ဆောင်းတွင်းအတွက် အရာသာရှိတဲ့ တောင်ပေါ်ငါးထမင်းနယ်


ဟင်းချက်တယ်ဆိုတာ အိမ်ရှင်မတွေအတွက် နေ့စဉ် လုပ်ရိုးလုပ်စဉ် အလုပ်တခု ဖြစ်လို့ ဘာမှ မထူးခြားပါ ဘူးလို့ ထင်နိုင်ပေမယ့် တကယ့်ကို ဟင်းချက်ဝါသနာ ပါသူတွေ အတွက်ကတော့ ဟင်းချက်ခြင်းဟာ အနုပ ညာတခုလိုပါပဲ။ ကပြက်ကချော် ချက်လိုက်တဲ့ ဟင်းတခွက်၊ အစပ်အဟပ် မတည့်တဲ့ ဟင်းတခွက်ကြောင့် ထမင်းပွဲမှာ စိတ်ညစ်ညူးရသလို၊ စနစ်တကျနဲ့ အနုပညာဆန်ဆန် ချက်ပြုတ်လိုက်တဲ့ ဟင်းတခွက်ကြောင့် လည်း တသက်လုံးစွဲအောင် ပြောမဆုံး ဖြစ်ရတတ်ပါတယ်။

ဟင်းချက်တာဟာ အမျိုးသမီးတွေရဲ့ အလုပ်လို့ တချို့က ထင်တတ်ပေမယ့် တကယ်တော့ အမျိုးသမီးရယ်၊ အမျိုးသားရယ်မဟုတ်ဘဲ ဝါသနာပါသူတိုင်းအတွက်တော့ စွဲလမ်းပျော်ရွှင်စရာကောင်းတဲ့ အလုပ်တခု ဖြစ် ပါတယ်။ ဒါကြောင့်ရဲ့ ဧရာဝတီရဲ့ အနုပညာကဏ္ဍမှာ ဟင်းချက်ခြင်း အနုပညာကို စာဖတ်သူတွေ စနေ အားလပ်ရက်မှာ ဖတ်ရှုလေ့လာနိုင်အောင် ချက်နည်းပြုတ်နည်း တမျိုးကို ဖော်ပြပေးလိုက်ပါတယ်။ လျှာ ရင်းမြက်အောင် ဘာဟင်းချက်ရလဲ စဉ်းစားနေသူတွေ အတွက်ကော၊ နိုင်ငံတကာမှာ ဘာကြောင့် ဒီဟင်း
တွေဟာ နာမည်ကြီး ထိုးဖောက် နိုင်တာလဲဆိုတာပါ သိရှိနိုင်ဖို့ ရည်ရွယ်ပါတယ်။ (အယ်ဒီတာ)

မြောက်ပြန်လေညင်း တိုက်ခတ်တဲ့ ဆောင်းတွင်းကာလမျိုးဆို ကျနော်တို့ တောင်ပေါ်ဒေသမှာ ဟင်းသီးဟင်း ရွက်၊ သစ်သီးသစ်နှံတွေ ပေါများလှသလို၊ အဲဒီအသီးအရွက်တွေပေါ် မူတည်ပြီး ဒေသကြိုက် ရာသီစာလေး
တွေကို တည်ခင်း စားသောက်လေ့ ရှိကြပါတယ် …။

ဒီတပတ်မှာတော့ တောင်ပေါ်ရာသီစာဖြစ်တဲ့ ငါးထမင်းနယ်လေး အကြောင်း တင်ဆက်လိုက်ပါတယ်။ ဒီအချိန်ဆို ဂျူးမြစ်၊ နံနံ၊ ခရမ်းချဉ်သီးတွေကလည်း ပေါကြွယ်ဝပြီ မဟုတ်ပါလား။

အခုဖတ်ပြီးမှ တက်သုတ်ရိုက် စီစဉ်မယ်ဆိုရင်တောင် ပါဝင်ပစ္စည်း အလွယ်တကူ ရနိုင်တာရယ်၊ ချက်ပြုတ် နည်း မခက်ခဲတာကြောင့် အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

