ရွှေထက်တန်ဖိုးကြီးတဲ့ လျှာပိုင်ဆိုင်သူ


ဘော့စနီးယားက အသက် ၇၇ နှစ်အရွယ်အမျိုးသမီးကြီးတစ်ဦးရဲ့ လျှာကို အဖိုးတန်ရွှေနဲ့တောင်တန်ဖိုး မဖြတ်နိုင်တဲ့ လျှာလို့သမုတ်ခေါ်ဝေါ်ကြပါ တယ်။ ဘော့စနီးယားမြောက်ပိုင်း စီရန်ဂျီဗို ရွာလေးတစ်ရွာ မှာနေထိုင်တဲ့ ဟာဗာစီဗီဆိုသူ အမျိုးသမီးက ရွာနီးချုပ်စပ်က သူ့ရဲ့လျှာဖျားလေးနဲ့မျက်စိ ဝေဒနာရှင်တွေ ကိုကုသလာတာ အခုဆိုရင် နှစ်ပေါင်း ၄၀ကျော်တောင်ရှိ ခဲ့ပါပြီ။

ဘယ်လိုမျိုးထိခိုက်မှုတစ်စုံတစ်ရာဖြစ်သွားခဲ့ပါမူ သူမရဲ့လျှာဖျားလေးနဲ့မျက် လုံးသူငယ်အိမ်ကို လျှက်ပေး လိုက်ရင် သက်သာပျောက်ကင်းသွားတယ်လို့ လူနာတိုင်းယုံကြည်ထားကြတယ်။ ဝေဒနာသက်သာစေတဲ့ သူမရဲ့လျှာကို ဘုရားသခင်က ဆုလာဘ်တော်ပေးထားတာဖြစ်တယ်လို့လည်းဆိုကြတယ်။

ဟာဗာစီတီ သူမက ငယ်စဉ်ကလေးဘ၀ကတည်းက သူမရဲ့လျှာနဲ့ပတ်သက် ပြီးထူးခြားတဲ့ စွမ်းရည်တွေကို ခံစားမိခဲ့တာဖြစ်ကာ မျက်စိနာတာ၊ မျက်ရည် ကြည်ခန်းခြောက်တာ၊ အမှိုက်ဝင်ပြီး ထုတ်လို့မရတာတို့ ဖြစ်ခဲ့ ရင် သူမရဲ့ လျှာနဲ့ထိပေးလိုက်ရင် သက်သာပျောက်ကင်းသွားတယ်လို့ အစ်ကိုဖြစ်သူ တွေက လက်တွေ့ခံ စားခဲ့ကြရတယ်လို့ ဆိုပါတယ်။

သူမထံလာရောက်ကုသကြတဲ့ လူနာတွေကိုလည်း ဘယ်လိုအခကြေးငွေကု သစရိတ်မှမယူဘဲ စေတ နာဖြင့်သာ ကုသပေးလျှက်ရှိပါတယ်။ ရွာနီးချုပ်စပ် နေရာတွေအပြင် ဝေးလံခေါင်ဖျားတဲ့နေရာတွေ ဆာ ဂျာဂျီဗို၊ ဇန်နီကာ၊ တာဇ် လာနဲ့ကန်ဂျာ အစရှိတဲ့နေရာတွေက လူနာတွေလည်း လာရောက်ကုသကြ တယ်လို့ သိရပါတယ်။

phothutaw

မှတ်ချက်များ