အိန္ဒိယပြည်သူ့ရေးရာ အရာ ရှိတစ်ယောက်သည် လွန်ခဲ့သော ၂၄ နှစ်က ခွင့်ယူခဲ့ပြီး အလုပ်ခွင်သို့ မည် သည့်အခါမှ ပြန်မလာသော ကြောင့် အလုပ်
ဖြုတ်ခံရကြောင်း မြို့ ပြဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာ နက ဆိုသည်။
ဆယ်စုနှစ်တစ်စု အစောပိုင်း ၌ ဗဟိုပြည်သူ့လုပ် ငန်းဌာန (CPWD) တွင်အလုပ်ရခဲ့ပြီးနောက်လက်
ထောက်အမှုဆောင်အင်ဂျင်နီယာ အေကေဗာမာ သည် ၁၉၉ဝပြည့်နှစ် ၌ ခွင့်ယူခဲ့ကြောင်း သိရသည်။
ဗာမာသည် ယခင်ယူခဲ့သည့် ခွင့်နှင့်တစ်ဆက်တည်း ခံစားခွင့်ပြုရန် နောက်ထပ်ခွင့်တင်ခဲ့သေးသည်။ သို့ သော် သူ၏နောက်ထပ်တင်သောခွင့် ကို ရုံးကငြင်းပယ်လိုက်ပြီး အလုပ် ခွင်သို့ ပြန်လည်ဝင်ရောက်ရန် သူ၏ အထက်အရာရှိက အမိန့်ထုတ်လိုက် သည်။ သို့သော် သူသည် အထက် အရာရှိ၏အမိန့်ကို အာခံ လျက် ရုံး သို့ ပြန်မသွားဘဲ နေခဲ့သည်။
ဗာမာသည် ထပ်မံ၍ခွင့်ယူရန် ကြိုးပမ်းလျက်ရှိသည်။ သို့ရာတွင် သူ၏ ခွင့်တင်ခြင်းကို ရုံးကခွင့်မပြု ချေ။ သူသည် လုပ်ငန်းခွင်သို့ သတင်း ပို့ရန် ညွှန်ကြားသည်ကို အာခံနေခဲ့ သည်ဟု အစိုးရက ဇန်နဝါရီ ၈ရက် ထုတ် ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
ဗာမာကို ဌာနဆိုင်ရာ စုံစမ်း စစ်ဆေးမှုပြုလုပ်ခဲ့ရာ သူသည် ၁၉၉၂ ခုနှစ်၌ အလုပ်ခွင်သို့ဝင်ရန် တမင် သက် သက်ပျက် ကွက်ခြင်းအတွက် အပြစ်ရှိသည်ကို တွေ့ရှိခဲ့သည်။ သူ သည် နောက်ထပ် ၂၂နှစ်တိုင်တိုင် ခွင့်မဲ့ ပျက်ကွက်နေခဲ့သည်။
သို့ဖြစ်၍ ဗာမာကို အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ် ဦးက အလုပ်မှ ထုတ်ပစ်လိုက်သည် ဟု အစိုးရက ဆိုသည်။ ဗာမာကို အလုပ်မှ ထုတ်ပစ်လိုက် ကြောင်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဝန် ကြီး အမ်ဗင်ကိုင်အနိုင်ဒူးက အမိန့် ထုတ်လိုက်သည်။
CPWD ၏ လုပ် ငန်း သွက်လက်ထက်မျက်ပြီး ထိရောက် စေရန်နှင့် ဝန်ထမ်းများ တာဝန်သိ တတ်စေရန် စံပြအဖြစ် ဗာမာကို အလုပ်ထုတ်ပစ်ခြင်းဖြစ်သည်ဟု ဆို သည်။
ဒီမိုကရေစီတူဒေး

မှတ်ချက်များ