အီဘိုလာ မိဘမဲ့ ကလေး ထောင်ချီ ပစ်ပယ်ခံနေရ
အာဖရိက အနောက်ဘက်ခြမ်း နိုင်ငံတွေ ဖြစ်တဲ့ လိုင်ဘေးရီးယား၊ ဂီနီနဲ့ ဆီရီယာ လီယွန်း နိုင်ငံတွေမှာ ကလေး အရေအတွက် အနည်းဆုံး သုံးထောင့် ခုနစ်ရာဟာ အီဘိုလာ ရောဂါကြောင့် သူတို့ရဲ့ မိဘတစ်ဦး ဒါမှမဟုတ် နှစ်ဦး စလုံးကို ဆုံးရှုံးခဲ့ရတယ်လို့ ကုလသမဂ္ဂက ခန့်မှန်း ပြောဆိုလိုက်ပါတယ်။
အီဘိုလာ ကူးစက်ခံရမှာ စိုးရွံ့မှုတွေ ရှိနေတာကြောင့် ကျန်ရစ်တဲ့ မိဘမဲ့ ကလေးတွေကို ပြုစု စောင့်ရှောက် မယ့်သူ ရှာဖို့အတွက်လည်း အလွန့် အလွန် ခက်ခဲတယ်လို့ ကုလသမဂ္ဂ ကလေးသူငယ်များဆိုင်ရာ ရန်ပုံငွေ အဖွဲ့ ယူနီဆက်ဖ်က ပြောပါတယ်။
ဆေးရုံတွေမှာ မိဘတွေ သေဆုံးပြီး တစ်ကိုယ်တည်း ကျန်ရစ်ခဲ့ကြတဲ့ ကလေးသူငယ်တွေကို တွေ့နေရ တယ် လို့ ယူနီဆက်ဖ်ရဲ့ အဆိုအရ သိရပြီး အခုလို အီဘိုလာ ရောဂါရှင် မိဘတွေရဲ့ ကလေးတွေကို
စောင့်ရှောက်နိုင် မယ့် အစီအစဉ် တစ်ခုကို ဖော်ထုတ်ဖို့ ယူနီဆက်ဖ်က တောင်းဆိုလိုက်ပါတယ်။
တချိန်တည်းမှာပဲ အီဘိုလာ ကူးစက်မှု အန္တရာယ်နဲ့ ကြုံနေရတဲ့ လိုင်ဘေးရီးယား နိုင်ငံကို အမေရိကန် စစ် တပ်က ရွေ့လျား ဓာတ်ခွဲခန်း ၂ ခု ပို့ဆောင်ပေးခဲ့ပါတယ်။
ပုံမှန် အားဖြင့် အီဘိုလာ ဗိုင်းရပ်စ် ရှိမရှိ သိရဖို့ ဓာတ်ခွဲ စမ်းသပ်ရာမှာ ရက်များစွာ ကြာမြင့်နိုင်ပေမယ့် အဲဒီ့
ရွေ့လျား ဓာတ်ခွဲခန်းတွေကတော့ နာရီ အနည်းငယ် အတွင်းမှာ အဖြေထုတ်ပေးနိုင်တယ်လို့ သိရပါတယ်။
BBC

မှတ်ချက်များ