ချစ်စရာ ကောင်းလွန်းသည့်ရုပ်ဆင်းသွင်ပြင်ကြောင့်
အခြား မိန်းကလေးများက မနာလိုဖြစ်ကာ ရုပ်ရည် ပျက်ယွင်းသွားစေရန် ၀ိုင်းဝန်း လုပ်ကြံမှု တစ်ခု အာ ဂျင်တီးနား နိုင်ငံ၏ မြို့တစ်မြို့ ဖြစ်သည့် ဂျူအန် ဒို မင်ဂို ပယ်ရွန် တွင် ဖြစ်ပွားခဲ့သည်။
အသက် ၁၅ နှစ် အရွယ်သာ ရှိသေးသည့် ဂျူလီယာ အယ်လ်ဗာရက်ဇ် အမည်ရှိ မိန်းကလေးသည် သူ ငယ်ချင်းများနှင့် တွေ့ဆုံရာမှ အိမ်သို့ ပြန်လာစဉ် သူမ၏ ရုပ်ဆင်း သွင်ပြင်အပေါ် မနာလို ဖြစ်နေသည့် ပြိုင်ဘက် မိန်းကလေး နှစ်ဦး၏ လုပ်ကြံခြင်းကို ခံခဲ့ ရခြင်း ဖြစ်သည်။ တရားခံအဖြစ် စွဲချက်တင်ခြင်း ခံထားရသည့် အသက် ၁၈ နှစ်နှင့် ၁၆ နှစ် အရွယ် မိန်း ကလေး နှစ်ဦးက ဂျူလီယာ၏ အပြန်လမ်းတွင် စောင့်ဆိုင်းကာ အတင်းအကျပ် ၀ိုင်းဝန်း ချုပ်ကိုင်ပြီး မျက်နှာကို ဓားဖြင့် ခြစ်ခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ မပြုလုပ်မီတွင် အဆိုပါ မိန်းကလေး နှစ်ဦးက ဂျူလီယာ၏ မျက်နှာကို တစ္ဆေသရဲ ရုပ်ရှင် ဇာတ်ကား တစ်ကား ဖြစ်သည့် Child Play ဇာတ်ကားမှ ဇာတ်ဆောင်အရုပ် ချက်ကီနှင့် တူအောင် ဖျက်ဆီး ပစ်မည်ဟု ဦးစွာ ခြိမ်းခြောက် ခဲ့ကြောင်း သိရသည်။
အစီရင် ခံစာအရ ကျူးလွန်သူ မိန်းကလေး နှစ်ဦးက ဓားကို ဆွဲထုတ်ကာ “နင့်မျက်နှာကို လူတိုင်းက ချစ် ဖို့ကောင်းတယ်လို့ ပြောကြတယ် ဂျူလီယာ။ ငါတို့ လုပ်ပြီးသွား ရင်တော့ နင်လှနေတော့မှာ မဟုတ်ဘူး။ နင့်ကို လူတွေက ချက်ကီလို့ ခေါ်ကြလိမ့်မယ်”ဟု ခြိမ်းခြောက် ခဲ့ကြောင်း သိရသည်။
ထို့နောက် ဂျူလီယာ၏ မျက်နှာနှင့် ခန္ဓာကိုယ်ကို ဓားဖြင့် စိတ်ကြိုက် ခြစ်ကာ မြေပေါ်ရှိ သွေးအိုင်အတွင်း ပစ်ထားခဲ့ကြသည်။ ဖြတ်သွားဖြတ်လာ လူတစ်ဦးက တွေ့ရှိသဖြင့် ဆေးရုံကားကို ခေါ်ပေးသောကြောင့်သာ ယခုထက် ပို၍ ဆိုးဆိုးရွားရွား မဖြစ်ခဲ့ခြင်း ဖြစ်သည်။ ယင်း တိုက်ခိုက်မှုကြောင့် ဂျူလီယာ အနေဖြင့် မျက်နှာနှင့် နောက်ကျောတွင် ဒဏ်ရာများ ရရှိခဲ့ပြီး ဘယ်ဘက်နားရွက်မှ နှာခေါင်းပေါ်အထိ ရရှိခဲ့သည့် ဒဏ်ရာကြီးမှာ အတော်ပင် ဆိုးရွားလှသည်။ ကျောပေါ်ရှိ ဒဏ်ရာ တစ်ခုမှာလည်း အချက်နှစ်ဆယ်ထိ ချုပ်ခဲ့ရကြောင်း သိရသည်။
ရဲများက ကြူးလွန်ခဲ့သည့် မိန်းကလေး နှစ်ဦးကို စစ်မေးမှုများ ပြုလုပ်ခဲ့ပြီး ၁၆ နှစ်အရွယ် မိန်းက
လေးကို အသက်ငယ်လွန်း သောကြောင့်ဟု ဆိုကာ ပြန်လွှတ်ပေးခဲ့သည်။
အသက် ၁၈ နှစ်အရွယ် မိန်းကလေးကိုမူ ဆက် လက် ထိန်းသိမ်းထားသည်။ ထိန်းသိမ်း ခံထားရ သည့် မိန်းကလေးက မိမိတို့မှာ ဂျူလီယာ၏ စော် ကားမှုကို ခံခဲ့ရ သောကြောင့် ပြန်လည် လက် စားခြေခြင်း ဖြစ်ကြောင်း ချေပထားသည်။
ဂျူလီယာ၏ အစ်မ ဖြစ်သူ ရီနီက “ဒီဒဏ်ရာတွေကြောင့် ကျွန်မ ညီမလေး အရမ်းကို စိတ်ဓာတ်ကျ နေပါ တယ်။ ဟိုနှစ်ယောက်က ကျွန်မ ညီမကို အမြဲတမ်း မနာလို ဖြစ်နေကြတာ။ ကျွန်မတို့ တစ်မိသားစုလုံး ညီမလေးဘက်က ရပ်တည် အားပေးသွား မှာပါ။ ခုတော့ ညီမလေး ခမြာ မှန်ကို ကြည့်မိတိုင်း ဆိုးရွားလှတဲ့ ရုပ်ရည်ကြောင့် ကိုယ့်ကိုကိုယ် သတ်သေချင်တယ် လို့ချည်း ပြောနေရှာတယ်”ဟု ဖွင့်ဟခဲ့သည်။
mizzima

မှတ်ချက်များ