ဒီတစ်ခေါက်မိတ်ဆက် ပေးချင်တဲ့ဇာတ်လမ်းကတော့ ယိုးဒယားဟာသဇာတ်လမ်းတစ်ခုဖြစ်တဲ့ I Fine…
Thank You..Love You ပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးဟာတော့ အင်္ဂလိပ်သင်ယူဖို့ ကြိုးစားနေတဲ့ အမျိုး သားတစ်ဦးနဲ့ အင်္ဂလိပ်စာဆရာမလေးတစ်ယောက်ရဲ့ အဖြစ်အပျက်ကို အခြေခံရိုက်ကူးထားပါတယ်။
ဇာတ်လမ်းရဲ့ အစမှာတော့ Gym လို့ခေါ်တဲ့ ကောင်လေးဟာ Kaya လို့ခေါ်တဲ့ သူ့ရဲ့ ဂျပန် ကောင်မလေးနဲ့ လမ်းခွဲလိုက်ရပါတယ်။ ဂျပန် ကောင်မလေးဟာ Plengလို့ခေါ်တဲ့ အင်္ဂလိပ်စာဆရာမလေးရဲ့ သင်ကြားမှုနဲ့ အင်တာဗျူး အောင်မြင်ပြီး အမေရိကမှာ အလုပ်လုပ်ခွင့်ရခဲ့တဲ့အတွက် သူ့ရဲ့ ချစ်သူကောင်လေး Gym ကို လမ်းခွဲခဲ့ပါတယ်။ Gym နဲ့ ဂျပန် ကောင်မလေးဟာ ချစ်သူတွေဖြစ်နေကြပေမယ့်လည်း တစ်ယောက်နဲ့ တစ်ယောက် စကားပြောရင် နားမလည်ခဲ့ကြပါဘူး။ ဒါကြောင့် လမ်းခွဲစကားပြောရာမှာလည်း အင်္ဂလိပ် လို အသံသွင်းထားပြီး Plengကို ဘာသာပြန်ပြောကြားစေခဲ့ရာမှ Plengနဲ့ Gym တို့ စတင်တွေ့ဆုံခဲ့ကြပါတယ်။
အဲဒီနောက်မှာတော့ Gym ဟာ Plengကို အင်္ဂလိပ်စာသင်ပေးဖို့ အကူအညီတောင်းပါတော့တယ်။ Pleng ဟာလည်း Gym ကို လအနည်းငယ် အတွင်း အမေရိကသွားနိုင်ဖို့ အင်တာဗျုးဖြေရာမှ အဆင်ပြေစေရန် အလွယ်နည်းတွေနဲ့ ထိရောက်စွာ သင်ကြားပေးခဲ့ပါတယ်။ Plengရဲ့ အင်္ဂလိပ်စာသင်တန်းကျောင်းမှာလည်း
Plenကို ကြိုက်နှစ်သက်နေတဲ့ ကျောင်းသားတစ်ယောက်ကလည်း Plengကို ကဗျာဆန်ဆန် ချဉ်းကပ်ခဲ့ပါ တယ်။
Plengက အစပိုင်းမှာ စိတ်ဝင်စားခဲ့ပေမယ့် ပိုက်ဆံချမ်းသာတဲ့ ကျောင်းသားရဲ့ ပိုက်ဆံအသုံးပြုပြီး ကဗျာ ဆန်ဆန် ချဉ်းကပ်ခဲ့မှုကို စိတ်ပျက်လာခဲ့ပါတယ်။ တစ်ဖြည်းဖြည်း အနေနီးလားတဲ့ Gym ကိုပိုမို စိတ်ဝင်စား မိလာပါတယ်။ Gym ကလည်း Kaya ကိုချစ်နေသေးတဲ့အတွက် အမေရိကကို လိုက်သွားချင်ခဲ့ပေမယ့် တစ်ကယ်တမ်းမှာတော့ Plengကို စိတ်ဝင်စားနေတဲ့ အကြောင်းတွေကို ဟာသဆန်ဆန် ရိုက်ကူးထားတဲ့ ဒါရိုက်တာကတော့ MezTharatonဖြစ်ပါတယ်။ PuttachatPongsuchat ၊ PreechayaPongthananikorn ၊ Sunny Suwanmethenon တို့က အဓိကသရုပ်ဆောင်ပေးထားပါတယ်။
Trend Myanmar

မှတ်ချက်များ