Homsမြို့ စာသင်ကျောင်းမှာ ဗုံးပေါက်၊ ကျောင်းသား ၄၀ ကျော်သေဆုံး


ဆီးရီးယားနိုင်ငံ ​Homs ​မြို့မှာ ​ဗုံးနှစ်လုံး ​ပေါက်ကွဲခဲ့ရာက ​ကလေးငယ် ​အယောက်ပေါင်း ​၃၀ ​ကျော် ​သေဆုံး ခဲ့တယ် ​ဆိုတဲ့ ​သတင်းတွေ ​ထွက်ပေါ်နေပါတယ်။

စာသင်ကျောင်း ​တစ်ကျောင်းမှာ ​ဗုံးပေါက်ကွဲခဲတာကြောင့် ​ကလေးတွေသေဆုံးမှု ​များတာ ​ဖြစ်တယ်လို့ ​အေ ဘီစီ ​သတင်းထောက် ​Matthew ​Carney ​က ​သတင်းပေးပို့ထားပါတယ်။

အသေခံ ​ဗုံးဖောက် ​ခွဲရေးသမား ​တစ်ဦးက ​ပြုလုပ်ခဲ့တာဖြစ်ပြီး ​အဲဒီလူဟာ ​ဗုံးတစ်လုံးကို ​ကျောင်းရဲ့ ​နေရာ တစ်ခုမှာ ​ချထားပြီး ​နောက်ဗုံးတစ်လုံးနဲ့ ​ကိုယ့်ကိုကိုယ် ​အသေခံပြီး ​ဗုံးဖောက်ခွဲ ​ခဲ့တာပါ။

စာသင်ကျောင်းအတွင်း ​ဗုံးပေါက်ကွဲမှုကြောင့် ​အသက် ​၆ ​နှစ်နဲ့ ​၁၂ ​နှစ်အရွယ် ​ကလေးတွေ ​အိမ်ပြန်မယ့်အ ချိန်မှာပဲ ​သေဆုံးခဲ့ရတာ ​ဖြစ်ပါတယ်။

Homs ​မြို့ရဲ့ ​Alawite ​လူမျိုးတွေနေထိုင်ရာ ​Akrameh ​ရပ်ကွက်မှာ ​ဖြစ်ပွားခဲ့တာဖြစ်ပြီး ​အဲဒီဒေသဟာ ​သမ္မ တ ​Bashar ​al ​Assad ​နဲ့ ​လူမျိုးခြင်းတူတဲ့ ​လူတွေ ​အနေများတဲ့ ​ဒေသ ​ဖြစ်တယ်လို့လည်း ​သိရပါတယ်။

ဆီးရီးယား ​အစိုးရကတော့ ​အသက် ​၆ ​နှစ်နဲ့ ​၉ ​နှစ်အကြားက ​ကလေးငယ် ​၃၁ ​ယောက် ​သေဆုံးရတယ်လို့ ​ပြောပါတယ်။

အခုအချိန်အထိ ​ဘယ်အဖွဲ့အစည်းကမှ ​ဒီဗုံးပေါက်ကွဲမှုနဲ့ ​ပတ်သက်ပြီး ​တာဝန်ယူမှုတွေ ​မရှိသေးပါဘူး။

အရင်တုန်းကတော့ ​အခုလို ​ဆင်တူတဲ့ ​ဗုံးဖောက်ခွဲမှုကို ​Al ​Qaeda ​အဖွဲ့နဲ့ ​ဆက်နွယ်တဲ့ ​Nusra ​Front ​အဖွဲ့က ​ပြုလုပ်ခဲ့ဖူးပါတယ်။

ABC Radio Australia

မှတ်ချက်များ