ကလေးငယ်ကိုသတ်သည့် အမျိုးသမီးကို ဆော်ဒီတွင် သေဒဏ်စီရင်


ကလေးငယ်တဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ အမျိုးသမီးကို ခေါင်းဖြတ်စီရင်ပြီး ပြီလို့ ဆော်ဒီ အာရေဗီးယား တာဝန်ရှိ သူတွေက ဇန်န၀ါရီလ ၁၂ ရက်နေ့မှာ ကြေညာပါတယ်။

စီရင်ချက်ချမှတ်ခံရသူ အမျိုးသမီးဟာ အဗ္ဗဒူမူတာလက် ဘာဆင် ဖြစ်ပြီး ခင်ပွန်းသည်ရဲ့ အသက် ၆ နှစ်အ ရွယ် ကလေးကိုသတ်လို့ စီရင်တာလို့ ဆော်ဒီသတင်းတွေကို ကိုးကားပြီး အေအက်ဖ်ပီသတင်းက ရေးပါ တယ်။ ဒီစီရင်မှုဟာ ဒီနှစ် ၁၂ ရက်အတွင်း ၇ ဦးမြောက် သေဒဏ်စီရင်ခံရမှု ဖြစ်တယ်လို့ ဆိုပါတယ်။

သေဒဏ်စီရင်ခံရသူဟာဟာ မြန်မာနိုင်ငံသားဖြစ်တယ်လို့ ဆော်ဒီအာဏာပိုင်တွေက ပြောပေမယ့် ဆော်ဒီအ
ခြေစိုက် မြန်မာသံရုံးကတော့ နိုင်ငံကူးလက်မှတ်မတွေ့ရတဲ့အတွက် အတည်မပြုနိုင်ဘူးလို့ ဆိုပါတယ်။

ဆော်ဒီနိုင်ငံမှာ မုဒိမ်းမှု၊ လူသတ်မှု၊ လက်နက်ကိုင် လုယက်မှု၊ ယုံကြည်ကိုးကွယ်တဲ့ ဘာသာကို စွန့်ပစ်မှုနဲ့ မူးယစ်ဆေး မှောင်ခိုမှုတွေဆိုရင် သေဒဏ်ပြစ်ဒဏ်ပေးလေ့ရှိပြီး မနှစ်က ၈၇ ဦးကို စီရင်ခဲ့တယ်လို့ ဆိုပါ တယ်။

အီရန်၊ အီရတ်ပြီးရင်တော့ ဆော်ဒီအာရေဗီးယား တတိယမြောက် အများဆုံးသေဒဏ် စီရင်တဲ့ နိုင်ငံဖြစ် တယ်လို့လည်း သတင်းတွေမှာ ဖော်ပြပါတယ်။

DVB

မှတ်ချက်များ