၂၀၁၃ အကယ်ဒမီပေးပွဲကို အရင်နှစ်တွေနဲ့မတူတဲ့ ဖန် တီးပုံဖော်မှုအသစ်တွေနဲ့ သိုက်သိုက်ဝန်းဝန်း ကျင်း ပခဲ့ တဲ့ အန်ကယ်လေးက သူကိုယ်တိုင် စိတ်ရောလူပါ ပင် ပန်းခံ စီစဉ်ထားတဲ့ ၂၀၁၃ အကယ်ဒမီရဲ့ ဂယက်တွေနဲ့
ပတ်သက်ပြီး “ပွဲအပြင်အဆင်နဲ့ပတ်သတ်ပြီးတော့ လပေါင်းများစွာ အချိန်ကုန်ခံ ကြိုးစားခဲ့တယ်။ ပွဲအပြင်အ ဆင်ပိုင်းနဲ့ပတ်သတ်ပြီ့း ကျေနပ်မှုရှိပါတယ်။
အရင်နှစ်တွေနဲ့မတူအောင်လဲ ဖန်တီးတင်ဆက်မှု အပိုင်းတွေကို အကောင်းဆုံး ကြိုးစားထားတဲ့အတွက်
ကျေနပ်တယ်။ ဒါပေမဲ့ အမျိုးသားဇာတ်ဆောင်ဆု ကြေ ညာခါနီးအထိကို ဥက္ကဌ လို့ ခေါ်မလားဆိုတဲ့ အ
တွေးလေးတော့ ရှိနေသေးတယ်။ ဒါပေမဲ့ မရတာပဲ ကံကောင်းပါသေးတယ်။ ဘာလို့လဲဆိုတော့ အစည်း အရုံးက ပထမဆုံးလုပ်တဲ့ ပွဲမှာ ရတဲ့ ဇာတ်ဆောင်ဆုက ဥက္ကဌ ဆိုရင် အသံတွေ ထပ်ထွက်ဦးမှာ ကျိန်းသေ တယ်။ မရတဲ့ အပိုင်းက ဥက္ကဌဖြစ်လို့ဆိုတာနဲ့တော့ မဆိုင်ဘူး ထင်ပါတယ်။ သေချာတယ်။ ဆုရွေးချယ်ရေးအဖွဲ့ကလဲ အဲ့လိုတော့ တွေးမယ်မထင်ပါဘူး။
ဘာကြောင့်လဲဆိုတော့ ဥက္ကဌ ကိုယ်တိုင် ကလဲ ဒီလောကထဲက လောကသားတစ်ယောက်ပဲဆိုတော့လေ။
အကယ်ဒမီဆုအပေါ်ကို မျှော်လင့်ခွင့်၊ ရင်ခုန်ခွင့်ရှိပါတယ်။ ကိုယ်ဆိုရင်လဲ တကယ်ကို မျှော်လင့်တာပါ။ ကိုယ်ဟန်ဆောင်ပြီး ပြောတာမဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒီကားမှာ ကိုယ်က အသက်အရွယ် အ မျိုးမျိုးကို အိုက်တင်အမျိုးမျိုးတွေနဲ့ ကိုယ်လုပ်ထားရတာ။ ဒီမျက်နှာက မွှေးညှင်းလေးတွေ ထောင်သွား တဲ့အထိကို ကိုယ်လုပ်ထားတာ။ တော်တော်ခက်တဲ့ အိုက်တင်မျိုး။ သားက တပ်ထဲဝင်မယ်ဆိုတာကို သိ လိုက်တဲ့အချိန် ရိုက်တဲ့ ကင်မရာကကောင်းတော့ မွှေးညှင်းလေးတွေ ထောင်သွားတာကအစ ပေါ်တယ်။
