ခွဲစိတ်မှုပြုလုပ်နေစဉ် လူနာရဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းနဲ့ ဓာတ်ပုံရိုက်မှု ပြုလုပ်ခဲ့တဲ့ သူနာပြု ဆရာမ အရေးယူခံရ


ရုရှားနိုင်ငံက သူနာပြု ဆရာမ တစ်ဦးဟာ ခွဲစိတ်မှု ပြုလုပ်နေစဉ် လူနာရဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းနဲ့ ဓာတ် ပုံရိုက်မှု ပြုလုပ်ပြီး၊ လူမှုကွန်ရက် ၀က်ဘ်ဆိုက်ပေါ် လွှင့်တင်ခဲ့ တာမို့ ဝေဖန်ခံခဲ့ရပြီး အရေးယူ မှုကို ရင်ဆိုင်ခဲ့ ရတယ်လို့ သိရပါတယ်။ အသက် (၂၀) နှစ်အရွယ် ယာလာလို ဗာဟာ အလုပ်သင် သူနာပြု တစ်ဦး ဖြစ်ပြီး၊ တိုက်အမြင့်ပေါ် ကနေ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ အတွက် (၁၆) နှစ်အရွယ် ကောင်မလေးကို အရေး
ပေါ်ကုသမှု ပြုလုပ်စဉ် လူနာရဲ့ သရက်ရွက်ကို ကိုင်ကာ လူမှုကွန်ရက် ၀က်ဘ်ဆိုက်မှာ လွှင့်တင်ခဲ့ပါတယ်။

ဒီနောက် ယာလာလိုဗာဟာ လူနာရဲ့ အကြောင်း ကို သူငယ်ချင်းဖြစ်သူနဲ့ လူမှုကွန်ရက် ၀က်ဘ်ဆိုက်မှာ
ပြောဆိုတဲ့ အခါ နှိမ့်ချ စော်ကားတဲ့ အသုံးအနှုန်းတွေ ပါဝင်ခဲ့ပါတယ်။ အကျိုးဆက် ကတော့ ယာလာလို ဗာဟာ လုပ်ငန်းခွင် ၀င်ရောက်ခွင့် ပိတ်ပင်ခံရပြီး၊ သူနာပြုဘွဲ့ရယူ ဖို့လည်း မသေချာတော့ ပါဘူး။ ဒေသ တွင်း တာဝန်ရှိသူ တစ်ဦးက ဒီကိစ္စ ကို လုံးဝလက်ခံ သဘောမတူ ပါဘူး။

အရမ်း ၀မ်းနည်းစရာ ကောင်းတဲ့ အဖြစ်အပျက်ကို မလှောင်ပြောင် သင့်ပါဘူး။ လူနာဟာ ငယ်ရွယ်တဲ့ အမျိုး သမီး ဖြစ်ပြီး၊ အမြင့်ပေါ်က ပြုတ် ကျ ပြီးနောက် အရေးပေါ်ခွဲစိတ် ကုသခံယူခဲ့ရပါတယ်။ အခြား ဆရာဝန်
တွေက အသက်ကယ်ဖို့ ကြိုးစားချိန်မှာ ယာလာလိုဗာ ကတော့ ဓာတ်ပုံရိုက်ခံခဲ့ပါတယ်။ သူ့ကို ဒီနေရာမှာ ဘယ်တော့မြင်ရ တော့မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အရေးယူ သွားမှာပါ လို့ ပြောခဲ့ပါတယ်။

messenger

မှတ်ချက်များ