Girls' Generation အဖွဲ့မှ ထုတ်ပယ်ခံရမှု ဂျက်ဆီကာ ဖြေရှင်း
တောင်ကိုရီးယားအမျိုးသမီး အဆိုရှင်အဖွဲ့ဝင်ဟောင်း ဂျက်ဆီကာက အဖွဲ့မှ ရုတ်တရက်ထုတ်ပယ်ခံရမှု အတွက် တရားဝင်ကြေညာချက်တစ်ရပ် ထုတ်ပြန်သည်။
၎င်း၏ ဖက်ရှင်စီးပွားရေး BLANC မှတစ်ဆင့် ထုတ်ပြန်ခဲ့ သော ကြေညာချက်တွင် Girls' Generation အဖွဲ့မှ ထုတ်ပယ်ခံ ရ၍ အလွန်ထိတ်လန့်တုန်လှုပ်ပြီး ၀မ်းနည်းကြောင်း ဂျက်ဆီကာက ပြောသည်။
မိမိ၏ ပုဂ္ဂိုလ်ရေးနှင့် စီးပွားရေးထက် အဖွဲ့၏ လှုပ်ရှားမှုများ ကို ဦးစားပေးခဲ့ပြီး အလုပ်ကြိုးစားခဲ့သော်လည်း အဖွဲ့၏ အေဂျင်စီ SM Entertainment က မိမိကို အဖွဲ့မှ ထွက်ခွာရန် ပြောကြားခဲ့ သည်ဟု ဂျက်ဆီကာက
ပြောသည်။
စက်တင်ဘာ ၂၉ ရက်တွင် အဖွဲ့မှ ထုတ်ပယ်ကြောင်း အသိ ပေးစာပို့ခဲ့ပြီး ယင်းနောက်ပိုင်းလှုပ်ရှားမှုများ၌ မိမိကို ချန်လှပ် ထားခဲ့သည်ဟု ဂျက်ဆီကာက ဖြေရှင်းသည်။
7day

မှတ်ချက်များ