Facebook က ၄င်း၏မူဝါဒ အပြောင်းအလဲအပေါ် ကြေငြာချက်ထုတ် တောင်းပန်


အသုံးပြုသူများ အနေဖြင့် လူမှုကွန်ရက်ပေါ်တွင် နာမည်အမှန်ဖြင့်သာ အသုံးပြု ရန် လိုအပ်ကြောင်း မူဝါဒချ မှတ်လိုက်ခြင်းနှင့် ပတ်သက်၍ နားလည်မှု လွဲမှား သွားခဲ့ခြင်းသာ ဖြစ်ကြောင်း Facebook က ကြေငြာချက် ထုတ် တောင်းပန် လိုက် သည်။ လွန်ခဲ့သည့်လက မူဝါဒဆိုင်ရာ အပြောင်း အလဲပြုလုပ် ရန် စတင်ခဲ့ သည်။

ယင်းနှင့်ပတ်သက်၍ လိင်တူဆွဲဆောင်မှုရှိသည့် အမျိုးသမီးများ၊ Gay များ၊ ကျား/မ နှစ်မျိုးလုံးကို ဆွဲဆောင် မှုရှိသူများနှင့် လိင်ပြောင်းထားသူများ၏လုံခြုံရေး၊ ကျန်းမာရေးနှင့် လျို့ဝှက်ချက်ဆိုင်ရာ အချက် အလက် များနှင့် အပေးအယူပြုလုပ်ခဲ့ ရမှုများပင် ရှိခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့ပြီးနောက် နာမည်မှန်ဖြင့်သုံးကြရန် Facebook က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ထုတ်ပြန်မှုကို နာမည် ပြောင် အသုံးပြုမှုကြောင့် Facebook accounts အပိတ်ခံခဲ့ရသူများက ဒေါသ တကြီး တုံ့ပြန်ခဲ့ ကြသည်။

ယင်းသို့အပိတ်ခံရသူများထဲတွင် ပြည်တွင်း အကြမ်းဖက်မှုကြောင့် ထွက်ပြေး တိမ်းရှောင်နေရသူများ ၊ ရွှေ့ပြောင်းလုပ်သားများလည်း ပါဝင်ခဲ့ကြသည်။ လူမှုကွန်ရက် သည် ဗုဒ္ဓဟူးနေ့က အခြားအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် ညှိနှိုင်းရန်အတွက် တွေ့ဆုံဆွေးနွေးခဲ့သည်။ ယင်းသို့ တွေ့ဆုံဆွေးနွေးပြီးနောက် ထုတ်လုပ်ရေးအရာရှိချုပ် Chris Cox သည် ၄င်း၏ကိုယ်ပိုင် Facebook Page မှတစ်ဆင့် တောင်းပန် ခဲ့ခြင်း ဖြစ်သည်။

“ဒီလိုမူဝါဒ ပြောင်းလိုက်တဲ့အတွက် ဘယ်လောက်နာကျင်စွာ ခံစားရတယ်ဆိုတာ ကျနော်တို့ နားလည် လာပါတယ်၊ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုနဲ့ ပိုမိုကောင်းမွန် တဲ့ အတွေ့အကြုံတွေ ပေးပါ မယ်၊ Facebook ကို မူလအခြေအနေ အတိုင်း ပြန်သုံးနိုင်အောင် ကြိုးစားသွားပါမယ်လို့” Chris Cox က ၄င်း၏ စာမျက်နှာ တွင် ဖော်ပြထားသည်။

နာမည်အတုနဲ့ Account ဖြစ်ကြောင်း အခြားအသုံးပြုသူတစ်ဦးက အကြောင်းကြား လာချိန် ရောက်မှသာ အဆိုပါ account ကို ဖျက်သိမ်း မည်ဖြစ်ကြောင်းလည်း ၄င်းကဆိုသည်။

“Facebook ပေါ်တွင်ရှိသည့်လူတိုင်းသည် တကယ့်နာမည်ဖြင့် အသုံးပြုရန် လိုအပ်သည်ဟု မဆိုလိုကြောင်း၊ သို့သော် ကျနော်တို့မူဝါဒရဲ့ အနှစ်သာရ ကတော့ နာမည်အမှန်နဲ့ အသုံးပြုတာ ကို လိုလားပါကြောင်းလည်း ၄င်းက ဆက်လက်ရေးသားထားသည်။

“ခင်ဗျားအသုံးပြုတဲ့နာမည်ဟာ ခင်ဗျားရဲ့ Credit Card ၊ ကားမောင်းလိုင်စင် သို့မဟုတ် ကျောင်းသား ကဒ်ပေါ်တွင် အသုံးပြုသည့် နာမည်ဖြစ်သင့်ကြောင်း လည်း ၄င်းကအကြံပြုထား သည်။ ယင်းသို့အ သုံးပြုခြင်းသည် နာမည်အစစ်အမှန်ကို သွယ်ဝိုက်ဖော်ပြရာရောက်ကြောင်း ၄င်းကဆိုသည်။

မည်သို့ပင်ဖြစ်စေ Facebook သည် ၄င်း၏မူဝါဒကို ပြောင်းလဲနေဟန်ရှိသည်။ သို့သော် ပြောင်းလဲ လိုက် သည့် မူဝါဒနှင့် ညိစွန်းနေသည့် Sister Roma ကဲ့သို့သော ပုဂ္ဂိုလ်ကို ၄င်းတို့ မည်သည့် နာမည်ကို ရွေးချယ် သည်ဖြစ်စေ အသုံးပြုခွင့်ပေး မည် ဖြစ်ဟုလည်း ဖော်ပြထားသည်။

Sister Roma သည် Michael Williams’s နာမည်နှင့် Facebook ပေါ်တွင် ပို့စ်များ တင်လျက် ရှိသည်။

“နာမည်အစစ်အမှန်နဲ့ပဲ အသုံးပြုရမယ်ဆိုတဲ့ မူဝါဒမှာလည်း ချို့ယွင်း အားနည်းချက်တွေ ရှိပြီး ကျနော်တို့အ ဖွဲ့အစည်းရဲ့အဖွဲ့ဝင်တွေကို မရည်ရွယ်ဘဲ ထိခိုက်စေခဲ့ပါတယ်ထုတ်ပြန်သည့် ကြေငြာချက်တွင် Chris Cox က ပြောဆိုထားသည်။

MOI Webportal Myanmar

မှတ်ချက်များ