ပါရီက အလိုရှိနေသော အမျိုးသမီးတစ်ဦး ဆီးရီးယားနိုင်ငံထဲ ၀င်ရောက်


မကြာသေးမီက ဖြစ်ပွားခဲ့သည့် ပါရီမြို့အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ဆက်နွှယ်မှုရှိသည်ဟု သံသယရှိ သည့် အမျိုးသမီးတစ်ဦးသည် ဇန်န၀ါရီလ ၈ရက်နေ့က ဆီးရီးယားနိုင်ငံထဲသို့ ၀င်ရောက်ခဲ့ ကြောင်း တူရ ကီနိုင်ငံခြားရေးဝန်ကြီး မက်ဗိလုဒ်ကာ ဗူဆိုဂလုဒ်က ဇန်န၀ါရီ ၁၂ရက်တွင် ပြောကြား သည်။

ပါရီမြို့ရှိ ကုန်ပဒေသတိုက်တစ်ခုတွင် ဇန်န၀ါရီ ၉ရက်က ဓားစာခံလေးဦးအားသတ်ဖြတ်ခဲ့သူ အာမီဒီကိုဘီ ဘာလီရဲ့ အမျိုးသမီးဖြစ်သူဟာ ယက်ဗောင်မီဒင်းသည် ဆီးရီးယားနိုင်ငံထဲသို့ မ၀င်ရောက်ခင် ဇန်န၀ါရီ ၂ရက်က မက်ဒရစ်မြို့မှ တူရကီနိုင်ငံသိုရောက်ရှိလာခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး၏ အဆိုကို နိုင်ငံပိုင်သ တင်းအေဂျင်စီဖြစ်သည့် အနာဒိုလူကသတင်း ဖော်ပြ သည်။

၎င်းသည် တူရကီနိုင်ငံသို့ ရောက်ရှိချိန်က အစ္စတန်ဘူလ်မြို့ ဟိုတယ်တစ်ခုတွင် တည်ခိုခဲ့ကြောင်း နိုင် ငံခြားရေးဝန်ကြီးက ထပ်မံပြောကြားသည်။

ပါရီမြိုရှိ အကြမ်းဖက်တိုက်ခိုက်မှုမှာ သေနတ်သမားများက မဂ္ဂဇင်းတိုက်တစ်ခုကို စီးနင်းတိုက်ခိုက် ပြီး လူ ၁၂ဦး သေဆုံးခဲ့ပြီးနောက် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့ဝင်များက ကိုလီဘာလီဖမ်းဆီးထားသည့် ဓားစာခံ၁၅ဦးကို ကယ်တင်နိုင်ခဲ့သည်။


Myanmaalinn


မှတ်ချက်များ