POND'S အလှကုန်ပစ္စည်းသစ် မိတ်ဆက်ဟုဆိုကာ လိုက်လံလိမ်လည်ရောင်းချနေ
POND'S အလှကုန် ပစ္စည်းသစ်မိတ် ဆက် ကိုယ်စားလှယ်ရှာ သည်ဟု ဆိုကာ ဈေးနှုန်း ကြီးမြင့်စွာဖြင့် ရပ်ကွက်များ အတွင်းရှိ အလှကုန် ပစ္စည်း အရောင်း ဆိုင်များတွင် လိမ်လည် ရောင်းချ နေကြောင်း ၀ယ်ယူ မိသူများက News Watch ဂျာနယ်သို့ ပြောသည်။
အဆိုပါ ကုန်ပစ္စည်းများကို တာမွေ၊သာကေတ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊မရမ်းကုန်းမြို့နယ်များတွင် ငွေကြေး
သိန်းဂဏန်းနှင့် ချီ၍ လိမ်လည် ရောင်းချနေခြင်း ဖြစ်ကြောင်း လိမ်လည်ခံခဲ့ရသည့် ကာယကံရှင်များက
ပြော သည်။
“POND'S ကုမ္ဗဏီက ပရိုမိုးရှင်း လေးနှစ်တကြိမ်လုပ်လေ့ရှိတယ်။ အခု ကုန် ပစ္စည်းသစ်မိတ်ဆက်ကိုယ် စားလှယ်ရှာတာ ပါလို့ပြောပြီး တမျိုး၊ တဒါဇင်နဲ့ ၆ ဒါဇင် ယူရင် ဆိုင်းဘုတ်လုပ်ပေးမယ်၊ ၀ယ်ထားတဲ့ ပိုက် ဆံကို ၁၂ ရက်အတွင်း ပြန်ပေး မယ်ပြောတယ်၊ နောက်ပစ္စည်းယူပြီးမှ ပိုက်ဆံပေး ပုံစံ၊ ပါကင်ကို ဖောက်စစ် တဲ့အခါမှ ကုန်ပစ္စည်းတွေက အကုန်လုံးဈေးကွက်ထဲမှာ ရှိပြီးသား တန်ဖိုးနည်းပစ္စည်းတွေဖြစ် နေတယ်၊ Fair and Lovely တွေပါတယ်၊ ကိုရီးယားတံဆိပ်၊ ယိုးဒယားတံဆိပ်နဲ့ တန်ဖိုးနည်း အလှကုန်တွေချည်းပဲဖြစ်နေ တယ် ၊ ဘောက်ချာထဲမှာ သူတို့ထည့်ထားတဲ့ ဆက်သွယ်ရမယ့်ဖုန်းနံပါတ်ကလည်း အမှားတွေနဲ့ လုံးဝဆက် ပိတ်ထားတဲ့ ဖုန်းတွေဖြစ်နေတယ်”ဟု အဆိုပါ အလှကုန် သုံးသိန်းသုံးသောင်းဖိုးဝယ်ယူခဲ့သူ တောင်ဒဂုံမှ မသူသူအောင်က ဆိုသည်။
ဆက်လက်၍ သာကေတမြို့နယ်မှ ကျပ်နှစ်သိန်းကျော်ဖိုးရှိ အလှကုန်များ ၀ယ်ယူခဲ့သည့် အလှကုန်ပစ္စည်း ဆိုင်တဆိုင်ကလည်း အဆိုပါဖြစ်စဉ်များနှင့်စပ်လျဉ်း၍ POND’S Co.Ltd ရုံးချုပ်သို့ ဆက်သွယ်မေးမြန်းရာ ကုမ္ပဏီမှ သိရှိခဲ့ခြင်းမရှိကြောင်းနှင့် ယင်းကဲ့သို့ အစီအစဉ်များ ကုမ္ဗဏီမှ ပြုလုပ်ခြင်းမရှိဟု ပြန်လည်ဖြေ ကြားပေးခဲ့ကြောင်း ပြောသည်။
ယင်းကဲ့သို့ ကုန်ပစ္စည်းများ လိုက်လံရောင်းချရာတွင် ကုမ္ဗဏီအမှတ်တံဆိပ်ပါ ဗီနိုင်းဆိုင်းဘုတ်ကို မားကတ် တင်းကား ပေါ်တွင် ချိတ်ဆွဲ၍ လူသုံးဦးက ယူနီဖောင်းဝတ်ကာ လိုက်လံလိမ်လည်နေခြင်းဖြစ်ကြောင်း သိရ သည်။
သူရမင်းဇော် | News Watch

မှတ်ချက်များ