပြီး ရိုက်ပေးရင် အဆင်ပြေတာပေါ့နော်။ ကိုယ်လဲလုပ်ကွက်ရမယ်။ အချိန်လဲ ညှိရိုက်ပေးရမယ်ဆိုရင်တော့ အဆင်ပြေတယ်။ ဒီကြားထဲမှာက နယ်ရှိုးတွေရယ်၊ နန်းဆုအမ်တီဗီ ရယ် အလုပ်တွေ ရှိတာကြောင့် သိပ်ပြီး ကားရိုက်ဖက်ကို အချိန်မပေးနိုင်သေးဘူး ဖြစ်နေတယ်။

နန်းဆုကို ပြင်ဦးလွင်ရယ်၊ မေမြို့ရယ်မှာ ကားရိုက်၃ကား ဆက်တိုက်လာငှားတာမျိုးရှိတယ်။ နန်းဆုက home sick ရှိတော့ တစ်လလောက်ကြာမှာဆိုတော့ ငြင်းလိုက်တယ်။ လက်မခံဖြစ်ဘူး။ တခြားနေရာမှာလဲ အကြာကြီး မနေတတ်တော့လေ။ ငြင်းလိုက်ရတယ်။ ရက်တိုဆို အရမ်းပျော်တယ်။ ၅ရက်ထိ နေနိုင်တယ်။ တနိုင်တပိုင်နဲ့ပေါ့ပေါ့ပါးပါးနဲ့ပျော်တယ်။ ဥပမာ နယ်ဖက်မှာ ရှိုးသွားဆိုရတာဆို အရမ်းပျော်ပါတယ်”တဲ့။

အချစ်ရေးနဲ့ပတ်သတ်ပြီးတော့ “ငယ်ငယ်တုန်းက ချစ်ချင်တဲ့စိတ်တွေတော့ ရှိခဲ့ဖူးတယ်။ ခုချိန်မှာ ပြန်တွေး ကြည့်တော့ ရယ်ချင်စရာကြီး ဖြစ်နေတာပေါ့နော်။ အချစ်ကို ဖြူဖြူစင်စင် ရိုးရိုးသားသား သန့်သန့်ရှင်းရှင်း ပဲဖြစ်စေချင်တယ်။ ပြီးတော့ နားလည်မှုတွေ၊ သစ္စာရှိမှုတွေနဲ့တော့ အဓိကထားပြီး တည်ဆောက်ချင်တာ
ပေါ့နော်။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုနဲ့သစ္စာရှိမှုပေါ့။

အဲ့ဒါကတော့ နန်းဆု အရမ်းအလေးထားတဲ့အရာပေါ့။ အဲ့နှစ်ခုနဲ့ပဲတည်ဆောက်ပါတယ်။ အချစ်ကို ဦးနှောက်နဲ့ရော၊ နှလုံးသားနဲ့ရော နှစ်ခုစလုံးနဲ့ ရွေးချယ်ထားတာပါ”လို့ သူမက ပြောပြပေးခဲ့ပါတယ်။

Trend Myanmar

မှတ်ချက်များ