အရမ်းဝမ်းသာသွားပြီး မျက်နှာတစ်ခုလုံး ဖြန်းခနဲဖြစ်သွားတဲ့ အိုက်တင်မျိုးအထိ ကိုယ်ကြိုးစားထားတယ်။ ပြီးတော့ အသက်အရွယ်အလိုက် လေယူလေသိမ်းကအစ ၊ အ၀တ်အစား၊ ထိုင်တာထတာအစ ကိုယ်အ ရမ်းကြိုးစားထားတော့ ကိုယ်မျှော်လင့်ခဲ့တာ။ ဒါပေမဲ့ ကံတရားပဲ ပုံချလိုက်ကြပါစို့။ ဆုမရတာနဲ့ပတ်သတ် ပြီး ကိုယ်ကတော့ စိတ်ခံစားချက်နှစ်မျိုးကို ခံစားရတယ်။ ဒီလိုပွဲကြီးကိုလဲ ကိုယ်စိတ်ပူတယ်။ ကိုယ်တို့ပထမ ဆုံးလုပ်ခွင့်ရတဲ့ပွဲမှာ အရှက်ကွဲလို့မဖြစ်ဘူး။ မခမ်းနားလို့ မဖြစ်ဘူး။
နဂိုကတည်းကမှ လောကသား အချင်းချင်းက လက်ညိုးတွေထိုးပြီးတော့ ကိုယ့်ဟာကိုယ် လုပ်ရင်ပဲ သေး
နုတ်သိမ်ငယ်သွားမလိုလို နိုင်ငံတော်အဆင့် မဟုတ်တော့သလိုလို ပြောနေကြတော့ ပွဲကြီးကိုပဲ ကိုယ်စိတ် ပူတယ်။ ပွဲကြီးကိုပဲ ခမ်းခမ်းနားနားဖြစ်စေချင်တဲ့ စေတနာဇောက ပိုကြီးနေတယ်။ ဒါပေမဲ့လဲ ဖြေတွေးတွေး ရမယ်ဆိုရင်တော့ ကိုယ်မရလိုက်တာကပဲ တစ်မျိုးတော့ကောင်းပါတယ်။ ကိုယ့်စေတနာတွေ မပွန်းတော့ ဘူးပေါ့။
ဒါပေမဲ့လဲ ကိုယ့်အနုပညာတွက်က ကိုယ်စိတ်လုံတယ်။ လိပ်ပြာသန့်တယ်။ ဒါပေမဲ့လဲ မရလိုက်တဲ့တွက်
တော့လဲ တစ်နည်းနဲ့တော့ဖြေသာပါတယ်။ ဒီနှစ်ကိုယ်ဒီလောက် လုပ်နိုင်တယ် ဆိုတာလဲ မနှစ်က အတွေ့ အကြုံတွေက ကိုယ့်ကို အကောင်းဆုံးသင်ပြပေးသွားတာပေါ့။ ဒီနှစ်မှာလဲ အရမ်းကြိုးစားပြီး အပင်ပန်းခံခဲ့ တယ်။ အမှုန်လေးတွေကအစ ကြယ်မှုန်လေးတွေဖြစ်ရမယ်ဆိုတဲ့အထိ ကိုယ်ဂျီးများခဲ့တယ်။ အဲ့ဒီတွက် ကိုယ်ပီတိလေးတွေ စားလိုက်ရတယ်ပေါ့။ အချို့သော ဆုတွေ မပေးခဲ့တဲ့အပိုင်းကတော့ဆုပေးတာကတော့ သူ့စည်းမျဉ်းစည်းကမ်းနဲ့ရှိတာပေါ့နော်။
နောက်ပြီး တစ်ယောက်တည်းကလဲ ရွေးချယ်တာမဟုတ်ဘူး။ အနုပညာရှင်၊ အတတ်ပညာရှင်တွေ အားလုံး
ရွေးချယ်ပေးတာဆိုတော့ ဒီအပေါ်မှာတော့ ကိုယ်သံသယမရှိပါဘူး။ ကိုယ်ဖြစ်ချင်တာကတော့ ရှိသမျှဆုတွေ အကုန်ပေးချင်တာပေါနော့်။
ဒါပေမဲ့လဲ ဒီဆုရွေးချယ်ရေးအဖွဲ့က သေချာစိစစ်ရွေးချယ်တယ်လို့ ကိုယ်မြင်တယ်။ နောင်နှစ်တွေတော့ ဒီလိုမဖြစ်အောင်သူတို့ဖက်ကအတတ်နိုင်ဆုံးဆုတွေကို ရွေးချယ်ပေးသွားမယ်လို့အစည်းအဝေး မှာပြော သွားတာပဲ” လို့ လူမင်းက ဖြေကြားပေးခဲ့ပါတယ်။
Trend Myanmar

မှတ်ချက်များ