ငါးထမင်းနယ်အတွက် ပါဝင်ပစ္စည်းများ

ရှမ်းဆန် – နို့ဆီဘူး ၄ ဘူး
နှစ်သက်ရာငါး – ၄၀ ကျပ်သား
ခရမ်းချဉ်သီး (ကိုင်းသီး) – ၃၀ ကျပ်သား
အာလူး – ၂၀ ကျပ်သား
ရှမ်းပဲပုပ်ပြား – ၆ ချပ်
ဆား၊ ပာင်းခတ်မှုန့် – သင့်ရုံ

တွဲဖက်စားရန်

ကြက်သွန်ဖြူ – ၁၀ တက် (ထောင်းပြီး နနွင်းမှုန့်နဲ့ ဆီသတ်ထားရန်)
ငရုတ်သီးခြောက်တောင့်ကြော်
ဂျူးမြစ်၊ ဆလတ်ရွက်
မြေပဲကြော်
တို့ပာူးကြော် (သို့) တို့ပာူးခြောက်ကြော်
ပာင်းချိုရည်တမျိုး

ပထမဆုံး ထမင်းကို အနေတော်ဖြစ်အောင် ချက်ပြီး အအေးခံထားပါ …။

ငါးကို ရေဆေးသန့်စင်ပြီး ဆား၊ ဟင်းခတ်မှုန့်နဲ့နယ်ကာ ရေအနည်းငယ်ထည့်ပြီး ခမ်းအောင် ပြုတ်ပါ။ အအေးခံပြီး အသားချည်းပဲ နွှင်ယူထားပါ။

အားလူးကိုပြုတ်၊ အခွံခွာပြီး ပါးပါး (သို့မဟုတ်) ကြေအောင် လှီးထားပါ …။

ခရမ်းချဉ်သီးကို နနွင်းမှုန့် အရောင်တင်ထည့်ပြီး ရေပါတယ် ဆိုရုံလောက်လေးနဲ့ ပြုတ်ကာ ဆန်ခါတခုနဲ့ အနှစ်တိုက်ယူထားပါ …။

ရှမ်းပဲပုပ်ပြားကို မီးအေးအေး (သို့မဟုတ်) ပေါင်မုန့်ကင်တဲ့စက်မှာ အနိမ့်ဆုံး အပူချိန်နဲ့ မီးဖုတ်ပြီး မှုန့်နေ
အောင် ထောင်းထားပါ။

ဒါတွေအားလုံး အဆင်သင့်လည်းဖြစ်၊ တွဲဖက်စားသုံးမယ့် အရာတွေလည်း အဆင်သင့်ဖြစ်ပြီ ဆိုရင်တော့ ငါးထမင်းနယ်လို့ ရပါပြီ။

ဇလုံကြီးကြီး တလုံးမှာ ပါဝင်ပစ္စည်းအားလုံးကို ရောထည့်ပြီး ဆား၊ ပာင်းခတ်မှုန့် အနည်းငယ်တို့နဲ့ အရသာ
ဖြည့်ပြီး … နှံ့နေအောင် နယ်ပေးရပါမယ်…။

ကလေး လက်သီးဆုပ်အရွယ် ထမင်းလုံးလေးတွေလုံးပြီး မသိမသာ ပြန်ဖိပေးကာ ငှက်ပျောဖက် ခင်းထား တဲ့ ပန်းကန်ထဲမှာထည့်၊ ကြက်သွန်ဖြူဆီချက်လေး ဆမ်းလို့ ဟင်းခါးပူပူ တမျိုးမျိုး အပါအဝင် တွဲဖက် ပစ္စည်းများနဲ့အတူ သုံးဆောင်လို့ ရပါပြီ …။

ဝင်းနိုင်သိန်း | ဧရာဝတီ

မှတ်ချက်များ